မေမွ်ာ္လင့္ထားတဲ့ ခ်ီးက်ဴးစကားက တစ္စုံတစ္ဦးရဲ႕ေပ်ာ္႐ႊင္ဖြယ္တစ္ေန႔တာကို ဖန္တီးေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဓာတ္ပုံဆရာ Rotasız Seyyah ဟာ ကမာၻတဝွမ္းသို႔ 1,001 ရက္ၾကာ ခရီးစဥ္အလယ္မွာ လူတိုင္းအတြက္ ႐ိုးရွင္းေပမဲ့လည္း ႏွစ္သက္ဖြယ္ေကာင္းတဲ့ပေရာဂ်က္တစ္ခုကို လုပ္ေဆာင္ေပးေနပါတယ္။ You Are So Beautiful လို႔ေခၚတဲ့မွတ္တမ္းစီးရီးတစ္ခုမွာ Seyyah ဟာ သူစိမ္းတစ္ဦးစီႏွင့္ေတြ႕ဆုံၿပီး ၎တို႔အား “အရမ္းလွတယ္” လို႔ေျပာတဲ့အေပၚ တုံ႔ျပန္မႈပုံရိပ္ႏွင့္ ၎တို႔အား ၾကင္နာစြာ ခ်ီးက်ဴးစကားမေျပာမိပုံရိပ္ႏွစ္ခုတို႔ကို before and after လို႔ ႏႈိင္းယွဥ္ျပသေပးခဲ့ပါတယ္။
၎ဓာတ္ပုံေတြၾကားက ကြာျခားခ်က္ကေတာ့ ေန႔နဲ႔ညလိုပါပဲ။ ေ႐ြးခ်ယ္ခံရတဲ့ အမ်ိဳးသမီးေတြက အစပိုင္းမွာေတာ့ ကင္မရာကိုမထင္မွတ္ထားတဲ့ အမူအရာေတြနဲ႔ ၾကည့္ေနခဲ့ေပမဲ့ Seyyah က ၎တို႔ကို ခ်ီးက်ဴးစကားဆိုလိုက္တာနဲ႔ ၎တို႔က အခ်ိဳသာဆုံးတုံ႔ျပန္မႈမ်ားျဖင့္ လင္းလက္လာၿပီး အခ်ိဳ႕က စိတ္ခံစားခ်က္ေၾကာင့္ ရွက္ၿပီး မ်က္ႏွာကိုလက္နဲ႔အုပ္ၾကသလို အခ်ိဳ႕ကလည္း ရင္ေတြခုန္ၿပီး ၎တို႔ရဲ႕မ်က္ႏွာအမူအရာမ်ားက ေျပာင္းလဲသြားခဲ့ပါတယ္။
ဘယ္ေလာက္ဘဲ အသက္ႀကီးေနပါေစ အလယ္ႏွင့္ ေတာင္အေမရိကမွာေနထိုင္ၾကတဲ့ ဒီအမ်ိဳးသမီးအမ်ားစုကေတာ့ လွပေၾကာင္း အေျပာခံလိုက္ရင္ သင့္ကိုယ္သင္ ျပန္ျမင္ေနသလိုမ်ိဳး တုံ႔ျပန္ေနခဲ့ၾကပါတယ္။ ယခုအခ်ိန္ဟာ ဤဝါသနာပါရာပေရာဂ်က္အတြက္ ျမႇဳပ္ႏွံထားေပမဲ့လည္း၊ Seyyah ရဲ႕ ခရီးသြားဓာတ္ပုံ႐ိုက္ကူးျခင္းဟာ ၎ရဲ႕ဒုတိယေျမာက္ အသက္ေမြးဝမ္းေၾကာင္းျဖစ္ၿပီး Seyyah ဟာ ခရီးသြားျခင္းႏွင့္ ဓာတ္ပုံ႐ိုက္ျခင္းတို႔ကို ဝါသနာမပါမီ အစၥတန္ဘူလ္ရွိ IT ကုမၸဏီတစ္ခု၌ ေျခာက္ႏွစ္ၾကာ လုပ္ကိုင္ခဲ့တာပါ။
.
