ဖောက်သည်မှာ ကင်ဆာရောဂါရှိမှန်းသိလိုက်ရပြီးနောက် သူမရဲ့မျက်စိရှေ့မှာတင် ၎င်းရဲ့ဆံပင်အားလုံးကို ရိတ်ပစ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာတစ်ဦး

ကင်ဆာရောဂါရှိနေခြင်းက လက်ခံခံစားရသူအဖို့ စိတ်ခံစားမှုများကိုဖြစ်စေပါတယ်။ ဒီလိုအချိန်ကာလတွေကိုကျော်ဖြတ်နိုင်ဖို့ သူတို့ကိုကူညီပေးနိုင်တဲ့နည်းလမ်းနှစ်ခုက ကျွန်တော်တို့ရဲ့ပံ့ပိုးမှုကို ပြသပြီး သူတို့ တစ်ယောက်တည်း မဟုတ်ကြောင်းကို အခိုင်အမာပြောနေဖို့ဘဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Chonburi မြို့ရှိ Tripple Barber မှ ထိုင်းဆံပင်ညှပ်ဆရာတစ်ဦးဟာ ၎င်းရဲ့ဖောက်သည်တစ်ဦးမှာ ကင်ဆာရောဂါရှိမှန်းသိပြီးနောက် ၎င်းရဲ့ဖောက်သည်အား အားပေးဖေးမကူညီပေးခဲ့ပါတယ်။ ထိုဗီဒီယိုကို 2022 ခုနှစ် မတ်လ 3 ရက်နေ့မှာ @tistongdo ဆိုတဲ့ TikTok အကောင့်က တင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ထိုဆံပင်ညှပ်ဆရာက ၎င်းရဲ့ဆံပင်ကိုကိုယ်တိုင်ရိတ်နေစဉ် ထိုအမျိုးသမီးဖောက်သည်က ထိုင်ခုံမှာထိုင်နေတာကို မြင်တွေ့နိုင်ပါတယ်။

.

အစပိုင်းမှာ ဆံပင်ညှပ်ဆရာက ၎င်းရဲ့ဆံပင်ကိုမရိတ်ခင်မှာ ဖောက်သည်အမျိုးသမီးက သူမမှာ ကင်ဆာရောဂါရှိနေတဲ့အကြောင်းကို ပြောပြနေခဲ့ပါတယ်။ ထို့နောက် ဆံပင်ညှပ်ဆရာက သူမ ဘာတွေလုပ်နေလဲဆိုတာကို လေ့လာပြီးနောက် သူမအား စိတ်ပိုင်းဆိုင်ရာခွန်အားပေးစွမ်းနိုင်ဖို့အတွက် သူမရဲ့မျက်စိရှေ့မှာ ၎င်းရဲ့ဆံပင်အားလုံးကိုရိတ်ပစ်လိုက်ဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့တာပါ။ ဆံပင်ညှပ်ဆရာရဲ့ ရုတ်တရက်ဆန်လွန်းတဲ့ ၎င်းလုပ်ရပ်အမူအရာကိုမြင်လိုက်ရတဲ့အခါ ဖောက်သည်အမျိုးသမီးရဲ့မျက်လုံးတွေထဲမှာလည်း မျက်ရည်များဝဲလာခဲ့ပါတော့တယ်။ ဆံပင်ညှပ်ဆရာရဲ့၎င်းလုပ်ရပ်က အင်တာနက်သုံးစွဲသူအများအပြားကို ပဲ့တင်ထပ်သွားခဲ့ပုံရတာကြောင့် ၎င်း TikTok ဗီဒီယိုဟာ ကြည့်ရှူသူအကြိမ်ရေ 9.3 သန်းကျော်နှင့် Like 1.4 သန်း ကျော်ရရှိခဲ့ပါတယ်။

.

ဗီဒီယိုဖိုင်ကို လွှင့်တင်ပြီးနောက်မှာလည်း အင်တာနက်အသုံးပြုသူအများအပြားက ဆံသဆရာအား ထောက်ခံကြောင်းနှင့် ၎င်းရဲ့ခွန်အားပေးပြသမှုအတွက် ချီးကျူးခဲ့ကြပါတယ်။ ထိုအရာက တစ်စုံတစ်ဦးအား အပြုသဘောဆောင်တဲ့စထတ်ဓာတ်အားပေးမှုပေးပို့ရန် အလွန်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်လို့လည်း အင်တာနက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါသေးတယ်။

.

အဆိုပါဆံသဆရာက သရုပ်ပြပုံကောင်းကို နမူနာပြခဲ့ရုံသာမက ထိုစိတ်ဓာတ်အားပေးမှုလုပ်ရပ်များက ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေသူများအား ကူညီရာမှာ ကြီးမားတဲ့စွမ်းအားရှိကြောင်းကိုလည်း ကျွန်တော်တို့အား ပြသခဲ့သလို အဆိုပါအမျိုးသမီးလည်း မကြာမီ ၎င်းခက်ခဲတဲ့အခြေအနေမှ ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်မိပါတယ်ဗျာ။

Mia (Mckzone daily)

Reference : thesmartlocal

Be the first to comment on "ဖောက်သည်မှာ ကင်ဆာရောဂါရှိမှန်းသိလိုက်ရပြီးနောက် သူမရဲ့မျက်စိရှေ့မှာတင် ၎င်းရဲ့ဆံပင်အားလုံးကို ရိတ်ပစ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာတစ်ဦး"

Leave a comment

Your email address will not be published.


*