.
.
JRose (Mckzone daily)
Reference : worldofbuzz
Unicode
မလေးရှားနိုင်ငံက Adnil Usi San အမည်ရှိ အမျိုးသမီးဟာ သူမနဲ့သူမတို့မိသားစုစိုက်ထားတဲ့ ဂျပန်နှင်းဆီပန်းများက နောက်ဆုံးမှာ အပြည့်ပွင့်လာခဲ့ပါတယ် ။ ဒီမြက်ခင်းပြင်တွေကို စိုက်ဖို့ ၇လကြာ အလုပ်ကြိုးစားခဲ့ကြောင့် သူမရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကို တင်ပြလာခဲ့ပါတယ် ။ သူမက ပန်းများကို အိုးထဲ စိုက်ထည့်မဲါအစား ပန်းမျိုးစုံကို မြက်ခင်းပြင်အနှံ့ စိုက်ပြီး အရိပ်အယောင်များ ဖြန့်ကာ အာကာသကို မှော်ဆန်တဲ့ အရောင်အသွေးများစွာအဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။
.
၇လခန့်အကြာမှာ သူတို့ရဲ့ကြိုးစားအားထုတ်မှုအားလုံး ပြည့်စုံလာခဲ့ပါတယ် ။ လှပတဲ့ဥယျာဉ်ကို စိုက်ပျိုးရခြင်းရဲ့ ရည်ရွယ်ချက်မှာ ဂျပန်နှင်းဆီများနဲ့ ပြည့်နေတဲ့ မြက်ခင်းပြင်တစ်ခုရှိရန် အဖွားရဲ့အိမ်မက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း သူမက ပြောပြခဲ့ပါတယ် ။ “အဖွားရဲ့ ဆီးချိုရောဂါနဲ့သွေးတိုးပြဿနာများပုံမှန်ပြန်ဖြစ်လာတဲ့အတွက် အရမ်းပျော်ပါတယ်” လို့ Adnil က WORLD OF BUZZ မှာ မျှဝေခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "အဖွားရဲ့အိမ်မက်ကို ဖြည့်ဆည်းပေးဖို့ ဂျပန်နှင်းဆီပန်းတွေကို ၇ လကြာစိုက်ပျိုးခဲ့တဲ့ အမျိုးသမီးတစ်ဦး"