.
.
.
.
.
.
.
.
.
.
JRose (Mckzone daily)
Reference : buzznicked
Unicode
အနုပညာဆိုတာ ဘာမှမဟုတ်တဲ့အရာတစ်ခုကို တကယ်အသုံးဝင်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲ ဖန်တီးခြင်းဖြစ်ပါတယ် ။ တစ်ခါတရံမှာ သင်ဟာ ထူးခြားတဲ့ ပစ္စည်းတစ်ခုကို ယူလာပြီး လှပတဲ့ အရာတစ်ခုအဖြစ် ပုံဖော်ပါတယ် ။ ပြီးတော့ အခုဖော်ပြမာက အံ့သြစရာကောင်းတဲ့ ပန်းပုတွေနဲ့ ဒီအနုပညာရှင်က လုပ်ခဲ့တာပါပဲ။
Yong Ho Ji လို့အမည်ရှိတဲ့ ပန်းပုမျိုးစုံကို အထူးပြုတဲ့ ပန်းချီဆရာ ဟာ ငယ်ငယ်လေးကတည်းက ပန်းပုလုပ်ငန်းကို စတင်ခဲ့ပါတယ် ။ တိရိစ္ဆာန်နဲ့တူတဲ့ ပန်းပုရုပ်တုတွေထုလုပ်ပြီး သူ့အလုပ်ရဲ့ အရူးအမူးဆုံး အစိတ်အပိုင်းကတော့ သူတို့အားလုံးကို တာယာတွေနဲ့ ပြုလုပ်ထားပါတယ် ။ တာယာအပိုင်းအစများကို ယူပြီး ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ဖန်တီးတာပါ ။
Yong Ho Ji ရဲ့ လက်ရာအချို့ကို Vogue ကဲ့သို့သော မဂ္ဂဇင်းများမှာ အသုံးပြုခဲ့ပါတယ် ။ သူ့လက်ရာကို ကမ္ဘာတဝှမ်းရှိ ပြပွဲအများအပြားမှာလည်း ပြသထားပါသေးတယ် ။ ဒီရုပ်တုအားလုံးကို ပြန်လည်အသုံးပြုထားတဲ့ တာယာများဖြင့် ပြုလုပ်ထားတယ်လို့ ယူဆရပါတယ် ။ ဒီရုပ်တုက “Mutants” လို့အမည်တပ်ထားတဲ့ သူရဲ့အစောပိုင်းလက်ရာအချို့ဖြစ်ပါတယ် ။ Yong Ho Ji ကရအလွန်ရိုးရှင်းတဲ့ အရာတစ်ခုကို ယူကာ လက်ရာမြောက်စွာ ပြုလုပ်ခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "တာယာဟောင်းများကို ပြန်လည်အသုံးပြုထားပြီး ရုပ်တုများကို ဖန်တီးပြုလုပ်ခဲ့တဲ့ အနုပညာရှင်"