.
.
.
.
Mia (Mckzone daily)
Reference : mymodernmet
Unicode
မမျှော်လင့်ထားတဲ့ ချီးကျူးစကားက တစ်စုံတစ်ဦးရဲ့ပျော်ရွှင်ဖွယ်တစ်နေ့တာကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံဆရာ Rotasız Seyyah ဟာ ကမ္ဘာတဝှမ်းသို့ 1,001 ရက်ကြာ ခရီးစဉ်အလယ်မှာ လူတိုင်းအတွက် ရိုးရှင်းပေမဲ့လည်း နှစ်သက်ဖွယ်ကောင်းတဲ့ပရောဂျက်တစ်ခုကို လုပ်ဆောင်ပေးနေပါတယ်။ You Are So Beautiful လို့ခေါ်တဲ့မှတ်တမ်းစီးရီးတစ်ခုမှာ Seyyah ဟာ သူစိမ်းတစ်ဦးစီနှင့်တွေ့ဆုံပြီး ၎င်းတို့အား “အရမ်းလှတယ်” လို့ပြောတဲ့အပေါ် တုံ့ပြန်မှုပုံရိပ်နှင့် ၎င်းတို့အား ကြင်နာစွာ ချီးကျူးစကားမပြောမိပုံရိပ်နှစ်ခုတို့ကို before and after လို့ နှိုင်းယှဉ်ပြသပေးခဲ့ပါတယ်။
၎င်းဓာတ်ပုံတွေကြားက ကွာခြားချက်ကတော့ နေ့နဲ့ညလိုပါပဲ။ ရွေးချယ်ခံရတဲ့ အမျိုးသမီးတွေက အစပိုင်းမှာတော့ ကင်မရာကိုမထင်မှတ်ထားတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ပေမဲ့ Seyyah က ၎င်းတို့ကို ချီးကျူးစကားဆိုလိုက်တာနဲ့ ၎င်းတို့က အချိုသာဆုံးတုံ့ပြန်မှုများဖြင့် လင်းလက်လာပြီး အချို့က စိတ်ခံစားချက်ကြောင့် ရှက်ပြီး မျက်နှာကိုလက်နဲ့အုပ်ကြသလို အချို့ကလည်း ရင်တွေခုန်ပြီး ၎င်းတို့ရဲ့မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ပါတယ်။
ဘယ်လောက်ဘဲ အသက်ကြီးနေပါစေ အလယ်နှင့် တောင်အမေရိကမှာနေထိုင်ကြတဲ့ ဒီအမျိုးသမီးအများစုကတော့ လှပကြောင်း အပြောခံလိုက်ရင် သင့်ကိုယ်သင် ပြန်မြင်နေသလိုမျိုး တုံ့ပြန်နေခဲ့ကြပါတယ်။ ယခုအချိန်ဟာ ဤဝါသနာပါရာပရောဂျက်အတွက် မြှုပ်နှံထားပေမဲ့လည်း၊ Seyyah ရဲ့ ခရီးသွားဓာတ်ပုံရိုက်ကူးခြင်းဟာ ၎င်းရဲ့ဒုတိယမြောက် အသက်မွေးဝမ်းကြောင်းဖြစ်ပြီး Seyyah ဟာ ခရီးသွားခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းတို့ကို ဝါသနာမပါမီ အစ္စတန်ဘူလ်ရှိ IT ကုမ္ပဏီတစ်ခု၌ ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့တာပါ။
Mia (Mckzone daily)
Be the first to comment on "အမွတ္မထင္ လွေၾကာင္း ခ်ီးက်ဴးခံလိုက္ရလို႔ ရွက္ကိုးရွက္ကန္းေလးနဲ႔ ခ်ိဳၿမိန္စြာ ျပန္လည္တုံ႔ျပန္ေပးခဲ့ၾကသူတို႔ရဲ႕ၾကည္ႏူးဖြယ္ဓာတ္ပုံေလးမ်ား"