ဟင်းသီးဟင်းရွက်တွေကို မနက်ခင်း ဈေးထဲသွားရောင်းပြီး နာမကျန်းဖြစ်သူအဘွားနဲ့ မွေးချင်းတွေကိုပါ ပြုစုစောင့်ရှောက်နေတဲ့ ၁၀ နှစ်အရွယ် ကျောင်းသား

ဆင်းရဲနွမ်းပါးတဲ့မိသားစုကနေပေါက်ဖွားလာတဲ့ ကလေးများဟာ အများအားဖြင့် အစောကြီး အရွယ်ရောက်တတ်ကြပါတယ်။ တရုတ်နိုင်ငံ Guizhou ပြည်နယ် Zuny မြို့မှာနေထိုင်တဲ့ Tintin လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ ဒီပြောဆိုချက်က အမှန်ဖြစ်ကြောင်း သက်သေပြတဲ့ ဥပမာတစ်ခုပါပဲ။ Tintin ရဲ့မိဘများက မြို့ထဲမှာ အလုပ်လုပ်ကြပြီး သူဟာ အိမ်မှာ အဘွားနှင့် အတူနေပါတယ်။ အဘွားဖြစ်သူ အသက်ကြီးလို့ နာမကျန်းဖြစ်နေတာကြောင့် ဆယ်နှစ်အရွယ် Tintin ဟာ သူ့အဘွားကို ပြုစုစောင့်ရှောက်ရန် တာဝန်ကို ထမ်းဆောင်လာခဲ့ရပါတယ်။ ဒါ့ပြင် Tintin မှာ ညီလေးနဲ့ ညီမလေးတို့ မွေးချင်းနှစ်ယောက်ရှိပါသေးတယ်။ အဲဒါကို လုပ်ရမှာက အကြီးဆုံးသားရဲ့ တာဝန်ဖြစ်တယ်လို့ ယူဆတဲ့အတွက် သူတို့ကို ပြုစုစောင့်ရှောက်ဖို့ သူ့ကိုယ်သူ ခံယူထားပါတယ်။ Tintin ဟာ သူ့မိသားစုအတွက် အပိုဝင်ငွေရှာရန် တောထွက်ဟင်းသီးဟင်းရွက်များကို ဈေးထဲသွားရောင်းဖို့ တောင်ကုန်းပေါ်သို့ မကြာခဏသွားလေ့ရှိပါတယ်။

.

ဒီနေ့ မှာ Tintin ဟာ တောရိုင်းဟင်းသီးဟင်းရွက်တွေကို သေတ္တာကြီးကိုဖြည့်ဖို့ လုံလောက်တဲ့အထိ ခူးဆွတ်ခဲ့ပါတယ်။ သူဟာ ကျောင်းမတက်ခင်မှာ ဈေးထဲသွားရောင်းလေ့ရှိပြီး အိမ်ရှင်မတွေနဲ့ အဖွားတော်တော်များများက သူ့ဟင်းရွက်နွေကို ဈေးမေးတဲ့အခ့တိုင်း Tintin က ဈေးနှုန်းကို ဝမ်းသာအားရဖော်ရွေစွာနဲ့ ပြောပြတတ်ပါသေးတယ်။ ပထမတော့ Tintin က ကျောင်းဆင်းမှ ဈေးရှေ့ထောင့်တစ်နေရာမှာ ရောင်းဖို့လုပ်ခဲ့ပေမယ့်လည်း သူ့လုပ်ငန်းက မကောင်းတဲ့အတွက် မနက်ခင်း ထရောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူဟာ ဟင်းသီး ဟင်းရွက်တွေရောင်းကုန်တာနဲ့ ကျောင်းကို တန်းတန်းမတ်မတ်သွားတတ်ပါတယ်။ အစပိုင်းမှာ Tintin က သူ့အသီးအရွက်တွေက ဘယ်သူ့ကိုမှ မဆွဲဆောင်နိုင်တော့မှာကိုကြောက်ပြီး စိုးရိမ်နေခဲ့ပါတယ်။

.

ဒါပေမဲ့လည်း နောက်ပိုင်း ဈေးရောင်းတာနဲ့ ယဉ်ပါးလာတာနဲ့အမျှ Tintin ဟာ တဖြည်းဖြည်း သွက်လက်လာခဲ့ပါတယ်။ အသီးအရွက်များကို ချိန်ဆရန် တုတ်တံကို အသုံးပြုပြီး Tintin ဟာ ဂရုတစိုက်နှင့် စေ့စေ့စပ်စပ် ချိန်ဆရပေမဲ့လည်း ရောင်းဝယ်မှုမှာ အသစ်ဖြစ်တာကြောင့် ၎င်းကို အသုံးပြုရာမှာတော့ မကျွမ်းကျင်သေးပါဘူး။ ဒါပေမဲ့လည်း အိမ်ရှင်မများကတော့ စိတ်အားထက်သန်တဲ့ Tintin လေး အသီးအရွက်တွေကိုချိန်ဆနိုင်ဖို့ စိတ်ရှည်စွာ စောင့်ဆိုင်းပြီး ပေးချေကြပါတယ်။

.

Tintin ဟာ သူ့မိသားစုရဲ့ဝင်ငွေကို ကူညီလိုစိတ်ဖြင့် လုံ့လဝီရိယရှိသော ယောက်ျားလေးဖြစ်သည့်အတွက် အိမ်ရှင်မများကလည်း သူ့ကို အထူးသလည် ချီးကျူးကြပါသေးတယ်။ မိသားစုအတွက် အပိုဝင်ငွေရှာပေးတဲ့ Tintin လေးက တစ်နေကုန် ဗီဒီယိုကစားတတ်တဲ့အခြားကလေးတွေထက် အရှေ့သို့ များစွာကျော်လွန်နေပြီဖြစ်သလို Tintin ဟာ မိဘများရဲ့ကြင်နာမှုကို ခံရတဲ့ကလေးအများစုနဲ့ယှဉ်ရင် အလွန်ရင့်ကျက်တဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်လို့ Tintin ကို အတော်လေး လေးစားချီးကျူးမိပါတယ်ဗျာ ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ဟင်းသီးဟင်းရွက်တွေကို မနက်ခင်း ဈေးထဲသွားရောင်းပြီး နာမကျန်းဖြစ်သူအဘွားနဲ့ မွေးချင်းတွေကိုပါ ပြုစုစောင့်ရှောက်နေတဲ့ ၁၀ နှစ်အရွယ် ကျောင်းသား"

Leave a comment

Your email address will not be published.


*