သခင်အသစ်ဆီမလွှဲပေးလိုက်ခင်လေးမှာ ခွေးပေါက်လေးအား နောက်ဆုံးအနမ်းပေးဖို့အတွက် နောက်ကလိုက်လာခဲ့တဲ့ လေလွင့်မိခင်ခွေးတစ်ကောင် (ရုပ်သံ)

နေရာတိုင်းက အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့အိမ်မွေးတိရိစ္ဆာန်များကိုကူညီပေးဖို့ လုပ်ဆောင်ပေးတဲ့အခါ ကျွန်တော်တို့အားလုံး ဝမ်းသာကြပေမဲ့လည်း ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်ထားတဲ့ခွေးမတစ်ကောင်မှ မွေးဖွားခဲ့တဲ့ခွေးလေးတွေကို တစ်ယောက်ပြီးတစ်​ယောက် မွေးစားဖို့ ယူသွားကြတာကိုမြင်ရတဲ့အခါ ထိုမိခင်ခွေးရဲ့ခံစားချက်ကို ကျွန်တော်တို့ မစဉ်းစားမိတတ်ကြပါဘူး။ မကြာသေးမီက တရုတ်နိုင်ငံ Henan ပြည်နယ်ရှိ မျိုးကွဲမိခင်ခွေးတစ်ကောင်က ၎င်းရဲ့ခွေးလေးတစ်ကောင်အား ပိုင်ရှင်အသစ်ဆီ မလွှတ်လိုက်ခင်မှာ နောက်ဆုံးအနမ်းပေးဖို့အတွက် လမ်းပေါ်သို့ပြေးထွက်လာနေတာကိုတွေ့မြင်ရတဲ့အခါမှာ နှလုံးသားများစွာကို ကြေကွဲသွားခဲ့ရပါတယ်။

.

ကိုယ်ဝန်လွယ်ထားရတဲ့ ထိုမိခင်ခွေးတစ်ကောင်က Henan ပြည်နယ် Zhengzhou တက္ကသိုလ်မှ ကျောင်းသားများရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေခဲ့ပါတယ်။ ထိုမိခင်ခွေးက ခွေးပေါက်လေး ခုနစ်ကောင်ကိုမွေးဖွားခဲ့ပြီး ၎င်းတို့ရဲ့မွေးဖွားမှုက သူမအတွက် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုဖြစ်ကြောင်း သေချာနေတာကြောင့် သူမရဲ့ကလေးတွေကိုမွေးစားဖို့ အဆင်သင့်ဖြစ်လာတဲ့အခါမှာ ထိုမိခင်ခွေးက အသည်းကွဲနေခဲ့ပုံရပါတယ်။ ဒါပေမဲ့ ထိုမိခင်ခွေးဟာ ထိုအရာက သူမရဲ့ကလေးများအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တာကိုလည်း သူမ နားလည်တာကြောင့် မွေးစားခံလိုက်ရတဲ့သူမရဲ့ခွေးပေါက်တိုင်းကို နောက်ဆုံးအကြိမ်အဖြစ် လိုက်နှုတ်ဆက်ပေးခဲ့ပါတယ်။

.

ထို့နောက် သူမအနားမှာ ကျန်ရှိတဲ့ နောက်ဆုံးတစ်ကောင်ဖြစ်တဲ့ခွေးပေါက်လေးအား ပိုင်ရှင်အသစ်က မွေးစားလိုက်ချိန်မှာတော့ ထိုမိခင်ခွေးက သူမရဲ့နောက်ဆုံးလက်ကျန်ခွေးပေါက်လေးကို နောက်ဆုံးအနမ်းပေးဖို့အတွက် နောက်ကလိုက်ပြီး လမ်းပေါ်ပြေးထွက်လာခဲ့ပါတယ်။

.

ဒါဟာ ၎င်းတို့သားအမိကြားက မျှဝေခံစားရမယ့် တကယ့် အခိုက်အတန့်ပါဘဲ။ ဗီဒီယိုထဲမှာမြင်တွေ့ခဲ့ရတဲ့အတိုင်း ပိုင်ရှင်အသစ်က ထိုခွေးလေးကို သူ့မိခင်ဆီနှိမ့်ချပေးလိုက်တော့ မိခင်ခွေးလေးကလည်း သူမရဲ့ကလေးမျက်နှာကိုနမ်းပြီး နှုတ်ဆက်နေခဲ့ပါတယ်။

ထို့ပြင် ပိုင်ရှင်အသစ်ဖြစ်သူက ထိုမိခင်ခွေးလေးအား ‘ စိတ်မပူပါနဲ့ မင်းရဲ့ကလေးကို ငါ ကောင်းကောင်း ဂရုစိုက်မှာပါ ‘ လို့လည်း ပြောကြားပေးနေခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "သခင်အသစ်ဆီမလွှဲပေးလိုက်ခင်လေးမှာ ခွေးပေါက်လေးအား နောက်ဆုံးအနမ်းပေးဖို့အတွက် နောက်ကလိုက်လာခဲ့တဲ့ လေလွင့်မိခင်ခွေးတစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*