အိမ်ကနေ ခိုးထွက်ပြီးနောက် အခြားကလေးတွေလိုမဟုတ်ဘဲ လေယာဉ်ပေါ်ခိုးတက်ပြီး ၁,၆၇၅ မိုင်ဝေးတဲ့အခြားနိုင်ငံအထိတောင် ရောက်သွားခဲ့တဲ့ ၉ နှစ်အရွယ်ကောင်လေးတစ်ဦး
မကြာသေးမီက အိမ်ကနေထွက်ပြေးလာတဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အွန်လိုင်းမှာ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ရှာဖွေပြီးနောက် လေယာဉ်တစ်စီးပေါ်ကိုခိုးဝင်နိုင်ခဲ့ပြီး မိုင်ပေါင်း 1,675 ကျော် ခရီးသွားခဲ့ပါတယ်။
.
အဆိုပါ Emanuel Marques de Oliveira အမည်ရှိကောင်လေးဟာ ထိုအဖြစ်အပျက်အတွက် သူ့မိဘတွေကို စိတ်ပူခေါင်းခဲသွားစေခဲ့ပေမဲ့လည်း ကျေးဇူးတင်စွာနဲ့ သူ့ကို ပြန်ရှာတွေ့ခဲ့ပြီး ဘေးကင်းနေကြောင်းလည်း သိခဲ့ရပါတယ်။ သူ့မိခင် Daniele Marques ဟာ သားဖြစ်သူ အိမ်မှာမရှိတာကိုသတိပြုမိပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက် စနေနေ့ မနက်ပိုင်းမှာ မိဘဖြစ်သူတွေက ဘရာဇီးနိုင်ငံ Manaus မြို့နေအိမ်မှာ သားဖြစ်သူ ပျောက်ဆုံးသွားခဲ့ကြောင်း ပထမဆုံးသတင်းပေးပို့ခဲ့ပါတယ်။
.
မိခင်ဖြစ်သူက ထိုနေ့ မနက် ၅ နာရီ ၃၀ မှာ သားဖြစ်ရဲ့အခန်းကိုသွားကြည့်တော့ ပုံမှန်အတိုင်း အိပ်နေတဲ့ Emanuel ကိုမြင်ခဲ့ရပေမဲ့ မနက် ၇ နာရီ ၃၀ လောက် ပြန်လာကြည့်တော့ အိပ်ခန်းထဲမှာ မရှိနေတဲ့ သားဖြစ်သူကြောင့် ထိတ်လန့်သွားခဲ့ပါတယ်။ ထို့နောက် မိခင် Daniele ဟာ သူမသားလေးက တိုင်းပြည်ရဲ့အခြားတစ်ဖက်ခြမ်းမှာ ရှိနေတာကို နည်းနည်းလေးမှ သတိမထားမိတာကြောင့် အာဏာပိုင်များထံမှ နောက်ဆုံးသတင်းမရရှိခင်အထိ သားဖြစ်သူကို တစ်နေကုန် လိုက်လံရှာနေခဲ့ပါတယ်။ အိမ်ကနေ ခိုးထွက်လာတဲ့ ကလေးအများစုက မြို့ထဲက လမ်းပေါ်တွေအထိလောက်ဘဲ ရောက်တတ်ကြပေမဲ့လည်း၊ Emanuel ကတော့ လေယာဉ်ပေါ်တက်ပြီး ကီလိုမီတာ 2,700 အကွာမှာ အဆုံးသတ်ခဲ့ပါတယ်။
.
သူ့ကို Sao Paulo ကမ်းရိုးတန်းပြည်နယ် Guarulhos မြို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Emanuel ရဲ့ဇာတိမြို့က ဘရာဇီးအနောက်မြောက်ပိုင်းရှိ Amazonas ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး၊ ဆိုလိုသည်မှာ သူဟာ နိုင်ငံရဲ့အခြားဘက်ခြမ်းသို့ရောက်အောင်သွားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် သူ့မှာ လက်မှတ် သို့မဟုတ် ခရီးသွားစာရွက်စာတမ်းများနှင့် ခရီးဆောင်အိတ်များမရှိသလို သတိမထားခံရဘဲ LATAM လေကြောင်းလိုင်းဖြင့် ပျံသန်းလာသည့်လူငယ်လေးဟာ ဘယ်လိုတောင်သွားလာခဲ့တာကို လောလောဆယ်အထိ သေချာမသိရသေးပါဘူး။
.
Manaus လေဆိပ်စီမံခန့်ခွဲရေးအဖွဲ့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ၊
မည်ကဲ့သို့ ဖြစ်ပွားခဲ့သည်ကိုသိရှိရန် ကြိုးစားနေကြသလို ဒေသဆိုင်ရာရဲများကလည်း လေဆိပ်မှ လုံခြုံရေးကင်မရာ ဓါတ်ပုံများကို တောင်းဆိုကာ ၎င်းတို့ရဲ့ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ကြပါတယ်။ ထို့ပြင် Emanuel ဟာ အင်တာနက်ပေါ်မှာ ‘သတိမပြုမိနိုင်တဲ့ လေယာဉ်ပေါ်တက်နည်း’ ကို ရှာဖွေပြီးနောက် ၎င်းကို တစ်ယောက်တည်း ပြုမူခဲ့ပြီး ၊ မိသားစုအတွင်း အကြမ်းဖက်မှု ရာဇဝင်မျိုးမရှိသလို ၊ ကောင်လေးဟာ Sao Paulo မှာရှိတဲ့ ၎င်းရဲ့အခြားမိသားစုဝင်အချို့ထံ သွားရောက်လည်ပတ်ဖို့သာ ရိုးရိုးသားသားတွေးခဲ့ကြောင်း ရဲအရာရှိများက ပြောကြားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : ladbible
Be the first to comment on "အိမ်ကနေ ခိုးထွက်လာပြီးနောက် လေယာဉ်ပေါ်ခိုးတက်ပြီး ၁,၆၇၅ မိုင်ဝေးတဲ့ အခြားနိုင်ငံတစ်နိုင်ငံအထိ ရောက်သွားခဲ့တဲ့ ၉ နှစ်အရွယ်ကောင်လေးတစ်ဦး"