မိဘရဲ့အကြံဥာဏ်ဖြင့် ပထမအကြိမ် Blind date လုပ်ခဲ့ပေမဲ့ ကောင်မလေးက အစားကြီးလို့ ဘာမှမပြောတော့ဘဲ ဒီတိုင်းထိုင်ကြည့်နေလိုက်တဲ့ လူငယ်လေး




JRose (Mckzone daily)

Reference : khaosod

Unicode

တရုတ်အမျိုးသားတစ်ဦးဟာ စားသောက်ဆိုင်သို့သွားကြောင်း တရုတ်သတင်းဌာနတစ်ခုမှာ ဖော်ပြခဲ့ပါတယ် ။ မိသားစုရဲ့အကြံဉာဏ်ဖြင့် ကောင်မလေးတစ်ယောက် Blind date လုပ်ခဲ့ပါတယ် ။ သူတို့နှစ်ယောက်ကို မိဘတွေက စုံတွဲတစ်တွဲဖြစ်ခြင်းနဲ့ လက်ထပ်ခြင်းအဆင့်အထိ ဆက်ဆံရေးတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Blind date လုပ်ပေးပြီး ကောင်လေးက စကားပင်မပြောဖြစ်ခဲ့ဘဲ၊ ထိုနေ့မှာကတည်းက အဆုံးသတ်သွားပုံရပါတယ် ။

စားသောက်ဆိုင်ကို ကောင်မလေးရောက်လာပြီးနောက်မှာ စကားတစ်ခွန်းမှ မပြောရပဲ ချက်ခြင်းပင် ကောင်မလေးက သူမရှေ့က အစားအသောက်တွေကိုသာ စားပြီး နာမည်တောင် မမေးလိုက်ရပါဘူး ။ ကောင်လေးထပ်ပြီး ထိတ်လန့်သွားတာက သူ မမျှော်လင့်ထားတဲ့ အရာကို လုပ်ခဲ့ပါတယ် ။ သူမက ထမင်းကို ကြေမွအောင်စားပြီး နောက်ထပ် ထမင်း ၆ ပန်းကန် ဆက်တိုက်တောင်းကာ ထိုကောင်လေးက ခေါင်းလှည့်ကာ ဘာစကားမှမပြောဘဲ နေလိုက်ပါတယ် ။

သတင်းကို မျှဝေထားသောကြောင့် အင်တာနက်အသုံးပြုသူများက မှတ်ချက်များစွာပေးခဲ့ကြပါတယ် ။ အင်တာနက်အသုံးပြုသူအချို့ကတော့ ဒါဟာ တကယ့်အလေ့အထတစ်ခုဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ် ။ အင်တာနက်အသုံးပြုသူအချို့ကတော့ သူမရဲ့ အပြုအမူတွေက ရိုသေပုံမပေါ်သလို ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်တဲ့ အရိပ်အယောင်တွေ မပြတာကြောင့် လက်တွဲဖော်အဖြစ်မရွေးသင့်ဘူးလို့ ဆိုကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မိဘရဲ့အကြံဥာဏ်ဖြင့် ပထမအကြိမ် Blind date လုပ်ခဲ့ပေမဲ့ ကောင်မလေးက အစားကြီးလို့ ဘာမှမပြောတော့ဘဲ ဒီတိုင်းထိုင်ကြည့်နေလိုက်တဲ့ လူငယ်လေး"

Leave a comment

Your email address will not be published.


*