ဌက်တစ်ကောင်က ၎င်းရဲ့ရေခဲမုန့်ပေါ် ချီးပါချလိုက်တာကိုမသိလိုက်ဘဲ အပီအပြင်လျက်စားရင်း ကမ်းခြေအကြောင်းရှင်းပြနေခဲ့တဲ့ မိန်းကလေးရဲ့အဖြစ် (ရုပ်သံ)



Mia (Mckzone daily)

Reference : buzznicked

Unicode

နွေးထွေးသော အပြာရောင် သမုဒ္ဒရာများ နှင့် လှပတဲ့ သဲသောင်ပြင်များမှာ ရှိနေရခြင်းက လူတိုင်းအတွက် ကောင်းကင်ဘုံမှာ အနားယူရခြင်းနှင့် အတူတူပါဘဲ။ ဒါ့ပြင် ကမ်းခြေရှိ နေပူတဲ့နေ့ရက်တွေမှာ ရေခဲမုန့်ကတော့ သင် အလိုချင်ဆုံးအရာနဲ့ ကွယ်တိအကျဆုံးပါဘဲ။ ဒါပေမဲ့ ကောင်းကင်ဘုံလို ခံစားချက်အပြင် အလိုအပ်ဆုံးအရာကို စားနေတဲ့ ဒီဗီဒီယိုထဲရှိ မိန်းကလေးတစ်ဦးကတော့ သူမထံ လုံးဝ စက်ဆုပ်ရွံရှာဖွယ် အဖြစ်အပျက်တစ်ခု မဖြစ်ပေါ်လာမချင်း သူမရဲ့အိပ်မက်ကြီးလို ကမ်းခြေမှာ ပျော်ရွှင်ကျေနပ်နေခဲ့ပုံရပါတယ်။

ဗီဒီယိုထဲမှာ ထိုမိန်းကလေးတစ်ယောက်က ကမ်းခြေရှိ သစ်ပင်တစ်ပင်အောက်မှာ ရပ်နေပြီး ဖခင်ဖြစ်သူရဲ့ကင်မရာရှေ့မှာ သူမတို့ ကမ်းခြေမှာ ဘာလာလုပ်ပြီး ဘယ်ကိုသွားမဲ့အကြောင်းကို ပြောပြနေခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါမိန်းကလေးဟာ ကမ်းခြေအကြောင်းရှင်းပြနေရင်း ဌက်ချီးတင်နေတဲ့ရေခဲမုန့်ကို တစ်လုပ်လောက်လျက်စားလိုက်ပြီးသွားတဲ့အထိ သူမရဲ့ရေခဲမုန့်ပေါ် ငှက်တစ်ကောင် ချီးပါချလိုက်တာကို သူမ သတိမထားမိခဲ့ပါဘူး။ ဒီတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ကြုံလာရချိန်မှာ ဖခင်ဖြစ်သူအတွက် ဗီဒီယိုရိုက်ပေးနေရင်း ရေခဲမုန့်စားနေတဲ့ သူမရဲ့ ရယ်စရာဗီဒီယိုဖိုင်အတိုလေးကို ကြည့်ရှုသွားခဲ့ကြပါအုံး။

Mia (Mckzone daily)

Be the first to comment on "ဌက်တစ်ကောင်က ၎င်းရဲ့ရေခဲမုန့်ပေါ် ချီးပါချလိုက်တာကိုမသိလိုက်ဘဲ အပီအပြင်လျက်စားရင်း ကမ်းခြေအကြောင်းရှင်းပြနေခဲ့တဲ့ မိန်းကလေးရဲ့အဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*