.
.
.
JRose (Mckzone daily)
Reference : bestie
Unicode
ဗီယက်နမ်နိုင်ငံက An Giang ပြည်နယ် Long Xuyen မှာနေထိုင်တဲ့ အသက် ၇၀ အဘွားကြီးဟာ မိသားစုအခြေအနေ ခက်ခဲနေသော်လည်း ဗုံဝိုင်းအပေါ် ချစ်မြတ်နိုးမှုက လျော့မသွားဘဲ မြတ်နိုးနေဆဲဖြစ်ပါတယ် ။ အဘွားကြီးရဲ့ အရည်အချင်းတွေက နားထောင်ဖူးသူတွေရဲ့အဆိုအရ အဘွားဟာ ဂီတတူရိယာကောင်းကောင်း မပိုင်ဆိုင်ထားပေမဲ့ အံ့သြရလောက်တဲ့အထိကို ကောင်းကောင်းတီးခတ်နိုင်ပါတယ် ။ ဒီ အသက်၇၀အမျိုးသမီးရဲ့ အမွေဆက်ခံမှုက အိမ်ထောင့်မှာ ဗုံအဟောင်းတစ်လုံးပဲ ရှိတာပါ ။
အနီးကပ်စစ်ဆေးရာမှာ ဒရမ်အခြမ်းအများစုက ကွဲအက်နေပါပြီ ။ ထိုအခြေအနေနဲ့ ရင်ဆိုင်ရသောအခါ အဘွားကြီးက ပြွန်တိပ်ကိုသုံးပြီး ပြုပြင်ခဲ့ပါတယ် ။ အဘွားကြီးရဲ့ ဒရမ်တီးမှုစွမ်းရည်က ပြောစရာမလိုဘဲ သူမဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ အကူအညီမှမပါဘဲ အသံကိုလည်း ချိန်ဆနိုင်ခဲ့ပါတယ် ။ ပျော့ပျောင်းတဲ့ ခြေလက်များနဲ့ တီးခတ်တဲ့ အဘွားကြီးကို ကြည့်ကာ လူတိုင်းက မခံမရပ်နိုင်ဖြစ်ပြီး သဘောကျနေကြပါတယ် ။ ဒီတော့ မင်းရဲ့ဝါသနာကို လိုက်ဖို့ ဘယ်တော့မှ နောက်ကျမှာမဟုတ်ဘူးဆိုတာကို မြင်မိတယ်မဟုတ်လား ။
JRose (Mckzone daily)
Be the first to comment on "ဒရမ်တီးခတ်ခြင်းကို အလွန်နှစ်သက်သည့်အတွက် အသက် ၇၀ ရှိနေပြီဖြစ်သော်လည်း မြတ်နိုးနေဆဲဖြစ်တဲ့ အဖွားကြီး"