ကင်မရာရှေ့မှာ ရုပ်သေးရုပ်လိုပင် ငြိမ်ငြိမ်လေးထိုင်နေပြီး သခင်ရဲ့ပစ္စည်းများကို ရောင်းကူရင်း ဖောက်သည်တွေကို ဆွဲဆောင်ခဲ့တဲ့ ကြောင်လေး



JRose (Mckzone daily)

Reference : khaosod

Unicode

အင်ဒိုနီးရှားက ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်ဟာ ရုပ်သေးရုပ်လိုပင် ငြိမ်သက်စွာထိုင်နေပါတယ် ။ ကြောင်များစွာက သခင်ရဲ့အမိန့်ကို ငြိမ်သက်စွာ နာခံဖို့ဆိုတာက အလွန်ရှားပါးပါတယ် ။ ဒါပေမယ့် ဒီကြောင်ကတော့ သခင်ဖြစ်သူ ပစ္စည်းတွေရောင်းနေရတာကိုလည်း ကူညီပေးခဲ့ပြီး ကင်မရာရှေ့မှာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့ပါတယ် ။Tiktok အသုံးပြုသူ @cicichaniaa က ဒီဗီဒီယိုကို တင်ခဲ့တညပါ ။ လိမ္မော်ရောင် အဆီဖြူကြောင် “Pororo” ကိုပြထားပြီး သခင်ကို ပစ္စည်းတွေရောင်းဖို့လည်း ကူညီပေးပါတယ် ။

ဗီဒီယိုထဲမှာတော့ Pororo ဟာ ကင်မရာရှေ့မှာ ရုပ်သေးရုပ်အဖြစ် ရပ်နေတာကို မြင်တွေ့ရပါတယ် ။ Pororo က အတော်လေးကို တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီး ကင်မရာကို ရှက်ရွံ့မှုလုံးဝမရှိခဲ့ပါဘူး ။ Pororo က ရုပ်သေးရုပ်အဖြစ် ငြိမ်ငြိမ်ထိုင်ပြီး မျက်မှန်များကို ဝတ်ဆင်ထားကာ ကြောင်က ဖောက်သည်များကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကင်မရာရှေ့မှာ ရုပ်သေးရုပ်လိုပင် ငြိမ်ငြိမ်လေးထိုင်နေပြီး သခင်ရဲ့ပစ္စည်းများကို ရောင်းကူရင်း ဖောက်သည်တွေကို ဆွဲဆောင်ခဲ့တဲ့ ကြောင်လေး"

Leave a comment

Your email address will not be published.


*