လက်ရှိ ၂၁ နှစ်အရွယ် စေ့စပ်ထားသူကို သိပ်ချစ်လွန်းလို့ လုံးဝကွာရှင်းခွင့် ရမှာမဟုတ်ဘူးလို့ဆိုတဲ့ အိမ်ထောင်ဆက်လေးဆက်မြောက် ချိန်းတွေ့ခြင်းဝက်ဆိုက်ဘ်ပိုင်ရှင်သူဌေးတစ်ဦး

ကမ္ဘာ့အကျော်ကြားဆုံး ‘Sugar Dating’ ဆိုက်တစ်ခုရဲ့ CEO ဖြစ်တဲ့ အသက် 51 နှစ်အရွယ် Brandon Wade အမည်ရှိအမျိုးသားတစ်ဦးဟာ ၎င်းရဲ့လက်တွဲဖော်အသစ်ဖြစ်တဲ့ အသက် 21 နှစ်အရွယ် Dana အမည်ရှိအမျိုးသမီးတစ်ဦး အပေါ် အလွန်အမင်း စွဲလမ်းလွန်းနေတာကြောင့် ၎င်းရဲ့ Sugar Dating ကုမ္ပဏီကို Seeking Arrangement ရှာဖွေခြင်းမျှသာလို့ အမည်ပြောင်းကာ sugar dating အပေါ် အာရုံစူးစိုက်မှုနည်းပါးပြီး စစ်မှန်တဲ့ချိတ်ဆက်မှုများကိုရှာဖွေနေသူတို့အပေါ်၌သာ ပိုပြီးအာရုံစိုက်မှုများလာမယ်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ Sugar dating က ငွေကြေးအကူအညီလိုအပ်တဲ့ အသက်ငယ်ရွယ်သူ နှင့် ချမ်းသာကြွယ်ဝတဲ့အသက်ကြီးသူတို့နှစ်ဦး ချိန်းတွေ့သည့်အခါမှာ သုံးတဲ့အသုံးအနှုန်းဘဲဖြစ်ပါတယ်။
စီးပွားရေးသမား Brandon က အိမ်ထောင်ရေးသုံးကြိမ် ပြိုကွဲခဲ့ဖူးပေမဲ့ Dana ကတော့ သူ့ရဲ့လက်တွဲဖော်အစစ်အမှန်လို့ယုံကြည်နေပြီး ၎င်းတို့စုံတွဲက ယခုနှစ်နွေဦးမှာ လက်ထပ်ဖို့ စီစဉ်ထားကြပါတယ်။

.

ယခင်က Brandon ကို အများအားဖြင့် ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးများနှင့် ‘အပြန်အလှန် အကျိုးရှိတဲ့ ဆက်ဆံရေး’ ကိုရှာဖွေရန် ကူညီတဲ့ နာယကအဖြစ် လူသိများပါတယ်။ သို့ပေမဲ့ Seeking Arrangement အမှတ်တံဆိပ်သို့ပြောင်းလဲပြီးတာနဲ့ Brandon က ၎င်းရဲ့ကုမ္ပဏီကို ၎င်းတို့ကိုယ်တိုင် ချိန်းတွေ့လိုတဲ့စိတ်တူကိုယ်တူရှိသူများအတွက် အကြီးမားဆုံးပလက်ဖောင်းအဖြစ်မြှင့်တင်ကာ ၎င်းတို့ရဲ့ကိုယ်ပိုင်သတ်မှတ်ချက်များဖြင့် ဆက်ဆံရေးကိုဖန်တီးပေးနိုင်ရန် ကြိုးစားနေပါတယ်။

.

