ကာတွန်းစီးရီးကို အရမ်းချစ်ကြတဲ့အတွက် အသက် 70 နှစ်ရှိ ဂျပန်သက်ကြီးရွယ်အို စုံတွဲတစ်တွဲဟာ အငြိမ်းစားယူပြီးနောက်ပိုင်း သူတို့ရဲ့ အရည်အချင်းတွေကို အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဂျပန်နိုင်ငံ၊ မီယာဇာကီစီရင်စုမှ ဒီဇနီးမောင်နှံနှစ်ဦးက ဘိလပ်မြေဖြင့် တည်ဆောက်တဲ့ ပန်းပုများကို အလုပ်လုပ်ကိုင်ခဲ့ကြပါတယ် ။ သူတို့ဟာ ယခင်က ခေတ်များအတွင်း ခေတ်စားခဲ့တဲ့ ပန်းပုများနဲ့ မျိုးဆက်သစ်များကို အံ့အားသင့်စေရန် စိတ်ကူးရှိခဲ့ပါတယ် ။ အဘိုးအိုက လေပြင်းတိုက်ခတ်မှုမှ လွင့်ပါးခြင်းမှ ကာကွယ်ရန် သစ်သားပြားများကို သံမှိုဖြင့် ခိုင်ခံ့တဲ့ ကွန်ကရစ်အခြေကို ပြုလုပ်ခဲ့ပါတယ် ။
.
.
သစ်သားပြားများကို ခိုင်ခံ့အောင် ချည်နှောင်ထားပြီး အဘိုးအိုက ၎င်းတို့ကို ကွန်ကရစ်အလွှာဖြင့် ဖုံးအုပ်ကာ Totoro ပုံစံနဲ့တူပါတယ် ။ ဖြစ်စဉ်အတွင်း အနီးနားရှိ လူအချို့ကလည်း ဒီစုံတွဲကို ကူညီရန် စုရုံးခဲ့ကြပါတယ် ။ ကူညီပေးခဲ့သူအများစုက ကာတွန်းစီးရီးရဲ့ ပရိသတ်များဖြစ်သောကြောင့် ရုပ်ထုတည်ဆောက်ခြင်းကို နှစ်သက်ကြပါတယ် ။
.
.
ထို့နောက် အဖွားက Totoro ရဲ့ ပုံစံကို ဘိလပ်မြေပေါ်မှာ ထုလုပ်ကာ ကာတွန်းဇာတ်ကောင်ရဲ့ ရုပ်တုက ပြီးလုနီးပါးဖြစ်နေပါပြီ ။နောက်ဆုံးအနေနဲ့ ပြီးသွားတဲ့ ရုပ်ထုကို အရောင်ခြယ်ဖို့ အချိန်ရောက်ပါပြီ ။ သူတို့စုံတွဲဟာ နောက်ဆုံးအလွှာကို Totoro ပုံတူအဖြစ် စိတ်ရှည်စွာ ဒီဇိုင်းဆွဲကြပါတယ် ။
.
.
.
အားလုံးပြီးစီးသွားပြီး ကလေးများကလည်း သူတို့ရဲ့မိဘများနဲ့အတူ ဧရာမ Totoro ရုပ်တုနဲ့အတူ ဓာတ်ပုံရိုက်ရန် စိတ်လှုပ်ရှားနေကြပါတယ် ။ ရုပ်တုရဲ့နေရာက ချက်ချင်းပင် ကျော်ကြားတဲ့ ရှုခင်းသာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်ဆိုင်းပြီး ပုံစံတူလုပ်ထားတဲ့ Totoro ရဲ့ ရှုခင်းက တကယ့်ကို အံ့မခန်းပါပဲ ။
JRose (Mckzone daily)
Reference : goodtimes
Be the first to comment on "ငယ်ဘဝအမှတ်တရများကို အထိမ်းအမှတ်ပြုရန် ကာတွန်းစီးရီးထဲက ဧရာမ Totoro ရုပ်တုကြီးကို ပြုလုပ်ခဲ့တဲ့ သက်ကြီးရွယ်အိုစုံတွဲတစ်တွဲ"