အခက်အခဲများနှင့် ဒုက္ခများ ကြုံတွေ့နေရပေမဲ့လည်း လူသားအားလုံးဟာ ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် သို့မဟုတ် ရှင်သန်ရန်မျှသာ ကြိုးစားအားထုတ်နေကြရဆဲဖြစ်ပါတယ်။ ယခုအခါမှာ၊ ထူးထူးခြားခြား ဆိုင်ကယ်မတော်တဆမှုကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရသည့် မလေးရှားအစားအစာ ပို့ဆောင်ရေးသမားတစ်ဦး၏ ဇာတ်လမ်းဟာ မလေးရှားနိုင်ငံသားများစွာအတွက် လိုအပ်နေသော လှုံ့ဆော်မှုတစ်ခု ပေးစွမ်းနိုင်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ အဆိုပါ Ahmad Nabil Rosli အမည်ရှိအမျိုးသားဟာ လွန်ခဲ့သည့် 5 နှစ်ကဖြစ်ပွါးခဲ့သောမတော်တဆမှုတစ်ခုမှာ သူဟာ ဘယ်ဘက်လက်မောင်းဆုံးရှုံးခဲ့ရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် 23 နှစ်အရွယ်ရှိပြီဖြစ်တဲ့ Nabil က “ဖြစ်ပျက်ခဲ့တာကို ကျွန်တော်လက်ခံပါတယ်၊
.
အခုတော့၊ delivery လုပ်တဲ့အလုပ်တွေလုပ်ရင်းနဲ့ ကျွန်တော့်လက်အတုကို ၀တ်ဆင်ဖို့ ကျင့်သုံးလာနေပါပြီ ” လို့ဆိုကာ သူ အပြင်မှာ အသက်မွေးဝမ်းကြောင်းပြုရင်း “သူ့ရဲ့မစုံလင်မှုတွေကို ဖုံးအုပ်ဖို့” လက်အတုကိုဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ “လူတွေကို ကျွန်တော့်အပေါ် ကိုယ်ချင်းစာစိတ် မထားစေချင်ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ်။ ဒါ့ပြင် ကျွန်တော်က ကျွန်တော်ရဲ့တည်ရှိမှုနှင့် ပတ်သက်ပြီး ဖောက်သည်တွေကို သက်တောင့်သက်သာ ခံစားစေလိုပါတယ် ” လို့လည်း Nabil ကဆိုခဲ့ပါတယ်။ ထို့ပြင် “ကျွန်တော်က လူကြီးတွေနဲ့ အဆင်ပြေနေတုန်းပါပဲ၊ ဒါပေမယ့် ကလေးတွေက ကျွန်တော့်ရဲ့ အသွင်အပြင်ကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုတော့ တွေးနေမိတယ်…” လို့ Nabil ကဆိုပြီး ၊
.
သူကြုံခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကိုပြန်သတိရရင်း ယခင်က Nabil ဟာ ဖောက်သည်တစ်ဦးရဲ့order ကို အလျင်စလို ပို့ပေးဖို့သွားတော့ သူ့ရဲ့လက်အတုကို တပ်ဆင်ဖို့ မေ့သွားခဲ့တာကြောင့် “ အဲဒီနေ့ ဖောက်သည်အိမ်ရောက်တော့ order ထွက်ယူတဲ့ အိမ်ပိုင်ရှင်ရဲ့ကလေးက သူတို့အိမ်ထဲကို အမြန်ပြေးဝင်သွားခဲ့တယ်၊ ကျွန်တော့်မှာ လက်တစ်ဖက်ပဲရှိလို့ သူကြောက်လို့ ဖြစ်မယ် ” လို့လည်း ပြောကြားခဲ့ပါတယ်။ Nabil ဟာ သူ့လို အလားတူခံစားနေရသူများအတွက် ၎င်း၏ TikTok စာမျက်နှာမှတစ်ဆင့် လက်တစ်ဖက်ဖြင့် အစားအသောက်ပို့ဆောင်သည့် delivery သမားအဖြစ် လုပ်ဆောင်ရသည့် အတွေ့အကြုံများနှင့် ၊
.
ဇာတ်လမ်းများကိုလည်း မျှဝေပေးနေလျက်ရှိပြီး သူ့အကောင့်ဟာ Follower အများအပြားရှိပြီး လက်ရှိမှာ Follower 76,100 ကျော်ရှိနေပါတယ်။ ” အစားအစာပို့ဆောင်ခြင်းအပြင်၊ TikTok မှာ အခြားသူတွေရဲ့လုပ်ငန်းအသေးစားတွေကိုပံ့ပိုးပေးတဲ့အခြား ‘အလုပ်’ လည်းလုပ်နေပါတယ် ၊ ကျွန်တော် ဒီအလုပ်ကို အခကြေးငွေမယူဘဲ အလကားလုပ်နေပါတယ် ” ဟု Nabil မှပြောကြားခဲ့ပါသေးတယ်။ Nabil ဟာ ထုတ်ကုန်ပစ္စည်းများကို ပြန်လည်သုံးသပ်ရန် ကမ်းလှမ်းချက်အမျိုးမျိုးကို လက်ခံရရှိထားကြောင်းလည်း ရှင်းပြထားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : worldofbuzz
Be the first to comment on "လက်တစ်ဖက်မရှိတော့တာကြောင့် ဖောက်သည်များ မကြောက်လန့်စေဖို့အတွက် လက်အတုကိုတပ်ဆင်ပြီး food delivery အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အမျိုးသား"