မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုမှာ ကူးစက်ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့လည်း သတို့သားနှင့်အတူ ဗီဒီယို call မှတစ်ဆင့် ဧည့်သည်တွေကို ဆက်လက် ဧည့်ခံပေးခဲ့တဲ့ သတို့သမီး

မကြာသေးမီက မလေးရှားသတို့သမီးတစ်ဦးဟာ ကူးစက်ရောဂါပိုးတွေ့ရှိပြီးနောက် ၎င်းရဲ့ကိုယ်ပိုင်မင်္ဂလာဧည့်ခံပွဲကို ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် တက်ရောက်ကျင်းပခဲ့ပါတယ်။ သုံးစွဲသူ Kak Lehaa မှ မျှဝေထားတဲ့ TikTok ဗီဒီယိုတိုတစ်ခုမှာ သတို့သားဟာ လက်ပ်တော့ပ်ဖန်သားပြင်ပေါ်၌ မြင်သာထင်သာရှိတဲ့ ၎င်းရဲ့သတို့သမီးနှင့်အတူ ဧည့်သည်တွေကို ဧည့်ခံနေတာကိုပြသထားပါတယ်။ Video call ခေါ်ဆိုမှုမှာ ၎င်းရဲ့သတို့သမီးဝတ်စုံကိုဝတ်ဆင်ထားသည့် သတို့သမီး Fazliana Sjafni က ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကွာလာလမ်ပူမြို့၌ကျင်းပပြုလုပ်တဲ့ သူမတို့ရဲ့မင်္ဂလာဧည့်ခံပွဲမတိုင်မီ တစ်ရက်အလိုမှာ ကူးစက်ရောဂါ ကူးစက်ခံခဲ့ရကြောင်း မီဒီယာတစ်ခုသို့ ပြောကြားခဲ့ပါတယ်။

.

“ စနေနေ့မနက်မှာ ကျွန်မ positive ဖြစ်မှန်းသိပြီး အိမ်မှာ သီးသန့်ခွဲနေခဲ့ရတယ်၊ ဒီလိုဖြစ်တော့ ကျွန်မလည်း ဝမ်းနည်းတာပေါ့နော် ၊ ဒါမယ့် ဒါက အရှင်မြတ်ရဲ့အလိုတော်နဲ့ ကျွန်မတို့အတွက် ရည်ရွယ်တာလို့ဘဲ ကျွန်မတို့ လက်ခံခဲ့ကြတယ် ” လို့ အသက် 28 နှစ်အရွယ် သတို့သမီးက ဆိုခဲ့ပါတယ်။ ထိုနေ့က မင်္ဂလာဧည့်ခံပွဲဟာ သတို့သားဘက်မှ ရည်ရွယ်တာဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သူမတို့ရဲ့မင်္ဂလာပွဲအခမ်းနားကို တစ်ကြိမ် ကျင်းပပြီးခဲ့ပြီဖြစ်ပါတယ်။ ၎င်းဧည့်ခံပွဲတစ်ခုလုံးကို အစီအစဉ်ဆွဲဖို့ တစ်နှစ်အချိန်ယူခဲ့ရပေမဲ့ Fazliana ဟာ ချစ်လှစွာသောသူမခင်ပွန်းသည်ရဲ့ ကြီးကျယ်ခမ်းနားသောနေ့မှာ သူ့တစ်ယောက်တည်း ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ပိုကြေကွဲခဲ့ရပါတယ်။

ထိုကဲ့သို့ အခြေအနေများရှိနေပေမဲ့လည်း၊ Fazliana က ပြင်ဆင်မှုအားလုံးပြုလုပ်ထားပြီးဖြစ်လို့ ပွဲဆက်လက်ကျင်းပရန် လိုအပ်သလို၊ ၎င်းက သူမရဲ့ကိုယ်ပိုင်ဧည့်ခံပွဲဖြစ်တဲ့အတွက် ပွဲလာဧည့်သည်တိုင်းကို အန္တရာယ်မဖြစ်စေလိုခဲ့ပါဘူး။ ဒါ့ကြောင့် ဧည့်သည်တွေကို စိတ်မပျက်စေရန်အတွက် Fazliana ဟာ သူမရဲ့သတို့သမီးဝတ်စုံကို မိတ်ကပ်အပြည့်ဖြင့်ဝတ်ဆင်ကာ ဗီဒီယို call ခေါ်ဆိုမှု အက်ပ်လီကေးရှင်း Facetime မှတစ်ဆင့် ၎င်းရဲ့ခင်ပွန်းနှင့်အတူ ဧည့်ခံပေးခဲ့ပါတယ်။ “ ကျွန်မ တစ်ကိုယ်ကောင်းဆန်တာမျိုးမဖြစ်ချင်ဘူး၊ အိမ်မှာ quarantine လုပ်ရတော့ ဧည့်သည်တွေကိုလည်း စိတ်မပျက်စေချင်ခဲ့ဘူး၊

အနည်းဆုံးတော့ သူတို့ သတို့သမီးကို တွေ့နိုင်သေးတယ်လေနော် ၊ ကျွန်မတို့ရဲ့အထူးနေ့မှာ အတူမတွဲနိုင်ရင်တောင် ဝမ်းနည်းမနေဖို့ ကျွန်မခင်ပွန်းကတောင် ပြောခဲ့သေးတယ် ” လို့လည်း ပြောကြားခဲ့ပါတယ်။ Fazliana နဲ့ သူမရဲ့ခင်ပွန်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် 12 နှစ်ကြာ သိလာခဲ့ကြတာဖြစ်ပြီး Fazliana က ပွဲမှာ ကိုယ်တိုင်လာရောက်ဧည့်မခံနိုင်ခဲ့ရင်တောင် ၎င်းတို့ရဲ့အထူးနေ့လေးမှာ အရာအားလုံး ချောမွေ့သွားတဲ့အတွက် ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါသေးတယ်။

.

TikTok မှာ ပျံ့နှံ့နေတဲ့ သူမတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ ဗီဒီယိုအပေါ် အဆိုးမြင်တဲ့တုံ့ပြန်ချက်များအတွက် Fazliana က “ ကျွန်မတို့လုပ်ခဲ့တာက အပျော်သဘောနဲ့ အကြောင်းအရာရည်ရွယ်ချက်အတွက်ဆိုပြီး အပျက်သဘောဆောင်တဲ့မှတ်ချက်ကို မတော်တဆဖတ်မိပါတယ်၊ ဒီလို ရိုင်းစိုင်းတဲ့ ယူဆချက်တွေကို မဖြေချင်ပေမဲ့ နောက်ဆုံးမိနစ်လေးမှာ ကျွန်မတို့ရဲ့အစီအစဉ်တွေကို ပြောင်းလဲဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ပါဘူး၊ ဖြစ်ပျက်ခဲ့တာက ကျွန်မတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး၊ အဲဒါက အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်ပါပဲ” လို့သာ ဖြေကြားပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : malaysia

Be the first to comment on "မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုမှာ ကူးစက်ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့လည်း သတို့သားနှင့်အတူ ဗီဒီယို call မှတစ်ဆင့် ဧည့်သည်တွေကို ဆက်လက် ဧည့်ခံပေးခဲ့တဲ့ သတို့သမီး"

Leave a comment

Your email address will not be published.


*