စိတ်ဖိစီးမှုများလွန်းတာကြောင့် လမ်းလွဲပြီး တောင်းရမ်းစားသောက်တဲ့ဘဝကို ရောက်ရှိလာခဲ့တဲ့ ပညာတတ်ပုဂ္ဂိုလ်တစ်ဦး



.

JRose (Mckzone daily)

Reference : bestie

Unicode

အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ အမျိုးသားတစ်ဦးဟာ လူတော်တော်များများကို မျက်ရည်တွေကျစေခဲ့ပေမဲ့ ဒီသူတောင်းစားရဲ့ နောက်ကွယ်က အတော်လေးကို ထူးဆန်းနေတာကြောင့် နားထောင်သူတွေကို အံ့အားသင့်စေခဲ့ပါတယ် ။ တရုတ်နိုင်ငံက ထူးချွန်တဲ့ အောင်မြင်မှုများဖြင့် ကျော်ကြားတဲ့ တက္ကသိုလ်တစ်ခုမှ ပညာသင်ကြားနေတဲ့ Dieu Vien အမည်ရှိ အမျိုးသားဟာ အနာဂတ်မှာ ထက်မြက်စွာ အောင်မြင်နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့သော်လည်း လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ မည်သူမှ မထင်ထားတဲ့ အိုးမဲ့အိမ်မဲ့ ဘဝကို ရောက်လာခဲ့ပါတယ် ။

ASCII

.

ASCII

Dieu Vien လို ပညာတတ် ပုဂ္ဂိုလ်တစ်ဦးက သူတောင်းစားဖြစ်လာရတဲ့ အကြောင်းရင်းမှာ ဘဝရဲ့ဖိအားကို မခံနိုင်သောကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ် ။ စုပြုံလာတဲ့အခက်အခဲများက တဖြည်းဖြည်းနဲ့ တိမ်မြုပ်သွားကာ Dieu Vien ကို ရှင်သန်ရန် လမ်းလွဲပြီး တောင်းရမ်းစားသောက်တဲ့လမ်းကို တွန်းပို့ခဲ့ပါတယ် ။ Dieu Vien က နှစ်ပေါင်းများစွာ လမ်းပေါ်မှာ အချိန်ကုန်ပြီးနောက် သူ့ရဲ့မိသားစုနဲ့ ပြန်လည်ဆုံတွေ့ကြောင်း သိရှိရပါတယ် ။ လက်ရှိမှာ သူတောင်းစားများပြားနေရတဲ့အကြောင်းရင်းက စိတ်ဖိစီးမှုများခြင်းကြောင့် လမ်းလွဲသွားပြီး လမ်းမှားရောက်ကုန်သွားကြတာပါ ။

JRose (Mckzone daily)

Be the first to comment on "စိတ်ဖိစီးမှုများလွန်းတာကြောင့် လမ်းလွဲပြီး တောင်းရမ်းစားသောက်တဲ့ဘဝကို ရောက်ရှိလာခဲ့တဲ့ ပညာတတ်ပုဂ္ဂိုလ်တစ်ဦး"

Leave a comment

Your email address will not be published.


*