.
.
.
.
JRose (Mckzone daily)
Reference : bestie
Unicode
ရိုးရာဓလေ့ကို သိပ်အလေးမထားဘဲ ငယ်ရွယ်တဲ့ စုံတွဲတွေဟာ သူတို့ရဲ့ နေ့ထူးနေ့မြတ်တွေမှာ အမှတ်ရစရာ အမှတ်တရတွေကို ဖန်တီးခဲ့ကြပါတယ် ။ သတို့သမီးက သတို့သားဝတ်စုံများ ၀တ်ဆင်ထားပြီး သတို့သားကတော့ ဂါဝန်ကို ဝတ်ဆင်ထားတဲ့ အမိုက်စား စီးရီးများလည်း ထွက်ပေါ်လာပါတယ် ။ ဒီလိုသရုပ်ဆောင်ထားပေမယ့်လည်း သူတို့စုံတွဲဟာ တကယ့်ကို ချစ်စရာကောင်းနေကြပါတယ် ။ ဒီစုံတွဲနှစ်ဦးအပြင် စိမ်းလန်းတဲ့ သစ်ပင်များနဲ့ နေရောင်ခြည်တို့က အလွန်ရိုမန်တစ်ဆန်တဲ့ လေထုကို ဖန်တီးပေးပါတယ် ။
.
မှတ်ချက်များကဏ္ဍမှာ အထူးသဖြင့် ယောက်ျားလေးများဘက်က အဆိုပါစုံတွဲရဲ့ ရိုက်ကူးမှုကို လူအများက မချီးမွမ်းခဲ့ကြပါ ။ ဒါပေမဲ့ သူတို့နှစ်ဦးက အချိန်ကောင်းတစ်ခုရှိခဲ့ပြီး ပြီးမြောက်တဲ့ လုပ်ငန်းစဉ်မှာ ပျော်ရွှင်ခဲ့ကြတယ်လို့ မှန်းဆမိပါတယ် ။ ရိုးရာဓလေ့ကို နှစ်သက်သူတွေရှိသလို အသစ်အဆန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေကို ဖန်တီးရတာ နှစ်သက်တဲ့ သူတွေလည်း ရှိပါတယ် ။ ဘယ်လိုပဲ ရိုက်နေပါစေ အရေးကြီးဆုံးအရာက ကျေနပ်ပျော်ရွှင်မှုက အဓိကပါပဲ ။
JRose (Mckzone daily)
Be the first to comment on "ရိုးရာဓလေ့အတိုင်းမဟုတ်ပဲ ဆန်းသစ်တဲ့ ရိုက်ကူးမှုပုံစံကြောင့် netizen များ ဝေဖန်နေကြတဲ့ စုံတွဲနှစ်ဦး"