ဘားဆိုင်မှာ ဖျော်ဖြေနေတဲ့ကောင်လေးကို အငမ်းလွန်ပြီး ၁၀ ပေမြင့်တဲ့ အကကြမ်းပြင်ပေါ်ကနေ ပြုတ်သွားလို့ မျက်ခုံးပေါ်အဖုကြီးဖုသွားခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့အဖြစ် (ရုပ်သံ)

မကြာသေးမီက အသက် 23 နှစ် အရွယ် Courtney Doran အမည်ရှိအမျိုးသမီးတစ်ဦးဟာ Ohio ပြည်နယ် Cleveland မြို့က ဘားတစ်ခုရှိ ဆွဲဆောင်မှုရှိတဲ့အမျိုးသားတစ်ဦးရဲ့ဝတ်စားစလစ်ဖျော်ဖြေပွဲကို သီးသန့်အခန်းတစ်ခုရဲ့ VIP အကကြမ်းပြင်ထိပ်ကနေ သူမသူငယ်ချင်းတစ်ဦးကိုပွေ့ဖက်ရင်း ပျော်ရွှင်စွာ ကခုန်အားပေးနေရင်းကနေ ဟန်ချက်ပျက်ပြီး အောက်ပြုတ်ကျသွားခဲ့ပါတယ်။ Courtney ဟာ ၁၀ ပေအမြင့်ရှိတဲ့ ထို VIP အကကြမ်းပြင်ပေါ် ကနေ သူမရဲ့ဦးခေါင်းနဲ့ သူမမျက်ခုံးတစ်ဝိုက်က အောက်ကကြမ်းပြင်ကိုရိုက်ပြီး ပြုတ်ကျသွားခဲ့တာပါ။ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Courtney က ထိုအခင်းဖြစ်ပြီးနောက် တစ်ပတ်ခန့် အလုပ်မှ အနားယူခဲ့ပေမဲ့လည်း ရောင်ရမ်းမှုလုံးဝကင်းစင်ရန်အတွက် အချိန်သုံးပတ်ကြာမြင့်ခဲ့ပါတယ်။

.

ထိုနေ့မှာ Courtney ဟာ အစောပိုင်း သူမရဲ့လုပ်ငန်းခွင်၌ ရှိနေခဲ့ပြီး မတော်တဆမှုမတိုင်ခင် ဖျော်ရည်ယမကာကို အနည်းငယ်သောက်ခဲ့ပါတယ်။ သူမရဲ့ဆေးရုံ CT scan စစ်ဆေးချက်အရ ၎င်းထိခိုက်မှုက ထွေထွေထူးထူးမဟုတ်တာကြောင့် သူမအား ရေခဲအိတ်ကပ်ပေးပြီး နာရီအနည်းငယ်အကြာမှာဘဲ သူမရဲ့အိမ်သို့ပြန်ရောက်လာခဲ့ပါတယ်။ နောက်နေ့ရောက်တော့ Courtney ရဲ့မျက်နှာမှာ မာကျောတဲ့ခရမ်းရောင် အဖုကြီးတစ်လုံး ထွက်နေခဲ့ပါတယ်။ Courtney က သူမရဲ့ဒဏ်ရာကို ထပ်မံစစ်ဆေးခဲ့ရပြီး သူမသူငယ်ချင်းများကတော့ သူမရဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်မှုအတွက် The Hunchback of Notre Dame ကာတွန်းဇာတ်ကောင်ဖြစ်တဲ့ Quasimodo နဲ့တူကြောင်း စနောက်လို့ကောင်းနေခဲ့ကြပါတယ်။

.

Courtney ရဲ့ဆေးရုံကုတင်ဘေးမှာရိုက်ကူးထားတဲ့ ဗိုင်းရပ်စ်ဗီဒီယိုမှာ သူမရဲ့ကာတွန်းဇာတ်ကောင်နဲ့တူတဲ့ မျက်ခုံးအဖုကြီးက သူမရဲ့အချစ်ရေးလမ်းကြောင်းပေါ်ကို ရုတ်တရက် ကျူးကျော်လာခဲ့တယ်လို့ကြွေးကြော်ရင်း ရယ်မောနေတာကိုပြသထားပြီး ၎င်းဗီဒီယိုဟာ ကြည့်ရှုသူ 2 သန်းကျော်ရရှိခဲ့ကာ သုံးစွဲသူအများအပြားက သူမရဲ့ပုံစံသစ်ကို ပျော်စေပြက်စေတဲ့သဘောဖြင့် လှောင်ပြောင်ခဲ့ကြပေမဲ့ သူမဟာ ဟာသဉာဏ်ကောင်းတဲ့အတွက် သူမရဲ့အသွင်အပြင်အသစ်နှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်ကိုမှ အစွဲအလန်းမထားခဲ့ပါဘူး။ ” ကျွန်မ ဖြစ်ဖြစ်ချင်း ပွဲက ရပ်သွားပြီး လူတွေက ကျွန်မကို ကူညီပေးခဲ့ကြတယ်၊

.

ကျွန်မ ဘာမှမဖြစ်ချင်ဟန်ဆောင်ခဲ့ပေမဲ့ သူငယ်ချင်းတွေက ဆေးရုံကို ချက်ချင်းလိုက်ပို့ပေးခဲ့ကြတယ် ၊ ကျွန်မမျက်လုံးကလည်း တကယ်ကို ရောင်ရမ်းနေတာပဲ၊ ဒါပေမဲ့ အဲဒီညမှာဘဲ အရောင်ကျသွားမယ်လို့ထင်ခဲ့ပေမယ့် ရက်သတ္တပတ်နှစ်ပတ်လောက်ကြာမယ်လို့ သူတို့ကပြောလာတယ်၊ သူနာပြုက အဲဒါကိုညှစ်ထုတ်ပစ်မယ်လို့ထင်ခဲ့ပေမယ့် ကံကောင်းလို့ ကျွန်မ အဲဒီလောက်နာကျင်မှုကို မခံစားခဲ့ရပါဘူး၊ အဲ့ညက ကျွန်မတွေ့လိုက်တဲ့ ယောက်ျားတစ်ယောက်ရှိတယ်၊

ကျွန်မ သူ့ဆီသွားဖို့လုပ်မှဘဲ ဒီလိုဖြစ်ပျက်သွားခဲ့တယ်၊ ဒီဟာကြီးက ကျွန်မရဲ့အစီအစဉ်ထဲမှာ မပါခဲ့တာ သေချာပါတယ် “ လို့ Courtney က ဆိုခဲ့ပါတယ်။ Courtney ဟာ ကောင်လေးအငမ်းလွန်လို့ လေးရက်လောက် အိမ်တွင်းပုန်းခဲ့ရသလို အပြင်ထွက်တဲ့အခါတိုင်း သူမရဲ့ရောင်ကိုင်းနေတဲ့ခရမ်းရောင်အဖုကြီးကြောင့် လမ်းသွားလမ်းလာတွေက ” အို ဘုရား၊ အဲ့လိုမျက်လုံးနဲ့ ကောင်မလေးလည်းရှိတယ်လား ” လို့ သူမအား မေးမြန်းခဲ့ကြကြောင်းလည်း ထပ်မံ ပြောပြခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : dailymail

Be the first to comment on "ဘားဆိုင်မှာ ဖျော်ဖြေနေတဲ့ကောင်လေးကို အငမ်းလွန်ပြီး ၁၀ ပေမြင့်တဲ့ အကကြမ်းပြင်ပေါ်ကနေ ပြုတ်သွားလို့ မျက်ခုံးပေါ်အဖုကြီးဖုသွားခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့အဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*