“ ကျွန်တော့်ရဲ့ချိန်းတွေ့မှုဘဝက ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တာပါ၊ ကျွန်တော်က မာနကြီးပြီး မဟန်ဆောင်တက်တဲ့ပုံစံကို လက်ခံထားခဲ့တယ်၊ ဒါမယ့် ကျွန်တော့်ရဲ့ လက်တွဲဖော် Dana ကိုတွေ့တဲ့အခါ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်၊ အခု ဒီဆိုက်ရဲ့ဆင့်ကဲဖြစ်စဉ်က ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာခရီးကို ထင်ဟပ်စေတယ်၊ တစ်ချိန်က ကမ္ဘာ့အကြီးဆုံး ‘sugar dating’ ဆိုက်က ခုတော့ သင့်ကိုယ်ပိုင်သတ်မှတ်ချက်တွေ၊ ချိတ်ဆက်မှုတွေ၊ ရိုးသားမှု နဲ့ ဆက်ဆံရေးကောင်းတွေကို ရှာဖွေဖို့ နေရာဖြစ်လာပြီ “ လို့ Brandon က ချိန်းတွေ့ခြင်းလောကက သူ့ကိုယ်ပိုင် ဆင့်ကဲဖြစ်စဉ်အကြောင်းပြောပြရာမှာ ထိုသို့ ပြောကြားခဲ့ပါတယ်။

.

Brandon ဟာ ယခင်က သူ့အတွက် အချစ်ဆိုတာ ဆင်းရဲသားတွေက တီထွင်ထားတဲ့အယူအဆတစ်ခုလို့ပြောခဲ့ဖူးပေမဲ့ လက်ရှိသူ့လက်တွဲဖော် Dana နဲ့တွေ့ဆုံပြီးနောက်မှာ အချစ်အပေါ်ထားတဲ့ သူ့ရဲ့သဘောထားက နှစ်တွေကြာလာတာနဲ့အမျှ ပြောင်းလဲလာခဲ့ကြောင်းလည်း ဆိုထားပါတယ်။ 2014 ခုနှစ်၌ MIT ဘွဲ့ရဖြစ်တဲ့ Brandon က ” လူတို့လက်ထပ်ရခြင်းအကြောင်းရင်းနှစ်ခုက အချစ်နှင့်ငွေအတွက် “ လို့ ပြောကြတယ်၊ ရယ်စရာကောင်းတာက ဒါတွေဟာ လူတွေကွာရှင်းရတဲ့ အကြောင်းရင်းတွေထဲမှာ အကြီးမားဆုံး အကြောင်းရင်းနှစ်ခုလည်းဖြစ်နေတယ် ၊ အိမ်ထောင်ရေးကရှုပ်ပေမဲ့ ကွာရှင်းတာက ပိုလို့တောင် ရှုပ်ပါတယ်၊ ဒါ့ပြင် အိမ်ထောင်ရေးက ပျော်ရွှင်မှု ဒါမှမဟုတ် ငွေကြေးလုံခြုံမှုအတွက် တစ်ခုတည်းသော လမ်းကြောင်းမဟုတ်ပါဘူး၊” လို့လည်း Brandon က ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ Brandon ဟာ အခုတော့ အချစ်အပေါ် သူ့ရဲ့ခံစားချက်က သေချာပေါက် စိတ်ပြောင်းလဲသွားခဲ့တဲ့အပြင် သူဟာ Dana နှင့် ကွာရှင်းပြတ်စဲရန်အတွက် တရားရုံးတက်တာမျိုး လုံးဝရှိလာမှာမဟုတ်ကြောင်းကို အကြွင်းမဲ့ယုံကြည်ထားလျက်ရှိနေပါတယ်။

Mia (Mckzone daily)

Reference : ladbible

Be the first to comment on "လက်ရှိ ၂၁ နှစ်အရွယ် စေ့စပ်ထားသူကို သိပ်ချစ်လွန်းလို့ လုံးဝကွာရှင်းခွင့် ရမှာမဟုတ်ဘူးလို့ဆိုတဲ့ အိမ်ထောင်ဆက်လေးဆက်မြောက် ချိန်းတွေ့ခြင်းဝက်ဆိုက်ဘ်ပိုင်ရှင်သူဌေးတစ်ဦး"

Leave a comment

Your email address will not be published.


*