.
.
JRose (Mckzone daily)
Reference : bestie
Unicode
ဗီယက်နမ်လူနေမှုပုံစံ ၀က်ဘ်ဆိုက်တစ်ခုမှ တင်ပြလာတဲ့ မင်္ဂလာပွဲတစ်ခုမှာ သတို့သားလောင်း Pham Vu Dinh Huan (Lam Dong) က သတို့သမီးကို သွားခေါ်ရာမှာ ထရပ်ကားအစီး ၅၀ ကိုအသုံးပြုပြီး လူအများအာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ် ။ ယာဉ်တန်းက အလွန်ရှည်လျားပြီး သတို့သားအိမ်သို့ ပြန်ကာ မင်္ဂလာအခမ်းအနားအတွက် ဘုရားကျောင်းသို့ သွားခဲ့ပါတယ် ။ အထူးသဖြင့် သတို့သမီးနဲ့ သတို့သားကို တင်ဆောင်လာတဲ့ ထရပ်ကားက အလွန်လှပတဲ့ အသည်းပုံသဏ္ဍာန်ဖြင့် နှင်းဆီ 99 ပွင့်နဲ့ အလှဆင်ထားပါတယ် ။
လွန်ခဲ့တဲ့ 1 နှစ်ကတည်းက သတို့သမီးကို ထရပ်ကားဖြင့် လာတင်တောင်းရန် စိတ်ကူးရှိခဲ့တယ်လို့ သတို့သားက ပြောပါတယ် ။ သူကိုယ်တိုင်က ယာဉ်မောင်းလုပ်လာတာ ၁၃ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့မင်္ဂလာဆောင်နေ့မှာ မမေ့နိုင်စရာ ပေါ်လွင်အောင် ဖန်တီးဖို့ သူ့အလုပ်တွေကို သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစပ်ချင်နေပါတယ် ။ မစ္စတာ Huan ရဲ့ မင်္ဂလာပွဲ အခမ်းအနား ဓာတ်ပုံများနဲ့ ဗီဒီယိုဖိုင်များက လူတိုင်းကို အလွန်စိတ်လှုပ်ရှားစေခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "မင်္ဂလာပွဲအခန်းအနားကိုသွားဖို့ သတို့သမီးကို ထရပ်ကားအစီးရေ ၅၀ နဲ့ လာခေါ်ခဲ့တဲ့ သတို့သားကြောင့် လူများစွာ မျက်လုံးပြူးခဲ့ရ"