မိခင်က အဝါရောင်အမွေးရှိပေမဲ့ ရှားရှားပါးပါး စိမ်းရောင်အမွေးဖြင့် မွေးဖွားလာခဲ့တဲ့ ခွေးပေါက်လေး



.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

ခွေးတွေရဲ့က အမွေးက အရောင်အမျိုးမျိုးရှိပေမဲ့ အစိမ်းရောင်အမွေးများကိုတော့ မမြင်ဖူးကြဘူးထင်ပါတယ် ။ ဒါကို သခင်ဖြစ်သူတောင်မှ အံ့သြပြီး သူ့အဝါရောင်ခွေးကလေးက ဘာကြောင့် အစိမ်းရောင်ခွေးကလေးကို မွေးတာလဲ ဆိုတာ ရှင်းပြလို့မရဖြစ်နေပါတယ် ။ Trevor မိသားစုမှ သူတို့ရဲ့ ခွေးလေး Freya ဟာ ချစ်စရာကောင်းတဲ့ ခွေးပေါက်လေး ၇ ကောင်ကို မွေးဖွားခဲ့ပါတယ် ။ နာရီအနည်းငယ်ကြာပြီးနောက် Freya က နောက်ထပ်ခွေးကလေးတစ်ကောင်ကို မွေးဖွားခဲ့ပြီး အထူးသဖြင့် သူ့ရဲ့သားမွေးများက စိမ်းရောင်ဖြစ်ပြီး အလွန်ထူးဆန်းတဲ့ အမည်းစက်များရှိပါတယ် ။

Trevor စုံတွဲက သတင်းအချက်အလက်ရှာဖွေရန် အွန်လိုင်းသို့သွားခဲ့ပြီး ရလဒ်များအရ ၎င်းဟာ ရှားပါးတဲ့ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ခဲ့ပါတယ် ။ ဒီခွေးလေးဟာ အခုဆို 3 ပတ်လောက်ရှိပြီဖြစ်ပြီး ကျန်းမာရေးပြဿနာမရှိဘဲ ကောင်းကောင်းနေထိုင်ပါတယ် ။ ဒီရောင်စုံခွေးလေးရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ပြီးနောက် အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိခဲ့ပါတယ် ။ လူများစွာကတော့ ဒီသဘာဝစိမ်းရောင်အမွေးကို ပိုင်ဆိုင်ထားတဲ့ ဒီခွေးကို အရမ်းစိတ်ဝင်စားနေကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မိခင်က အဝါရောင်အမွေးရှိပေမဲ့ ရှားရှားပါးပါး စိမ်းရောင်အမွေးဖြင့် မွေးဖွားလာခဲ့တဲ့ ခွေးပေါက်လေး"

Leave a comment

Your email address will not be published.


*