မတ်လ ၁၆ ရက်နေ့က Los Angeles မှ Atlanta သို့ ပျံသန်းသွားတဲ့ Delta လေကြောင်းလိုင်းမှ Dr. John R. Watret အမည်ရှိအမျိုးသားခရီးသည်တစ်ဦးက လေယာဉ်မှူးများဖြစ်ကြတဲ့ မိခင် နှင့် သမီးတို့နှစ်ဦးရဲ့ဓာတ်ပုံကိုမျှဝေပြီးနောက် ထိုဓာတ်ပုံက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ Wendy Rexon အမည်ရှိအမျိုးသမီး နှင့် ၎င်းရဲ့သမီးဖြစ်သူ Kelly Rexon အမည်ရှိအမျိုးသမီးတို့ဟာ ၎င်းတို့စီးနေသည့် Delta Boeing 757 ရဲ့ လေယာဉ်မှူးများဖြစ်ကြသည်ကိုကြားလိုက်ရတဲ့အခါ နားထဲမှာ မယုံနိုင်ဖြစ်ခဲ့ရပါတယ်လို့ John က ဆိုထားပါတယ်။ နောက်တော့ John က ၎င်းတို့အား လေယာဉ်မှူးခန်းအတွင်း လာရောက်လည်ပတ်နိုင်ရန် လုပ်ဆောင်ပေးပြီး ထို သမီးနှင့်အမေအဖွဲ့ Captain တို့ကို ဓာတ်ပုံရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။
.
John က ၎င်းရဲ့တွစ်တာပေါ်မှာ ” Delta လေကြောင်းလိုင်းမှ ဒီ Captain အမေနဲ့ သမီး Captain ၊ လေယာဉ်အမှုထမ်းများနဲ့ LA ကနေ ATL ကို ပျံသန်းခဲ့ပါတယ်၊ အရမ်းကောင်းပါတယ် ” လို့ရေးသားကာ ထိုဓာတ်ပုံနှင့်အတူတင်လိုက်တဲ့အခါ စိတ်အားထက်သန်တဲ့ မိခင်နှင့်သမီး လေယာဉ်မှူးနှစ်ဦးစလုံးတို့နာမည်ကြီး လူပြောများခဲ့ပါတယ်။ ထို့ပြင် “ ဒါက အမျိုးသမီးငယ်တွေအတွက် လှုံ့ဆော်ပေးစေပါတယ်” လို့လည်း John က ဆက်ပြောထားပါတယ်။ ထိုဓာတ်ပုံနှင့် tweet က အကြိမ်ပေါင်း 18,000 နှင့် like 51,000 ကျော်ရရှိခဲ့ပါတယ်။ ” ဒီတက်ကြွပြီး စိတ်အားထက်သန်တဲ့ လေယာဉ်မှူးသားအမိတို့အပေါ်ကြွေးကြော်သံအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် John ၊ Wendy နှင့် Kelly အတွက်လည်း Delta က အလွန်ဂုဏ်ယူပါတယ်။
.
#KeepClimbing OCH ” လို့ Delta လေကြောင်းလိုင်းကလည်း တွစ်တာမှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။ Embry-Riddle Aeronautical University ရှိ Worldwide Campus ရဲ့အဓိပတိအဖြစ် လုပ်ဆောင်နေတဲ့ John က Embry-Riddle လေကြောင်းလုပ်ငန်းမှာ အမျိုးသမီးများအတွက် အခွင့်အလမ်းများ ဖန်တီးပေးမည်လို့ကတိပြုထားတာကြောင့် ၎င်းတို့လေယာဉ်မှူးသားအမိနှစ်ဦးက သူ့အတွက် များစွာ အဓိပ္ပာယ်ရှိစေကြောင်းနှင့် “ စက်မှုလုပ်ငန်းမှာ ပိုပြီးတော့ ကွဲပြားမှုရှိရမယ်၊ ဒါဟာ အရေးကြီးပြီး ကျွန်တော်တို့ အာရုံစိုက်နေတဲ့ အဓိက အချက်တွေထဲက တစ်ခုပါ၊ အခွင့်အရေးတွေ ပိုရလာတဲ့အခါ လူတိုင်းက အောင်နိုင်ကြပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
.
Embry-Riddle newsroom အဆိုအရ 2017 ခုနှစ်မှာ U.S. Federal Aviation Administration မှ အမျိုးသမီးများ လေယာဉ်မှူးများဖြစ်ရန် 7 ရာခိုင်နှုန်းသာရှိတယ်လို့ အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ Rexon မိသားစုဟာ မျိုးရိုးစဉ်ဆက်လိုက် လေယာဉ်မှူးဖြစ်ခဲ့တဲ့မိသားစုတစ်စုဘဲဖြစ်ကြပါတယ်။ Kelly ရဲ့ညီမနှင့် Wendy ရဲ့ခင်ပွန်း Michael တို့ကလည်း လေယာဉ်မှူးများဖြစ်ကြပြီး Wendy ရဲ့ဖခင် Bill က Northwest Airlines အတွက် လေယာဉ်မှူးဟောင်းတစ်ဦးဘဲဖြစ်ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "လေယာဉ်တစ်စီးတည်းရဲ့ တွဲဖက်အဖြစ် မောင်းနှင်ပြီး ဓာတ်ပုံတစ်ပုံကြောင့် လူအများ အားကျနေကြတဲ့ လေယာဉ်မှူးသားအမိနှစ်ဦး"