ဓာတ်ပုံဆရာ Lindsey Villatoro ဟာ မွေးကင်းစကလေးများ၊ မိသားစုများ၊ ကလေးသူငယ်များနှင့် မင်္ဂလာဆောင်တွေမှာ ဓာတ်ပုံရိုက်ခြင်းကို နှစ်သက်တဲ့ ပွဲဓာတ်ပုံဆရာဖြစ်ပြီး သူမဟာ မိသားစု သို့မဟုတ် သူငယ်ချင်းများ ထာဝစဉ် မြတ်နိုးနိုင်သည့် ချစ်ခြင်းမေတ္တာ အခိုက်အတန့်များကို အဓိကထား ရိုက်ကူးထားတတ်ပါတယ်။ ချစ်ခြင်းမေတ္တာကလည်း ဒီလိုလှပတဲ့အခိုက်အတန့်များမှတဆင့် အမြဲဖော်ပြတတ်ပေမဲ့လည်း တစ်ခါတစ်ရံမှာ အပြင်းထန်ဆုံးသောစိတ်ခံစားမှုတွေက ဆိုးရွားတဲ့အဖြစ်ဆိုးများမှ ထွက်ပေါ်လာတတ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ၎င်းဟာ Emily နဲ့ Richard Staley တို့စုံတွဲအတွက် ဖြစ်လာခဲ့ပါတယ်။ Emily နဲ့ Richard Staley တို့စုံတွဲဟာ “Forever Loved” လို့ခေါ်တဲ့ဝန်ဆောင်မှုများထဲမှ တစ်ခုကြောင့် Lindsey ကို ဆက်သွယ်လာခဲ့ကြပါတယ်။
.
.
ဒီဓာတ်ပုံစီးရီးကို Lindsey မှ ဖန်တီးထားခြင်းဖြစ်ပြီး ၎င်းဟာ အဖြစ်ဆိုးတစ်ခု သို့မဟုတ် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသော ချစ်ရသူရဲ့ လှပတဲ့အမှတ်တရတွေကိုထိန်းသိမ်းထားရန်၊ terminal နာမကျန်းမှု သို့မဟုတ် ကွယ်လွန်သွားသူတစ်ဦးအတွက် ဖန်တီးဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ၎င်းတို့ဇနီးမောင်နှံက Lindsey ကို အထက်ဖော်ပြတဲ့နောက်ဆုံးတစ်ချက်အတွက် ဆက်သွယ်ခဲ့ကြပါတယ်။ Emily နှင့် Richard Staley တို့ဟာ မမွေးဖွားခင်မှာ ကွယ်လွန်သွားခဲ့တဲ့ ၎င်းတို့ရဲ့လှပတဲ့ ကလေးငယ်လေးရဲ့ အမှတ်တရတွေကို ထိန်းသိမ်းထားလိုခဲ့ကြတာကြောင့် ဒီကြေကွဲဖွယ်ဇာတ်လမ်းဟာ မေတ္တာနှင့် ကရုဏာအပြည့်ပါနေခဲ့ပါတယ်။
.
.
Emily နဲ့ Richard Staley တို့ဟာ ၎င်းတို့ရဲ့ လှပတဲ့သမီးလေးဟာ မိခင်သားအိမ်ထဲမှာ လည်ပင်း၌ပတ်ထားတဲ့ ချက်ကြိုးကြောင့် ဆုံးပါးသွားပြီဖြစ်ကြောင်း မွေးရက်မပြည့်မီ 10 ပတ်အလိုမှာ သိရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ Emily နှင့် Richard တို့က ၎င်းတို့သမီးငယ်လေးအား ၎င်းတို့ရဲ့အချစ်ဆုံးအမှတ်တရများနှင့်အတူ ထာဝရသိမ်းဆည်းထားနိုင်စေရန် Lindsey အား ဓာတ်ပုံရိုက်ထားစေလိုခဲ့တာကြောင့် Lindsey ကလည်း လိုအပ်နေတဲ့ဒီမိသားစုအတွက် လိုလိုလားလား ကူညီပေးခဲ့ပါတယ်။ ဆရာဝန်တွေက ကလေးမလေးကို ဗိုက်ခွဲမွေးပေးခဲ့ပြီး ဒီပုံရိပ်တွေက ၎င်းမိသားစုနဲ့ မျက်ရည်တွေဝေနေခဲ့တဲ့ Lindsey ကရိုက်ကူးထားတဲ့ ပုံတွေပါဘဲ။
.
.
.
Emily နှင့် Richard တို့ဟာ ဤကဲ့သို့သောအဖြစ်ဆိုးကို ဖြတ်သန်းနေရတဲ့မိသားစုများအားလုံးအတွက် ဤမျှခက်ခဲသောအချိန်ကာလမှာ ၎င်းတို့တစ်ယောက်တည်းမဟုတ်ကြောင်းသိစေဖို့အတွက် ဤအရာကို မျှဝေလိုခဲ့တာပါ။ Lindsey အတွက် ဒီလိုအခိုက်အတန့်ကိုဖမ်းယူဖို့ မယုံနိုင်လောက်အောင် ခက်ခဲပေမဲ့လည်း ဒီပုံရိပ်များက ပါဝင်သူတိုင်းအတွက် အထောက်အပံ့နှင့်ကုစားခြင်းကိုပေးစွမ်းမယ်ဆိုတာကို သူမ သိနေခဲ့ပါတယ်။ ဒီပုံရိပ်တွေက ထောင်နှင့်ချီတဲ့လူများထံရောက်ရှိနေပြီဆိုပေမဲ့ Lindsey Villatoro ၊ Emily နှင့် Richard Staley တို့ဟာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့အခြားမိသားစုများအတွက် ထောက်ပံ့မှုနှင့်ချစ်ခြင်းမေတ္တာများပေးဆောင်ဖို့ နောက်ထပ်သော လူထောင်ပေါင်းများစွာဆီကိုရောက်ရှိရန်လည်း မျှော်လင့်နေကြပါတယ်။
Mia (Mckzone daily)
Reference : buzznicked
Be the first to comment on "သေဆုံးသွားတဲ့သမီးလေးနှင့်အတူ နောက်ဆုံးအကြိမ်အဖြစ် ဓာတ်ပုံရိုက်ကူးထားခဲ့ကြတဲ့ မိဘနှစ်ပါးတို့ရဲ့ ကြေကွဲဝမ်းနည်းဖွယ်ပုံရိပ်များ"