ပုပုလေးနဲ့ ပန်းရောင်အမွေးများကြောင်း လူမှုကွန်ယက်မှာ ရုတ်တရက် ရေပန်းစားလာခဲ့တဲ့ ချစ်စဖွယ်ကျွဲမလေးတစ်ကောင်




JRose (Mckzone daily)

Reference : bestie

Unicode

ထိုင်းနိုင်ငံရှိ မွေးမြူရေးခြံတစ်ခုမှ ကျွဲတစ်ကောင်ဟာ ပုပုလေးနဲ့ ချစ်စရာကောင်းတဲ့ ပန်းရောင်အမွေးများကြောင့် ရုတ်တရက် နာမည်ကြီးသွားခဲ့ပါတယ် ။ ဒီကျွဲကို Nong Kapi လို့အမည်ပေးထားပြီး ထိုင်းနိုင်ငံ၊ ရွှေပြည်သာရှိ လယ်မြေမှာ လက်ရှိနေထိုင်နေပါတယ် ။ Nong Kapi ရဲ့ ဓာတ်ပုံစီးရီးတွေကို ကမ္ဘာလှည့်ခရီးသည်တစ်ဦးက လူမှုကွန်ယက်မှာ တင်ပြီးပြီးချင်း ပြည်တွင်းပြည်ပက အင်တာနက်အသုံးပြုသူတွေရဲ့ Like and Share ပေါင်း ထောင်ချီရရှိခဲ့တဲ့အတွက် ဒီကျွဲလေးဟာ အခုအခါမှာတော့ လူတိုင်းက လာရောက်မွေးစာစချင်နေကြပါတယ် ။

Nong Kapi ကျွဲက သူမရဲ့ spa-standard အဖြူရောင် အသားအရေနဲ့ ပန်းရောင် အမွေးများနဲ့ သဘာဝ အသားအရေက ပိုသဘောကျပုံရပါတယ် ။ သူမရဲ့အတန်ငယ်ရှက်ရွံ့တဲ့ အသွင်အပြင်နဲ့ ပေါင်းစပ်လိုက်သောကြောင့် Nong Kapi ဟာ ကျွဲမိသားစုမဟုတ်ဘဲ လူများစွာက ဝက်တစ်ကောင်လို့တောင် အထင်မှားခံရပါတယ် ။

ပုံပန်းသဏ္ဍာန်နဲ့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားတဲ့ တိရစ္ဆာန်များက လူသားများထံမှ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုများစွာကို ရရှိစေပြီး ၎င်းတို့က ဘယ်လိုမျိုးစိတ်များပင် ဖြစ်စေကာမူ ၎င်းတို့ကို ကာကွယ်ပြီး တန်ဖိုးထားရန် ထိုက်တန်ပါတယ် ။ အထူးချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ ဒီကျွဲကိုရော သဘောကျချစ်မြတ်နိုးမိပါသလား ။

JRose (Mckzone daily)

Be the first to comment on "ပုပုလေးနဲ့ ပန်းရောင်အမွေးများကြောင်း လူမှုကွန်ယက်မှာ ရုတ်တရက် ရေပန်းစားလာခဲ့တဲ့ ချစ်စဖွယ်ကျွဲမလေးတစ်ကောင်"

Leave a comment

Your email address will not be published.


*