လူသားတစ်ဦးကဲ့သို့ ကြီးမားတဲ့ အရွယ်အစားကြောင့် အင်တာနက်ပေါ်က လူတွေကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ ဧရာမယုန်ကြီးတစ်ကောင်




JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက Muhamad Ibnu Nurmana ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အွန်လိုင်းအသိုင်းအဝန်းကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ ပုံများကို တင်ခဲ့ပါတယ် ။ အတိအကျပြောရရင် အဲဒီအမျိုးသားဟာ သူ့စိတ်ကြိုက် အိမ်မွေးတိရစ္ဆာန်နဲ့ သူ့ပုံတွေကို မျှဝေခဲ့ပါတယ် ။ ပို့စ်တင်ပြီးနောက်မှာတော့ ဒီပုံတွေဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ဆွေးနွေးမှုတစ်ခုဖြစ်လာခဲ့ပြီး လျှင်မြန်စွာပျံ့နှံ့ခဲ့ပါတယ် ။ အကြောင်းရင်းကတော့ ဓာတ်ပုံထဲမှာ ပါတဲ့သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်က မီးခိုးရောင် အမွေးနက်တွေနဲ့ ဧရာမ ယုန်တစ်ကောင်ဖြစ်ပါတယ် ။

ဒီဧရာမ ယုန်ဟာ အရွယ်ရောက်ပြီး ဂျာမန်ယုန် ဖြစ်သောကြောင့် လူကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ် ရှိပါတယ် ။ သူ့ရဲ့ ကြီးမားလှတဲ့ နားရွက်နဲ့ ခြေလက်တွေကို ကြည့်လိုက်တော့ ပရိသတ်တော်တော်များများက “သားပိုက်ကောင်မဟုတ်လား” လို့တောင် ပြောဆိုခဲ့ပါတယ် ။ ၎င်းက အင်ဒိုနီးရှားမှာ အကြီးဆုံး ဂျာမန်ယုန်မျိုးဖြစ်ပြီး အရွယ်မရောက်သေးတဲ့အခါ အဆိုပါအိမ်မွေးယုန်ရဲ့ အရွယ်အစားက သေးငယ်ပါတယ် ။

ဂျာမန်ယုန်များက အစားအသောက်အတွက် ဇီဇာမကြောင်တက်ဘဲ မုန်လာဥနီ အစေ့အဆန်များ နဲ့ အခြားဟင်းသီးဟင်းရွက်များစွာကို စားပါတယ် ။ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ အစားကြီးပါတယ် ။ ယုန်အကြီးကြီးက အလွန်အကျွံစားသော်လည်း အလေးချိန်အရ၊ ၎င်းဟာ သာမန်ယုန်တစ်ကောင်အတွက် ပျမ်းမျှအားဖြင့်သာ ရှိတယ်လို့ အချို့လယ်သမားများက ယုံကြည်ကြပါတယ် ။ အဆိုပါဧရာမဂျာမနီယုန်မျိုးစိတ်ကိုလည်း နိုင်ငံအများအပြားရှိ လူအများအပြားက မွေးမြူကြပြီး အလွန်တန်ဖိုးမြင့်မားလွန်းပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လူသားတစ်ဦးကဲ့သို့ ကြီးမားတဲ့ အရွယ်အစားကြောင့် အင်တာနက်ပေါ်က လူတွေကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ ဧရာမယုန်ကြီးတစ်ကောင်"

Leave a comment

Your email address will not be published.


*