လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံက သူေဌးေတြဟာ အေနာက္တိုင္းပုံစံ မင္းမ်ိဳးမင္းႏြယ္ေတြရဲ႕ က်င့္ဝတ္ေတြကို သင္ယူဖို႔ သူတို႔ရဲ႕ သားသမီးေတြကို ေငြေၾကးသန္းေပၚမ်ားစြာ သုံးျဖဳန္းၿပီး သင္ယူခိုင္းပါတယ္ ။ တ႐ုတ္ႏိုင္ငံရဲ႕ အထက္တန္းလႊာမ်ားက သူတို႔ရဲ႕ သားသမီးမ်ားကို ကေလး မင္းမ်ိဳးမင္းႏြယ္မ်ားအျဖစ္ ေျပာင္းလဲရန္ ဆႏၵရွိေနၾကပါတယ္ ။ အဆိုပါအတန္းအတြက္ တစ္ရက္လွ်င္ ယြမ္ ၃၈၀၀( ေဒါင္ ၁၃ သန္း) နဲ႔ ညီမွ်ပါတယ္ ။
ကြၽမ္းက်င္သူက အဆိုပါ ကေလးမ်ားကို မင္းသား သို႔မဟုတ္ မင္းသမီးေလးနဲ႔ စားေသာက္ရန္ နန္းေတာ္သို႔ ဖိတ္ေခၚခံရတဲ့ အေျခအေနကို တင္ျပေပးခဲ့ပါတယ္ ။ ေနာက္ၿပီး မင္းသားေတြကို အထင္ႀကီးေစဖို႔ မိန္းကေလးေတြဟာ သူတို႔ရဲ႕အသြင္အျပင္၊ လွပတဲ့မိတ္ကပ္နဲ႔ လွပတဲ့ဝတ္စုံေတြကို ျပင္ဆင္ရပါတယ္ ။ ထို႔အျပင္ ဇိမ္က်က်နဲ႔ အယဥ္ေက်းဆုံးေသာ စိတ္ေနသေဘာထားကို ဘယ္လိုေဖာ္ျပရမယ္စတဲ့ နည္းေတြကိုလည္း သင္ၾကားေပးခဲ့ပါတယ္ ။
ဒီကေလးေတြကို လမ္းေလွ်ာက္တာအစ မတ္တပ္ရပ္တာ၊ စားပြဲမွာထိုင္တာ သပ္သပ္ရပ္ရပ္နဲ႔ လုပ္ဖို႔ သင္ယူရပါတယ္ ။ ထို႔အျပင္ ခ်မ္းသာသူမ်ားက CEO ျဖစ္ရန္ သင္ယူျခင္းကဲ့သို႔ေသာ အျခားလူမႈေရးဆိုင္ရာ ကြၽမ္းက်င္မႈသင္တန္းမ်ားကို သားသမီးမ်ား သင္ယူႏိုင္ေစရန္အတြက္လည္း ေငြေၾကးသုံးစြဲၾကပါေသးတယ္ ။
.
.
.
.
.
.
JRose (Mckzone daily)
Reference : bestie
Unicode
လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက သူဌေးတွေဟာ အနောက်တိုင်းပုံစံ မင်းမျိုးမင်းနွယ်တွေရဲ့ ကျင့်ဝတ်တွေကို သင်ယူဖို့ သူတို့ရဲ့ သားသမီးတွေကို ငွေကြေးသန်းပေါ်များစွာ သုံးဖြုန်းပြီး သင်ယူခိုင်းပါတယ် ။ တရုတ်နိုင်ငံရဲ့ အထက်တန်းလွှာများက သူတို့ရဲ့ သားသမီးများကို ကလေး မင်းမျိုးမင်းနွယ်များအဖြစ် ပြောင်းလဲရန် ဆန္ဒရှိနေကြပါတယ် ။ အဆိုပါအတန်းအတွက် တစ်ရက်လျှင် ယွမ် ၃၈၀၀( ဒေါင် ၁၃ သန်း) နဲ့ ညီမျှပါတယ် ။
ကျွမ်းကျင်သူက အဆိုပါ ကလေးများကို မင်းသား သို့မဟုတ် မင်းသမီးလေးနဲ့ စားသောက်ရန် နန်းတော်သို့ ဖိတ်ခေါ်ခံရတဲ့ အခြေအနေကို တင်ပြပေးခဲ့ပါတယ် ။ နောက်ပြီး မင်းသားတွေကို အထင်ကြီးစေဖို့ မိန်းကလေးတွေဟာ သူတို့ရဲ့အသွင်အပြင်၊ လှပတဲ့မိတ်ကပ်နဲ့ လှပတဲ့ဝတ်စုံတွေကို ပြင်ဆင်ရပါတယ် ။ ထို့အပြင် ဇိမ်ကျကျနဲ့ အယဉ်ကျေးဆုံးသော စိတ်နေသဘောထားကို ဘယ်လိုဖော်ပြရမယ်စတဲ့ နည်းတွေကိုလည်း သင်ကြားပေးခဲ့ပါတယ် ။
ဒီကလေးတွေကို လမ်းလျှောက်တာအစ မတ်တပ်ရပ်တာ၊ စားပွဲမှာထိုင်တာ သပ်သပ်ရပ်ရပ်နဲ့ လုပ်ဖို့ သင်ယူရပါတယ် ။ ထို့အပြင် ချမ်းသာသူများက CEO ဖြစ်ရန် သင်ယူခြင်းကဲ့သို့သော အခြားလူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို သားသမီးများ သင်ယူနိုင်စေရန်အတွက်လည်း ငွေကြေးသုံးစွဲကြပါသေးတယ် ။
JRose (Mckzone daily)
Be the first to comment on "သားသမီးေတြကို မင္းမ်ိဳးမင္းႏြယ္ေတြရဲ႕ က်င့္ဝတ္မ်ားေလ့လာဖို႔ တစ္ေန႔ကို ေဒၚလာသန္းေပါင္းမ်ားစြာ သုံးစြဲခဲ့ၾကတဲ့ သန္းႂကြယ္သူေဌးမ်ား"