မင်္ဂလာမဆောင်မီ သတို့သားက အခြားအမျိုးသမီးနဲ့ လျှို့ဝှက်စွာပရောပရည်လုပ်တာကိုသိပြီး ရင်ကွဲမတက်ဖြစ်ကာ ငိုကျွေးခဲ့တဲ့သတို့သမီး
.
JRose (Mckzone daily)
Reference : khaosod
Unicode
လက်ထပ်တယ်ဆိုတာ အမျိုးသားရော အမျိုးသမီးရော လက်တွဲနေထိုင်ဖို့ ကတိကဝတ်ပြုတဲ့ သင်္ကေတတစ်ခုလိုပါပဲ ။ တစ်ဖက်မှာလည်း ကောင်မလေးတွေက ချစ်စရာကောင်းတဲ့ အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားကြပါတယ် ။ ဒါပေမယ့် တစ်ခါတရံမှာ အိမ်ထောင်ရေးကို ပျက်ပြားစေတဲ့ ကိစ္စရပ်တွေ၊ အတားအဆီးတွေ ရှိလာနိုင်ပါတယ် ။ အွန်လိုင်းမှာထွက်ပေါ်လာတဲ့သတင်းကတော့ မင်္ဂလာပွဲရဲ့အလယ်မှာ အမျိုးသားတစ်ဦးရဲ့ လှည့်စားခြင်းကိုခံရပြီးနောက် သတို့သမီးတစ်ဦးရဲ့ အိပ်မက်ဟာ ပြိုပျက်သွားခဲ့ပါတယ် ။
Tiktok အသုံးပြုသူ @santosyudai က ဘိုလီးဗီးယားမှ စုံတွဲတစ်တွဲရဲ့ အံ့အားသင့်ဖွယ် မင်္ဂလာပွဲဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ် ။ သတို့သမီးက အလွန်သနားစရာကောင်းလောက်အောင် ငိုကြွေးနေတာကြောင့် မင်္ဂလာပွဲမပြီးမီ မိနစ်ပိုင်းအလိုမှာ သတို့သားမှ သူမ လျှို့ဝှက်လှည့်စားခံခဲ့ရပါတယ် ။ သတို့သားက မိန်းကလေးတစ်ယောက်နဲ့ တိတ်တခိုးပရောပရည်လုပ်တာကို သတို့သမီးက ထိုအဖြစ်အပျက်ကိုမြင်ရသဖြင့် အလွန်တုန်လှုပ်သွားပြီး အရမ်းဒေါသထွက်ခဲ့ပါတယ် ။ လမ်းတစ်လျှောက်မှာ ငိုယိုပြီး သတို့သမီးရဲ့ သူငယ်ချင်းများက လာပြီး နှစ်သိမ့်ကာ မျက်ရည်များကို သုတ်ပေးခဲ့ပါတယ် ။
ဇာတ်လမ်းကို လွှင့်တင်ပြီးကတည်းက အင်တာနက်အသုံးပြုသူ အများအပြားကလည်း သတို့သမီးကို နှစ်သိမ့်အားပေးမှုတိုင့်ဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ် ။ “အမှန်တရားကို အစောရီးသိလိုက်တော့ အရမ်းကံကောင်းပါတယ်။ မဟုတ်ရင် မင်းတစ်သက်လုံး မင်းနောင်တရလိမ့်မှာ။” “ သူနဲ့ လမ်းခွဲလိုက်ပါ။ သူက သိပ်တန်ဖိုးကြီးတာ မဟုတ်ဘူး။ မင်းပိုကောင်းတဲ့ လူနဲ့ တွေမှာပါ” ဆိုပြီး မှတ်ချက်ပေးကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "မင်္ဂလာမဆောင်မီ သတို့သားက အခြားအမျိုးသမီးနဲ့ လျှို့ဝှက်စွာပရောပရည်လုပ်တာကိုသိပြီး ရင်ကွဲမတက်ဖြစ်ကာ ငိုကျွေးခဲ့တဲ့သတို့သမီး"
Leave a comment
Your email address will not be published.
*