တရုတ်နိုင်ငံမှ ခင်ပွန်းဖြစ်သူ Zhang Mingrong ဟာ လေဖြတ်နေတဲ့ ဇနီးသည်ဖြစ်သူ Kong Yan အား သူ့ရဲ့နောက်ကျောပေါ်ပိုးထမ်းကာ Shandong ပြည်နယ်ရဲ့အမြင့်ဆုံးတောင်ကို တစ်နှစ်လျှင်တစ်ကြိမ် ခြေလျင်ခရီးဖြင့် ၎င်းတို့ရဲ့ကတိကဝတ်များ ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ၎င်းတို့စုံတွဲ စတင်ချိန်းတွေ့တုန်းက Kong ရဲ့ မွေးစားမိသားစုက Zhang ကို ပြင်းပြင်းထန်ထန် သဘောမတူဘဲ ဆင်းရဲနွမ်းပါးတဲ့ Zhang က မသန်စွမ်းမိခင်နဲ့ မွေးချင်းများစွာကို ပြုစုစောင့်ရှောက်နေရတာကြောင့် ၎င်းတို့မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ၎င်းတို့ချစ်သူနှစ်ဦးတို့ရဲ့အချစ်ကို ပြတ်တောက်သွားအောင် မလုပ်နိုင်တာကြောင့် ခိုးပြေးဖို့ဆုံးဖြတ်ခဲ့ကြပြီး Kong ကို ညဘက် အိမ်ကနေ ထွက်ပြေးဖို့ စီစဉ်ခဲ့ကြပါတယ်။
.
ဒါပေမဲ့ Zhang ကိုတွေ့ဖို့ နံရံကို ကျော်တက်ချိန်မှာ Kong က ချော်လဲသွားလို့ ကျောရိုးဒဏ်ရာရစေခဲ့ပြီးနောက် ၎င်းက သူမကို လက်ရှိအနေအထားအတိုင်း ထာဝရ လေဖြတ်သွားစေခဲ့ပါတယ်။ ထို့နောက် Kong က သူမရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို ပံ့ပိုးပေးရန်အတွက် အိမ်စောင့်တစ်ယောက်အပေါ် မှီခိုနေရတာကြောင့် သူမရဲ့မိသားစုက သူမအား ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ရှုမြင်ကာ Zhang ကို စောင့်ရှောက်ခွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။ Zhang ဟာ သူမရဲ့ဘဝတစ်ခုလုံးကိုကယ်တင်ခဲ့ပြီး Kong ရဲ့ကုသမှုများကိုပံ့ပိုးရန်အတွက် အလုပ်များစွာကို လုပ်ဆောင်လာခဲ့ရပါတယ်။ ၎င်းတို့စုံတွဲဟာ 2013 ခုနှစ်မှာ လက်ထပ်ခဲ့ပြီး Kong ဟာ သိပ်မကြာခင်မှာ သားတစ်ယောက်နဲ့ 2018 ခုနှစ်မှာ သမီးတစ်ယောက်တို့ကို မွေးဖွားခဲ့ပါတယ်။
Kong ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက်မှာတော့ Zhang က Kong ဒဏ်ရာမခင်က ပေးခဲ့တဲ့ သူတို့နှစ်ဦးရဲ့ Shandong ပြည်နယ်ရဲ့အမြင့်ဆုံးတောင်ဖြစ်သည့် Taishan တောင်ပေါ်တက်ပြီး နေဝင်ချိန်ကို ကြည့်မဲ့ကတိကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Zhang ရဲ့နောက်ကျောပေါ်က Kong နှင့်အတူ Taishan တောင်ပေါ်သို့တက်ခြင်းဟာ ၎င်းတို့လင်မယားနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရဲ့ခွန်အားကိုပြသရန်နှင့် Kong မသန်မစွမ်းဖြစ်လင့်ကစား အတားအဆီးများကို အတူတကွဖြတ်သန်းကြရမယ်ဆိုတဲ့ ကတိကို သက်သေပြတဲ့ နည်းလမ်းတစ်ခုလိုပါဘဲ။ 2017 ခုနှစ်မှာ Zhang ဟာ ဇနီးဖြစ်သူအား ကျောပိုးကာ Taishan တောင်ပေါ်ကို ၁၂ နာရီကြာ ခြေလျင်တက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
.
၎င်းတို့ရဲ့ ပထမဆုံး တောင်ပေါ်ခရီးကိုပြန်အမှတ်ရရင်း Zhang က “တိမ်တွေနောက်က နေမင်းကြီးရဲ့ တဖြည်းဖြည်းနဲ့ ထွက်လာတဲ့အခိုက်အတန့်က အရမ်းလှပပြီး ထိမိလွန်းတယ်” လို့ မီဒီယာတစ်ခုသို့ ဆိုခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ 2021 ခုနှစ်မှာ Zhang က Taishan တောင်တက်စဉ် ဒဏ်ရာရရှိခဲ့သည်အထိ 2019 ခုနှစ်မှ 2021 ခုနှစ်အထိ ဤဓလေ့ကို ဆက်လက်ထိန်းသိမ်းထားခဲ့ကြပါတယ်။ ထိုစဉ်က Kong ကိုသယ်ဆောင်လာစဉ် Zhang ဟာ တောင်တက်စဉ်နေရင်း ၊
ချော်လဲသွားကာ အူလမ်းကြောင်းပျက်စီးသွားပြီး ၎င်းတို့စုံတွဲရဲ့အစဉ်အလာကို အဆုံးသတ်ခဲ့ရပါတယ်။ ၎င်းနဲ့ပတ်သက်ပြီး Zhang က ” ကျွန်တော်တို့ရဲ့ဒီအစဉ်အလာက အယူသီးမှုတစ်ခု ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒီလိုချော်လဲသွားတာက အဲဒီတောင်ကိုထပ်မတက်ဖို့ ပြောနေသလိုပါဘဲ၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ နှစ်စဉ် အမှတ်အသားဖြစ်တဲ့ Taishan တောင်တက်တာကို ရပ်တန့်လိုက်ရတာပါဘဲ ” လို့လည်း ပြောကြားခဲ့ပါတယ်။ ၁၂ နာရီကြာ ကျောပိုးရင်း တောင်တက်ခဲ့တဲ့ Zhang ရဲ့ခံနိုင်ရည်ကတော့ သူ့ရဲ့ဇနီး Kong အပေါ် ဘယ်လောက်တောင် မြတ်နိုးတန်ဖိုးထားတာကို တွေ့မြင်ခံစား နိုင်ပါတယ်ဗျာ ။
Mia (Mckzone daily)
Reference : nextshark
Be the first to comment on "လေဖြတ်နေတဲ့ဇနီးကို ကျောပိုးပြီး ၁၂ နာရီကြာ တောင်တက်ခြင်းဓလေ့ကို နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လာခဲ့တဲ့ ချစ်တတ်လွန်းတဲ့ ခင်ပွန်း"