အသက် ၁၇ နှစ်အရွယ်တည်းနဲ့ အရပ် ၆ ပေ ၈ လက်မပြီး မရပ်တန့်သေးဘဲ ဆက်လက်ကြီးထွားနေလို့ ဘာလုပ်လုပ် အခက်တွေ့နေတဲ့ ကောင်လေးတစ်ဦး

ဖိလစ်ပိုင်နိုင်ငံ Maguindanao ပြည်နယ်မှ Brix Verzosa အမည်ရှိကောင်လေးတစ်ဦးဟာ အသက် ဆယ့်ခုနစ်နှစ်သာရှိသေးပေမဲ့လည်း သူဟာ အရပ် 6’8″-203.2 cm ရှိနေပါပြီ။ သူကူးစက်ရောဂါကာကွယ်ဆေးထိုးချိန်မှာတော့ ထိုးပေးတဲ့ သူနာပြုက သူ့ပခုံးကိုထိဖို့ ထိုင်ခုံပေါ်တောင်တက်ခဲ့ရပါတယ်။ Brix ရဲ့အကြောင်းတစေ့တစောင်းကို 2021 ခုနှစ် ဒီဇင်ဘာလ 14 ရက်နေ့၌ Kapuso Mo၊ Jessica Soho (KMJS) ဆိုတဲ့အစီအစဉ်မှာ ပြသခဲ့တာပါ။

.

Brix ဟာ သူ့ခြေထောက်တွေနဲ့ ခန္ဓာကိုယ်က အဆက်မပြတ် ကြီးထွားနေဆဲဖြစ်တာကြောင့် ဖိနပ်များ၊ ခြေအိတ်များနဲ့ သူ့အင်္ကျီတွေက အမြဲတစေ သေးငယ်သွားကြောင်း ဆိုပါတယ်။ သူဟာ အထူးသဖြင့် ခရီးသွားတဲ့အခါ အရပ်အမောင်းက သူ့အတွက် အားနည်းချက်တွေ ရှိတတ်တယ်လို့ ဝန်ခံခဲ့ပြီး ၊
သူက တံခါးဘောင်တွေထက် မြင့်နေတာကြောင့် သူ့အိမ်ထဲဝင်သွားတဲ့အခါ ခေါင်းအောက်စိုက်နေရမှာဖြစ်သလို အိမ်မှုကိစ္စတွေကို ကူညီတာတောင်မှ ပန်းကန်ဆေးတဲ့အခါ နိမ့်လွန်းတဲ့ ပန်းကန်ဆေးဇလုံကြောင့် အခက်အခဲတွေ့နေရပါတယ်။

.

Brix ဟာ ခြောက်တန်းကျောင်းသားဘဝမှာ သူ့ရဲ့အရပ်အမောင်းက လျင်မြန်စွာ တိုးလာတာကို စတင်ခံစားမိခဲ့ပြီး မိခင်ဖြစ်သူ Aling Janet ရဲ့ အဆိုအရတော့ Brix မွေးဖွားစဉ်က ကိုယ်အလေးချိန် ၂.၈ ကီလိုဂရမ်ဘဲရှိတာကြောင့် ကလေးက ဒီလောက် ကြီးထွားလာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ Brix ရဲ့အဘိုးအဘွားများနှင့် ဦးလေးတွေက 6” 1’ သို့မဟုတ် 7” အထိရှိကြပါတယ်။

.

ထို့ပြင် Brix က သူကျောင်းတက်နေစဉ်မှာ ကျောက်သင်ပုန်းအနီးမှာ ထိုင်ရသည့် အတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးခဲ့ရသလို သူ့အတန်းဖော်တွေဆီကနေ မကြာခဏ လှောင်ပြောင်ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ အရပ်ရှည်သူတစ်ယောက်ပီပီ Brix ဟာ ငယ်စဉ်ကတည်းက ဘတ်စကတ်ဘောကို နှစ်သက်ပြီး အရမ်းဝါသနာပါခဲ့ပါတယ်။ Brix ဟာ သူပါနေတဲ့ အသင်းအတွက် ကြီးမားတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး သူ့အဆိုအရ ၎င်းတို့ဟာ များသောအားဖြင့် အနိုင်ရခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သတင်းကောင်းကတော့ တစ်စုံတစ်ယောက်က သူ့ရဲ့အလားအလာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သူ့အား ပညာသင်ဆုချီးမြင့်ပေးခဲ့တာပါဘဲ။

.

ကောလိပ်ဘတ်စကတ်ဘောသို့ မစွန့်စားမီ သူ့ကျန်းမာရေးကိုစစ်ဆေးရန် လိုအပ်တာကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Brix ဟာ အထူးကုဆရာဝန်ထံ သွားရောက်စစ်ဆေးရန် မိခင်နှင့်အတူ မနီလာမြို့သို့ ထွက်ခွါခဲ့ကြပြီး ကနဦးစစ်ဆေးချက်အရ အရပ်အမောင်းနှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ မရှိနေခဲ့ပါဘူး။

.

.

Brix ဟာ PBA (Philippine Basketball Association) မှ သူ့ရဲ့ idol ဖြစ်တဲ့ ကစားသမား June Mar Fajardo လို ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော ကစားသမားတစ်ဦး ဖြစ်လာဖို့ အိပ်မက်မက်ပြီး၊
ဘတ်စကတ်ဘောကစားခြင်းက သူ့မိသားစုရဲ့ဘဝကို ပြောင်းလဲစေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါ့ကြောင့် KMJS အစီအစဉ်ကလည်း ၎င်းရဲ့ idol June Mar ကို ကိုယ်တိုင်လူတွေ့ တွေ့ဆုံစေပြီး Brix ကို အံ့အားသင့်စေခဲ့ပါတယ်။ PBA ကစားသမား June ဟာ Brix အတွက် “ တကယ်တော့ လုံ့လ၊ ဇွဲနဲ့ အနစ်နာခံမှုလိုတယ်၊ ပန်းတိုင်ကိုပဲ အာရုံစိုက်ပါ ၊ တစ်နေ့နေ့ တစ်ကြိမ်ကြိမ်မှာ မင်းကို PBA မှာတွေ့ချင်တယ်” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

Mia  (Mckzone daily)

Reference : everytruenews24

Be the first to comment on "အသက် ၁၇ နှစ်အရွယ်တည်းနဲ့ အရပ် ၆ ပေ ၈ လက်မပြီး မရပ်တန့်သေးဘဲ ဆက်လက်ကြီးထွားနေလို့ ဘာလုပ်လုပ် အခက်တွေ့နေတဲ့ ကောင်လေးတစ်ဦး"

Leave a comment

Your email address will not be published.


*