အနံ႔အသက္ပ်င္းတဲ့ ခ႐ုစြပ္ျပဳတ္ဟင္းရည္ကို မၾကာခဏစားၿပီး သြားမတိုက္တက္တဲ့ေကာင္မေလးေၾကာင့္ ထပ္မေရာင္းေပးဖို႔ ဆိုင္ရွင္ကိုရန္ရွာခဲ့တဲ့ လူငယ္ေလး

တ႐ုတ္ႏိုင္ငံ၊ Liuzhou ျပည္နယ္ရွိ လူႀကိဳက္မ်ားတဲ့ ခ႐ုစြပ္ျပဳတ္ေခါက္ဆြဲဆိုင္ဟာ ေဒသထြက္ဟင္းမ်ားေရာင္ခ်ေနတာပါ ။ ေဒသထြက္ ၾကာဇံ၊ မွ်စ္ခ်ဥ္၊ မႈိ၊ ပဲ၊ ဆလတ္ေျခာက္၊ လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္မ်ားနဲ႔ အျခားပါဝင္ပစၥည္းမ်ား ပါဝင္ပါတာေၾကာင့္ပါ ။ ခ႐ုဟင္းရည္ျဖင့္ ခ်က္ထားတဲ့အနံ႔ေၾကာင့္ လူသိမ်ားခဲ့ပါတယ္ ။ တ႐ုတ္မီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ ကြမ္တုံျပည္နယ္၊ Dongguan မွာ ျဖစ္ပြားခဲ့တာက အမ်ိဳးသမီးငယ္တစ္ဦးဟာ သူမရဲ႕ရည္းစားမသိေအာင္ ခ႐ုေခါက္ဆြဲကို မၾကာခဏ တိတ္တဆိတ္ဝယ္ယူတက္တာေၾကာင့္ ျငင္းခုံမႈျဖစ္ပြားခဲ့ပါတယ္ ။

ေနာက္ညမွာ ေကာင္ေလးက သူ႔ေကာင္မေလးေနာက္လိုက္ၿပီး ခ႐ုဟင္းရည္ထပ္ဝယ္စားတာကို ျမင္ၿပီး ရန္သြားရွာခဲ့ပါတယ္ ။ လူငယ္က သူ႔ေကာင္မေလးကို အရမ္းေဒါသထြက္ေနတဲ့အတြက္ သူက “ခ႐ုစြပ္ျပဳတ္ေခါက္ဆြဲဘဲ အၿမဲစားတယ္။ အနံ႔နဲ႔ အရသာကို လုံးမခံႏိုင္ဘူး” လို႔ ဆိုတဲ့အခါမွာ ေခါက္ဆြဲေရာင္းသူက ထိုစကားကိုၾကားၿပီး ေဒါသထြက္သြားပါတယ္ ။

ထိုအမ်ိဳးသားက ဆက္ၿပီးမေက်မနပ္ျဖစ္တာေၾကာင့္ “ သူမက စားၿပီးတိုင္း သြားမတိုက္တာပဲ။ ကြၽန္ေတာ္အိပ္ေပ်ာ္သြားတဲ့အခ်ိန္ဆို သူမက လာနမ္းတဲ့အခ်ိန္မွာ အနံ႔က သူ႔ပါးစပ္ကေန ႏွာေခါင္းေပါက္အထိ ပ်ံ႕သြားတယ္။ ဘယ္ေလာက္ဆိုးလဲ သိလား” ဆိုၿပီး ေဒါသတႀကီးနဲ႔ ေျပာဆိုခဲ့ပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

တရုတ်နိုင်ငံ၊ Liuzhou ပြည်နယ်ရှိ လူကြိုက်များတဲ့ ခရုစွပ်ပြုတ်ခေါက်ဆွဲဆိုင်ဟာ ဒေသထွက်ဟင်းများရောင်ချနေတာပါ ။ ဒေသထွက် ကြာဇံ၊ မျှစ်ချဉ်၊ မှို၊ ပဲ၊ ဆလတ်ခြောက်၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များနဲ့ အခြားပါဝင်ပစ္စည်းများ ပါဝင်ပါတာကြောင့်ပါ ။ ခရုဟင်းရည်ဖြင့် ချက်ထားတဲ့အနံ့ကြောင့် လူသိများခဲ့ပါတယ် ။ တရုတ်မီဒီယာများရဲ့ ဖော်ပြချက်အရ ကွမ်တုံပြည်နယ်၊ Dongguan မှာ ဖြစ်ပွားခဲ့တာက အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ရည်းစားမသိအောင် ခရုခေါက်ဆွဲကို မကြာခဏ တိတ်တဆိတ်ဝယ်ယူတက်တာကြောင့် ငြင်းခုံမှုဖြစ်ပွားခဲ့ပါတယ် ။

နောက်ညမှာ ကောင်လေးက သူ့ကောင်မလေးနောက်လိုက်ပြီး ခရုဟင်းရည်ထပ်ဝယ်စားတာကို မြင်ပြီး ရန်သွားရှာခဲ့ပါတယ် ။ လူငယ်က သူ့ကောင်မလေးကို အရမ်းဒေါသထွက်နေတဲ့အတွက် သူက “ခရုစွပ်ပြုတ်ခေါက်ဆွဲဘဲ အမြဲစားတယ်။ အနံ့နဲ့ အရသာကို လုံးမခံနိုင်ဘူး” လို့ ဆိုတဲ့အခါမှာ ခေါက်ဆွဲရောင်းသူက ထိုစကားကိုကြားပြီး ဒေါသထွက်သွားပါတယ် ။

ထိုအမျိုးသားက ဆက်ပြီးမကျေမနပ်ဖြစ်တာကြောင့် “ သူမက စားပြီးတိုင်း သွားမတိုက်တာပဲ။ ကျွန်တော်အိပ်ပျော်သွားတဲ့အချိန်ဆို သူမက လာနမ်းတဲ့အချိန်မှာ အနံ့က သူ့ပါးစပ်ကနေ နှာခေါင်းပေါက်အထိ ပျံ့သွားတယ်။ ဘယ်လောက်ဆိုးလဲ သိလား” ဆိုပြီး ဒေါသတကြီးနဲ့ ပြောဆိုခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အနံ႔အသက္ပ်င္းတဲ့ ခ႐ုစြပ္ျပဳတ္ဟင္းရည္ကို မၾကာခဏစားၿပီး သြားမတိုက္တက္တဲ့ေကာင္မေလးေၾကာင့္ ထပ္မေရာင္းေပးဖို႔ ဆိုင္ရွင္ကိုရန္ရွာခဲ့တဲ့ လူငယ္ေလး"

Leave a comment

Your email address will not be published.


*