Dora Wei အမည်ရှိအမျိုးသမီးတစ်ဦးဟာ စွန်ပစ်ခံရတဲ့ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဆက်စပ်မှုရှိပေမဲ့လည်း တောဝက်ငယ်လေးတစ်ကောင်က သူမ ဘဝထဲဝင်ရောက်လာလိမ့်မယ်လို့ ဘယ်သောအခါမှ မထင်ထားခဲ့ပါဘူး။ Wei ဟာ မနက်ခင်းတစ်ခု၌ သူမရဲ့အိမ်ဥယျာဉ်ရှေ့မှာလာစွန့်ပစ်ထားတဲ့တောဝက်လေးက မွေးကင်းစဝက်ပေါက်လေးတစ်ကောင်ဖြစ်နေတာကြောင့် သူမ သိသိသာသာ ကြောက်ရွံ့ထိတ်လန့်ကာ စိတ်ရှုပ်ထွေးနေခဲ့ရပါတယ်။
.
“ တောဝက်တွေကို ဘယ်လိုပြုစုရမလဲဆိုတာ မေးကြည့်တော့ သူတို့က ငယ်ငယ်လေးဆိုမွေးရခက်ပြီး သူတို့ရဲ့မိခင်မရှိရင် အမြဲသေဆုံးသွားတတ်ကြတယ်လို့ပြောကြပေမယ့် အဲ့တောဝက်လေးကို ကျွန်မတို့ကူညီဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်၊ ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းက သူ့ကို တစ်နာရီကြာ တစ်ခါ အစာကျွေးဖို့ အွန်လိုင်းမှာ ဖတ်ပြီးနောက် ဧည့်ခန်းထဲမှာ အလှည့်ကျ အိပ်စောင့်ခဲ့ကြတယ်၊ သူမ အိမ်မှာ လေးပတ်ကျော်နေလာပြီးနောက်မှာ သူမက နိုးလာတိုင်း နေ့တိုင်းလိုလို တအီအီနဲ့အော်နေတတ်တယ်၊ တောဝက်လေးလိုအပ်တဲ့ စောင့်ရှောက်မှုအားလုံးကို ဖြည့်ဆည်းပေးခြင်းက ကျွန်မတို့ဇနီးမောင်နှံအတွက် ကလေးထိန်းပေးနေရတာနဲ့ အတူတူပါဘဲ “ လို့လည်း Wei က ပြောကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ Wei တို့က သူမရဲ့မွေးချင်းညီအစ်ကိုတွေဖြစ်လာမဲ့ ချစ်စရာကောင်းတဲ့ခွေးလေးကောင်ပါရှိတဲ့ ကျန်တဲ့မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးခဲ့ကြပါတယ်။
.
အစကတည်းကပင် ၎င်းတို့ကြားက ကွာဟမှုမရှိခဲ့သလို ထိုခွေးလေးကောင်ကလည်း တောဝက်လေးကို ခြွင်းချက်မရှိ ချစ်တတ်ကြောင်း ပြသခဲ့ကြပါတယ်။ Yezhu လို့အမည်ပေးလိုက်တဲ့ထိုတောဝက်လေးက ခွေးပေါက်လေးများထဲမှ အထူးသဖြင့် Labrador မျိုးစိတ်ခွေးလေးတစ်ကောင်နှင့် ခိုင်မာတဲ့တွယ်တာမှုရှိလာပြီး ၎င်းရဲ့နောက်လိုက်ကာ အတူတူအိပ်စက်ခြင်းကိုနှစ်သက်ပါတယ်။ Yezhu က ထိုခွေးပေါက်လေးတွေနဲ့ အချိန်များစွာ ကုန်ဆုံးလာခဲ့တာကြောင့် ၎င်းတို့ရဲ့အပြုအမူကို မကြာခဏ အတုယူတတ်ပါသေးတယ်။ ချစ်စရာကောင်းတဲ့ဒီတောဝက်လေးဟာ သူ့မွေးချင်းခွေးများနဲ့ ကစားရတာကိုနှစ်သက်ပြီး ၎င်းတို့ရဲ့အစားအစာတွေကိုခိုးစားရတာကို နှစ်သက်ပါတယ်။
.
.
အသက်ကြီးလာသည်နှင့်အမျှ Yezhu က မျက်လုံးတစ်ဖက်တည်းသာ မြင်နိုင်တာကို Wei သိလိုက်ရပြီးနောက် သူမရဲ့သဘာဝပတ်ဝန်းကျင်မှာ သူမကို ပိုမိုထိခိုက်နစ်နာစေတဲ့အတွက် ၎င်းတို့ဇနီးမောင်နှံက ဥယျာဉ်ထဲမှာ Yezhu ရဲ့ကိုယ်ပိုင်အိမ်ကို ဆောက်လုပ်ပေးခဲ့ကြသလို Yezhu ကိုလည်း အိမ်မွေးတိရိစ္ဆာန်အဖြစ် လိုလေသေးမရှိအောင် ထားပေးခဲ့ကြပါတယ်။ Yezhu အတွက် အထူးသဖြင့် တစ်ရေးတမောအိပ်ချိန်က သူမရဲ့အထူးအာရုံစူးစိုက်မှုဗဟိုချက်ဖြစ်ပြီး နိုးနေတဲ့အချိန်မှာဆို သူမရဲ့လူသားသခင်တွေနဲ့ခွေး မိသားစုတို့နဲ့အတူ အချိန်ဖြုန်းရတာကို နှစ်သက်ပါတယ်။
Mia (Mckzone daily)
Reference : dailyphew
Be the first to comment on "ကြင်နာတတ်တဲ့အမျိုးသမီးကြောင့် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို ဇိမ်ရှိရှိနဲ့ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေရတဲ့ တောဝက်တစ်ကောင် (ရုပ်သံ)"