မင်္ဂလာဆောင်ဓာတ်ပုံအတွက် ၃၄ သိန်းကျော် အကုန်အကျခံ ဌားရမ်းခဲ့ရပေမဲ့ ကြည့်ရဆိုးလွန်းနေတဲ့ ဓာတ်ပုံဆရာရဲ့ရိုက်ချက်တွေကို ဒေါသထွက်စွာ ပြသလာခဲ့တဲ့ အမျိုးသားတစ်ဦး

Ivan အမည်ရှိ အင်တာနက်အသုံးပြုသူတစ်ဦးဟာ ၎င်းရဲ့မင်္ဂလာဆောင်နေ့အတွက် ငှါးရမ်းထားခဲ့သည့် ဓာတ်ပုံဆရာက ဓာတ်ပုံအားလုံးကို ဘယ်လိုတောင် စိတ်ပျက်စရာကောင်းအောင် ရိုက်ကူးခဲ့ပုံကို ဖေ့စ်ဘွတ်ခ်မှာ မျှဝေပေးခဲ့ပြီး အချို့သောဓာတ်ပုံများကလည်း ဆိုးရွားလွန်းလို့ Photoshop နဲ့တောင် မကယ်နိုင်ခဲ့ပါဘူး။ “ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရနေ့တစ်နေ့ ဖြစ်သင့်ပေမယ့် စိတ်ပျက်စရာတွေ ပြည့်နှက်နေခဲ့တယ်။ ဓာတ်ပုံရိုက် ၊ ဗီဒီယိုရိုက်တာနဲ့ ဓာတ်ပုံအယ်ဘမ်တစ်ခုအပါ 3-in-1 ပက်ကေ့ခ်ျအတွက် S$2,700 ( ၃၄ သိန်းကျော် ) ပေးခဲ့ရသေးတယ် ” လို့ lvan က ဆိုခဲ့ပါတယ်။ ဓာတ်ပုံဆရာဟာ ဓါတ်ပုံရိုက်ကူးစဉ်အတွင်း “Oh good!”၊ “Nice shot!” နဲ့ “နောက်တစ်ခု!” လို့ အရမ်းမိုက်နေတဲ့ပုံနဲ့ သူတို့ကိုအော်ပြနေခဲ့ပေမဲ့ ၊မင်္ဂလာဆောင်အယ်လ်ဘမ်ထွက်လာတော့ ပြင်ပရိုက်ချက်များရဲ့ 90 ရာခိုင်နှုန်းက လွန်လွန်ကဲကဲ ဖြစ်နေပြီး ရုပ်ဆိုးအကျည်းတန်လွန်းနေတာကြောင့် lvan ဟာ အရမ်းကို ဒေါသထွက်သွားခဲ့ပါတယ်။

.

.

ဒါ့ပြင် lvan က သူတို့ရဲ့သတို့သား၊ သတို့သမီးအရံတွေက နေပူထဲ နှစ်နာရီကြာ ရပ်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ကြပေမဲ့ ထွက်လာတဲ့ပုံတွေက သရဲသစ္ဆေတွေနဲ့တူနေခဲ့တာကြောင့် ၎င်းတို့ကို အရမ်း အားနာမိကြောင်း ဆိုခဲ့ပါတယ်။ ဒါ့ပြင် ၎င်းဓာတ်ပုံဆရာဟာ ဓာတ်ပုံတွေက အရမ်းရုပ်ဆိုးနေတာကိုလက်မခံဘဲ တောင်းပန်မယ့်အစား “ ဓာတ်ပုံတွေက အဆင်​​ပြေပါတယ်​၊ ဘာတွေပြဿနာရှိနေလို့လဲ ၊ ဒါက ကျွန်တော်တို့ ဒီလို စိတ်ပျက်စရာတုံ့ပြန်မှုကို ပထမဆုံးအကြိမ်ကြားရတာဘဲ ၊ မင်း ဌားလိုက်တဲ့ဓာတ်ပုံဆရာက မင်္ဂလာပွဲရိုက်ကူးမှု အတွေ့အကြုံ 10 ကျော်ရှိတဲ့ ထိပ်တန်းဓာတ်ပုံဆရာဟ ” လို့ ပြန်ပြောပြီး ၎င်းရဲ့အရည်အချင်းမရှိမှုကို ဖုံးကွယ်ဖို့အတွက် lvan နှင့် ဇနီးတို့ရဲ့ရုပ်ရည်နှင့် ရိုက်ကူးဖို့ ရွေးချယ်ခဲ့တဲ့ ပတ်ဝန်းကျင်နေရာတွေကိုပါ ဝေဖန်ပြစ်တင်ခဲ့ပါသေးတယ်။

.

.

“ “စုံတွဲသီးသန့်” ဓာတ်ပုံအများစုကလည်း စိတ်လှုပ်ရှားမှုလည်းမပေါ်နေဘူး၊ သူက ကင်မရာအတွက် ပြုံးပြဖို့ သတိပေးချက်လေးတောင်မှ မပြောခဲ့ဘူး၊ သူ့ချည်း ဇွတ် ဓာတ်ပုံရိုက်နေခဲ့တယ် ၊ ပြီးကျ့ ဘာ သူက ‘အရေအတွက်ထက် အရည်အသွေးရှိတဲ့ဓာတ်ပုံတွေဘဲ ရစေရမယ်’ လို့တောင် ပြောခဲ့သေးတယ် ” လို့ Ivan က ထပ်မံ ရေးသားခဲ့ပါတယ်။

.

.

.

lvan တို့စုံတွဲဟာ “ ပြီးခဲ့တာတွေကို ပြန်ပြင်လို့မရဘူး ” လို့တွေးပြီး စိတ်တိုင်းမကျဘဲ ငွေ ၃၄ သိန်းကျော်ကို ရေစုံမျှောလိုက်ရပေမဲ့ မင်္ဂလာဆောင်ဓာတ်ပုံဝန်ဆောင်မှုကိုရှာဖွေနေတဲ့ အခြားသူများအတွက် သေချာသတိထားသင့်တဲ့ သတိပေးချက်တစ်ခုအဖြစ် ဒီပိုစ့်ကို ပြန်လည်မျှဝေပေးခြင်းဖြစ်ကြောင်းလည်း lvan က အဆုံးသတ် ရေးသားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "မင်္ဂလာဆောင်ဓာတ်ပုံအတွက် ၃၄ သိန်းကျော် အကုန်အကျခံ ဌားရမ်းခဲ့ရပေမဲ့ ကြည့်ရဆိုးလွန်းနေတဲ့ ဓာတ်ပုံဆရာရဲ့ရိုက်ချက်တွေကို ဒေါသထွက်စွာ ပြသလာခဲ့တဲ့ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*