ပင်လယ်ကမ်းစပ်မှာ သောင်တင်နေတဲ့ လင်းပိုင်သားအမိတို့အား အသက်အန္တရာယ်ဘေးမှ ကယ်တင်ပေးရန် ခက်ခဲစွာ ရုန်းကန်ခဲ့ကြတဲ့ ဆယ်ကျော်သက်ကျောင်းသားတစ်စု

တစ်ခါတစ်ရံ ပင်လယ်ကမ်းစပ်မှာ စူးစမ်းလိုတဲ့ရေနေသတ္တဝါများကို သင် မြင်လျှင် ၎င်းရေနေသတ္တဝါများဟာ သေခြင်းတရားကို ထိပ်တိုက်ကြုံတွေ့နေကြရလို့ပါဘဲ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ 15 ရက်နေ့၌ ဩစတြေးလျနိုင်ငံ Cherbourg မြို့ရှိ Daniel Rigolet ရေကြောင်းနှင့်ငါးမွေးမြူရေးကျောင်းမှကျောင်းသားကျောင်းသူတစ်စုက Saint-Vaast-la-Hougue ကမ်းခြေမှာ သောင်တင်နေတဲ့ လင်းပိုင်သားအမိတို့ကို ကယ်တင်ပေးခဲ့ကြပါတယ်။ သူမရဲ့ကလေးအပါအဝင် ထိုလင်းပိုင်သားအမိတို့ကိုမြင်တွေ့ခဲ့စဉ်က အဆိုပါ ဒုတိယနှစ် ကျောင်းသူကျောင်းသားလေးများဟာ ကမာကောင်မွေးမြူရေးအဆောက်အအုံတစ်ခုမှာ လက်တွေ့ဆင်းနေခဲ့ကြတာပါ။

.

ထိုလင်းပိုင်မကြီးရဲ့ အနေအထားက သိသိသာသာ စိတ်မသက်မသာဖြစ်နေသလို အထူးသဖြင့် မိခင်ဖြစ်သူက အရမ်းကို ခံစားနေခဲ့ရပါတယ်။ ဒါ့ကြောင့် ၎င်းတို့က ထိုမိခင်လင်းပိုင်မကြီးကို ရေနစ်ခြင်းမှကာကွယ်ရန် ၎င်းရဲ့လေဝင်ပေါက်မှတစ်ဆင့် ရေအချို့ကို ပေးဝေခဲ့ရပြီး ၎င်းတို့အား ပင်လယ်ထဲသို့ပြန်လည်ပို့ဆောင်ရန် စီစဉ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ထိခိုက်မှု တစ်စုံတစ်ရာမရှိတဲ့ ထိုလင်းပိုင်မကြီးက ကြီးမားလွန်းတာကြောင့် သူမအား ရေထဲသို့ပြန်ပို့ပေးဖို့အတွက် ကျောင်းသားများအား အခက်တွေ့စေခဲ့ပါတယ်။ ထို့ပြင် သူမကို ရေဓာတ်ဖြည့်ပေးပြီးနောက်မှာ ၊

.

သူမကို သယ်ဆောင်ရန် ၎င်းတို့လက်များကို အသုံးပြုခဲ့ကြပေမဲ့လည်း ယင်းကိစ္စမှာ အဓိပ္ပါယ်မဲ့ပုံပေါက်နေခဲ့ပါတယ်။ နောက်တော့ ၎င်းတို့က ကယ်ဆယ်ခြင်းမှာ အကောင်းဆုံးနည်းဖြင့် အဆုံးသတ်နိုင်စေဖို့ ကျွမ်းကျင်ပညာရှင်များကို အသိပေးခဲ့ကြရပါတယ်။ ဖုန်းခေါ်ဆိုမှုအပြီးမှာ မီးသတ်သမားများရောက်ရှိလာပြီး မွန်မြတ်တဲ့အလုပ်ကိုလုပ်နေတဲ့ ကျောင်းသူများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒီကယ်တင်မှုမှာ မျှဝေရန်ပုံများစွာမရှိခဲ့ပေမဲ့လည်း ကျောင်းသူများက ရိုက်ကူးထားခဲ့သည့် ဓာတ်ပုံအနည်းငယ်ခန့်သာ ရှိခဲ့ပါတယ်။

.

ဒါပေမယ့် သူမတို့ရဲ့လူမှုကွန်ရက်မှာ ၎င်းအတွေ့အကြုံများကိုပြသဖို့အတွက် ထိုလင်းပိုင်သားအမိတို့နဲ့ ဓာတ်ပုံရိုက်ဖို့ ဘယ်သူမှ စိတ်အားထက်သန်မှုမရှိနေခဲ့ကြပါဘူး။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ထိုအခိုက်အတန့်က တစ်ကမ္ဘာလုံးအတွက် ကြံ့ကြံ့ခံနိုင်တဲ့ စံနမူနာကောင်းများကို ပြသပေးနိုင်သည့် လှပသော အပြုအမူလေးတွေဖြစ်သလို ထိုလူငယ်များရဲ့ဒီအခိုက်အတန့်အမှတ်တရများကလည်း တက်တူးတွေလို အမြဲထာဝရ ရှိနေဦးမှာ အသေအချာပါဘဲ။

Mia (Mckzone daily)

Reference : fascinating

Be the first to comment on "ပင်လယ်ကမ်းစပ်မှာ သောင်တင်နေတဲ့ လင်းပိုင်သားအမိတို့အား အသက်အန္တရာယ်ဘေးမှ ကယ်တင်ပေးရန် ခက်ခဲစွာ ရုန်းကန်ခဲ့ကြတဲ့ ဆယ်ကျော်သက်ကျောင်းသားတစ်စု"

Leave a comment

Your email address will not be published.


*