The Times of India က အိႏၵိယႏိုင္ငံ Uttar Pradesh မွာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မဂၤလာပြဲ ပ်က္စီးခဲ့ပါတယ္ ။ အေၾကာင္းမွာ လက္မထပ္ရေသးခင္ သတို႔သားက ထိပ္ေျပာင္ေနတာေၾကာင့္ ဆံပင္အတုနဲ႔ တပ္ထားတာကို သတို႔သမီးက အခ်ိန္မတန္မီ သိလိုက္ရသျဖင့္ အံ့ၾသၿပီး သူမ မူးေမ့သြားခဲ့ပါတယ္ ။ ထိုေန႔မွာ သတို႔သားက သူ႔ရဲ႕သူငယ္ခ်င္းမ်ား၊ေဆြမ်ိဳးမ်ားနဲ႔အတူ မဂၤလာပြဲအတြက္ မိန္းကေလးရဲ႕႐ြာသို႔ သြားၿပီး မဂၤလာေဆာင္ခဲ့ပါတယ္ ။ ပန္းကုံးလဲလွယ္ျခင္းအခမ္းအနားအတြင္းမွာ သတို႔သားက သူ႔ရဲ႕ ဦးေခါင္းကို ထပ္ခါထပ္ခါ ခ်ိန္ညႇိထားေၾကာင္း သတို႔သမီးက သတိျပဳမိခဲ့ပါတယ္ ။
အၾကာႀကီးသံသယရွိၿပီးေနာက္ သတို႔သမီးက သတို႔သားကို အနီးကပ္ၾကည့္လိုက္တဲ့အခါမွာ သတို႔သားက ထိပ္ေျပာင္ေနၿပီး ဆံပင္တု၀တ္ထားတာကို သူမ သိလိုက္ရပါတယ္ ။ သူမ အံ့အားသင့္သြားၿပီး ပြဲအလယ္မွာတင္ ေမ့လဲသြားပါတယ္ ။ သတိျပန္ရလာတဲ့အခါမွာေတာ့ မိသားစုဝင္ေတြ ဘယ္ေလာက္ပဲ ခက္ခက္ခဲခဲ စည္း႐ုံးႏိုင္ပါေစ သတို႔သားကို လက္ထပ္ရန္ သူမ ျငင္းဆိုခဲ့ပါတယ္ ။ ႏွစ္ဖက္မိဘ ရန္ျဖစ္စကားမ်ားၾကၿပီး အိမ္ျပန္ခဲ့ၾကပါတယ္ ။ ဒါေပမဲ သတို႔သားရဲ႕မိသားစုတို႔ မျပန္မီ Usrahar ရဲစခန္းသို႔ တိုင္ၾကားခဲ့ပါေသးတယ္ ။
မိန္းကေလးရဲ႕ မိသားစုဝင္ေတြက သတို႔သားနဲ႔ သူ႔မိဘေတြက အခ်ိန္ျဖဳန္းတယ္လို႔ စြပ္စြဲၿပီး ရဲစခန္းကို တိုင္ၾကားခဲ့ပါတယ္ ။ သတို႔သားရဲ႕ေခါင္းေပၚရွိ ဆံပင္တုကို ေတြ႕ၿပီးေနာက္ သတို႔သမီးသည္ မဂၤလာပြဲအတြက္ အဆင္သင့္မျဖစ္ေသးေၾကာင္း ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက မီဒီယာသို႔ ေျပာၾကားခဲ့ပါတယ္ ။ ႏွစ္ဖက္စလုံးက တိုင္ၾကားထားေပမယ့္ ေနာက္ပိုင္းမွာ တိုင္ၾကားမႈမ်ားကို ေလ်ာ္ညီစြာ ႐ုပ္သိမ္းၿပီး ျပႆနာကို သူတို႔ဘာသာ ေျဖရွင္းခဲ့ပါတယ္ ။
JRoss (Mckzone daily)
Reference : khaosod
Unicode
The Times of India က အိန္ဒိယနိုင်ငံ Uttar Pradesh မှာ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲ ပျက်စီးခဲ့ပါတယ် ။ အကြောင်းမှာ လက်မထပ်ရသေးခင် သတို့သားက ထိပ်ပြောင်နေတာကြောင့် ဆံပင်အတုနဲ့ တပ်ထားတာကို သတို့သမီးက အချိန်မတန်မီ သိလိုက်ရသဖြင့် အံ့သြပြီး သူမ မူးမေ့သွားခဲ့ပါတယ် ။ ထိုနေ့မှာ သတို့သားက သူ့ရဲ့သူငယ်ချင်းများ၊ဆွေမျိုးများနဲ့အတူ မင်္ဂလာပွဲအတွက် မိန်းကလေးရဲ့ရွာသို့ သွားပြီး မင်္ဂလာဆောင်ခဲ့ပါတယ် ။ ပန်းကုံးလဲလှယ်ခြင်းအခမ်းအနားအတွင်းမှာ သတို့သားက သူ့ရဲ့ ဦးခေါင်းကို ထပ်ခါထပ်ခါ ချိန်ညှိထားကြောင်း သတို့သမီးက သတိပြုမိခဲ့ပါတယ် ။
အကြာကြီးသံသယရှိပြီးနောက် သတို့သမီးက သတို့သားကို အနီးကပ်ကြည့်လိုက်တဲ့အခါမှာ သတို့သားက ထိပ်ပြောင်နေပြီး ဆံပင်တုဝတ်ထားတာကို သူမ သိလိုက်ရပါတယ် ။ သူမ အံ့အားသင့်သွားပြီး ပွဲအလယ်မှာတင် မေ့လဲသွားပါတယ် ။ သတိပြန်ရလာတဲ့အခါမှာတော့ မိသားစုဝင်တွေ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ စည်းရုံးနိုင်ပါစေ သတို့သားကို လက်ထပ်ရန် သူမ ငြင်းဆိုခဲ့ပါတယ် ။ နှစ်ဖက်မိဘ ရန်ဖြစ်စကားများကြပြီး အိမ်ပြန်ခဲ့ကြပါတယ် ။ ဒါပေမဲ သတို့သားရဲ့မိသားစုတို့ မပြန်မီ Usrahar ရဲစခန်းသို့ တိုင်ကြားခဲ့ပါသေးတယ် ။
မိန်းကလေးရဲ့ မိသားစုဝင်တွေက သတို့သားနဲ့ သူ့မိဘတွေက အချိန်ဖြုန်းတယ်လို့ စွပ်စွဲပြီး ရဲစခန်းကို တိုင်ကြားခဲ့ပါတယ် ။ သတို့သားရဲ့ခေါင်းပေါ်ရှိ ဆံပင်တုကို တွေ့ပြီးနောက် သတို့သမီးသည် မင်္ဂလာပွဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ ပြောကြားခဲ့ပါတယ် ။ နှစ်ဖက်စလုံးက တိုင်ကြားထားပေမယ့် နောက်ပိုင်းမှာ တိုင်ကြားမှုများကို လျော်ညီစွာ ရုပ်သိမ်းပြီး ပြဿနာကို သူတို့ဘာသာ ဖြေရှင်းခဲ့ပါတယ် ။
JRoss (Mckzone daily)
Be the first to comment on "လက္မထပ္ခင္မွာ သတို႔သားက ထိပ္ေျပာင္လို႔ ဆံပင္အတုတပ္ထားမွန္း သိၿပီးေနာက္ ပြဲအလယ္မွာ မူးလဲၿပီး သတို႔သားကို တရားစြဲခဲ့တဲ့ သတို႔သမီး"