အသက် 22 နှစ်အရွယ် မိခင်တစ်ဦးဟာ သူမ၏ ပထမသုံးလအပတ်၌ ဝမ်းသွားချင်စိတ်ကို ခံစားခဲ့ရပြီး အိမ်သာပေါ်၌သာ သက်တမ်းပြည့်ရင်သွေးလေးတစ်ဦးကို မွေးဖွားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမေရိကန် ယခု Michigan ပြည်နယ်မှ Teagan Brill အမည်ရှိသူမဟာ ယခုအခါ တစ်နှစ်အရွယ်ကလေးလေး Owen ရဲ့ဂုဏ်ယူစရာကောင်းတဲ့မိခင်ဖြစ်ပြီဆိုပေမဲ့ ပြီးခဲ့သည့်ဖေဖော်ဝါရီလ၌ Owen ရဲ့လူ့လောကထဲရောက်ရှိလာမှုဟာ ပြင်းထန်တဲ့တုန်လှုပ်မှုဖြစ်ခဲ့ပါတယ်။ Brill ဟာ တစ်ပတ်အစောပိုင်းတွင် ကိုယ်ဝန်ရှိနေကြောင်းကို ပထမဆုံး သံသယရှိခဲ့ပြီး ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပေမဲ့လည်း ၎င်းက ကိုယ်ဝန်တစ်လ သို့မဟုတ် သုံးလရှိပြီလို့ ယူဆခဲ့ပါတယ်။
.
.
ဒါ့ကြောင့် သူမမှာ ကိုယ်ဝန်လွယ်ဖို့ အချိန်အများကြီးရှိနေတုန်းပဲလို့ ထင်ပြီး တစ်နေ့ အိမ်သာထဲသွားတဲ့အခါ သူမရဲ့ ‘အပေါက်ကြီး’ ကို သတိပြုမိပြီးနောက် အံ့ဩသွားကာ မွေးကင်းစကလေးငယ်ကို အမြန်ဆွဲထုတ်လိုက်ရပြီး ကလေးကို တဘက်နဲ့သုတ်ပေးရင်း လူနာတင်ကားရောက်လာတာကို စောင့်မျှော်နေခဲ့ရပါတယ်။ Brill ဟာ သူမ၏ ဇာတ်လမ်းကို TikTok ဗီဒီယို စီးရီးတစ်ခုတွင် မျှဝေခဲ့ပြီး သူမက ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိခြင်း မရှိတာ ကြာနေခဲ့ပြီဖြစ်ပါတယ်။ သူမမှာ ကိုယ်ဝန်ရှိပုံမပေါ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ခြောက်လတာကာလအတွင်း သူမဟာ ရေကူးဝတ်စုံဝတ်ရင်း ကမ်းခြေအပန်းဖြေခရီးကိုတောင် သွားခဲ့သလို ၊ ဘယ်သူမှလည်း သူမက အရင်ထက် မတူကွဲပြားနေတာကို သတိမထားမိခဲ့ကြပါဘူး။
/
.
တကယ်တော့ သူမဟာ ခြောက်လခွဲလောက်မှာ သူ့ခြေထောက်တွေက ဒီလောက်ပိန်နေတယ်လို့ တွေးပြီး ‘သိပ်ကောင်းတာပဲ’ လို့သာ ထင်နေခဲ့ပြီး သူမ၏ဆံပင်နှင့် အသားအရေကလည်း ‘အံ့ဩစရာ’ ဖြစ်နေတာကိုသတိထားမိပေမဲ့ သူမဟာ ကြီးကြီးမားမား စိုးရိမ်မနေခဲ့ပါဘူး။ ဒါပေမဲ့ သူမ ကိုယ်အလေးချိန် အနည်းငယ်တက်လာပေမဲ့လည်း Brill က သူမဟာ ကိုးလကြာ ဆက်လက် သွေးဆင်းနေပြီး ဓမ္မတာလာနေသေးတယ်လို့ ယုံကြည်တာကြောင့် သူမကိုယ်သူမ သံသယမဖြစ်နေခဲ့ပါတယ်။
.
.
ဒါပေမယ့် သူမရဲ့ကိုယ်အလေးချိန် တက်လာတာကြောင့် နောက်ဆုံး စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ ၊ သူမဟာ သူမသားလေးမမွေးခင် တစ်ပတ်အလိုမှာ ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ သို့တိုင် သူမဟာ ယခုအချိန်အထိ လိုက်လျောညီထွေနေနိုင်မယ်လို့ မထင်ထားခဲ့ပါဘူး။ တစ်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မနက်အစောမှာ သူမဟာ ပြင်းပြင်းထန်ထန် ဗိုက်အောင့်လို့ အိမ်သာသွားခဲ့ပေမဲ့ မတ်တပ်မရပ်နိုင်ခဲ့ပါဘူး။ ပထမတော့ သူမ ကိုယ်ဝန်ပျက်သွားတယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်း သူမ အနီးကပ်ကြည့်လိုက်တဲ့အခါမှာ ကလေးရဲ့ခေါင်းက အပြင်ထွက်လာနေပြီဖြစ်တာကြောင့် အိမ်ကလူတွေကို လှမ်းခေါ်ပြီး အရေးပေါ်လူနာကားခေါ်ခဲ့ရပါတယ်။
.
ထို့နောက် လူနာယာဉ်ရောက်လာချိန်မှာတော့ Brill ဟာ ကလေးမွေးပြီး ငါးမိနစ်အကြာတောင်ရှိနေခဲ့ပါပြီ။ Owen လေးဟာ ကျန်းမာသန်စွမ်းပြီး ကိုယ်အလေးချိန် ကိုးပေါင် ခြောက်အောင်စရှိနေပါတယ်။ Owen လေး မွေးဖွားလာမှုမှာ အံ့အားသင့်စရာဖြစ်ခဲ့ပေမဲ့လည်း Brill က သူမသားလေးကို ‘ မင်းဟာ အမေ့ရဲ့ အံ့ဖွယ်လေးပါပဲ၊ မင်းက အံ့ဖွယ်တစ်ပါးလို ဒီလိုကျန်းမာပြီး ချစ်ဖို့ကောင်းဖို့နေနေသာသာ မင်းကျန်းမာဖို့ ဘယ်လိုမှမဖြစ်သင့်စရာပါဘဲ ‘ လို့လည်း ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : dailymail
Be the first to comment on "ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရပြီးနောက် တစ်ပတ်အကြာမှာဘဲ အိမ်သာထဲမှာ ကျန်းမာသန်စွမ်းတဲ့သားလေးကို အံ့ဩဖွယ် မွေးထုတ်ခဲ့တဲ့ ၂၂ နှစ်အရွယ်မိခင်"