ကမာၻေပၚမွာ အလြန္ရွားပါးတဲ့ အျပာေရာင္ပုဇြန္‌တစ္ေကာင္ကို ေတြ႕ရွိခဲ့တဲ့ ပင္လယ္စာ supermarket ဝန္ထမ္းမ်ား

ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းစီးတီးရွိ ပင္လယ္စာစူပါမားကတ္တစ္ခုမွ ကေနဒါႏိုင္ငံကေန ပုစြန္ ၂ တန္ေက်ာ္ကို တင္သြင္းခဲ့ေၾကာင္း Dan Viet သတင္းစာက ေဖာ္ျပခဲ့ပါတယ္ ။ ယခုမွာ အလြန္ထူးျခားတဲ့ အျပာေရာင္ပုဇြန္တစ္ေကာင္ပါရွိခဲ့ပါတယ္ ။ စူပါမားကတ္ရဲ႕ ကိုယ္စားလွယ္ျဖစ္သူ Kieu Tuan Vu က ပုစြန္ဟာ အေလးခ်ိန္ 4 ကီလိုဂရမ္နီးပါးရွိၿပီး အရွည္ 48 စင္တီမီတာရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။

“ကြၽန္ေတာ္သိသေလာက္ေတာ့ ပုဇြန္အေကာင္ေရ သန္း ၂၀၀ မွာ ဒီးတစ္ေကာင္ဘဲ ေက်ာက္စိမ္းစိမ္းေရာင္ရွိၿပီး ဒီအေရာင္ရွိတဲ့ ပုစြန္မ်ိဳးကေတာ့ ဗီယက္နမ္မွာ ပထမဆုံး ျမင္ဖူးတာပါ။ အရမ္းကံေကာင္းတဲ့သူေတြက ဒီပုဇြန္ကို ပိုင္ဆိုင္ခြင့္ရမွာပါ” လို႔ Vu က ဆိုပါတယ္ ။ အဖိုးတန္ပုဇြန္တစ္ေကာင္ရွိခဲ့တဲ့ေန႔မွစၿပီး စူပါမားကတ္က ႐ုတ္တရက္ ေဖာက္သည္မ်ား စည္ကားလာပါတယ္ ။ ေဖာက္သည္မ်ားစြာက အထူးတိရစာၦန္ကို ၎တို႔ရဲ႕မ်က္စိျဖင့္ ျမင္လာၾကတာပါ ။

တခ်ိဳ႕က အရမ္းစိတ္လႈပ္ရွားေနတာေၾကာင့္ ပုဇြန္ျပာကို ျပန္ဝယ္ဖို႔ VND သန္း 50 ကမ္းလွမ္းခဲ့ေပမဲ့ ဆိုင္ရွင္ကေတာ့ လုံးဝ မေရာင္းခဲ့ပါဘူး ။ ဒီပုစြန္အေၾကာင္းေျပာရရင္ အေတြ႕အႀကဳံရွိ တံငါသည္မ်ားရဲ႕ အဆိုအရ ေက်ာက္စိမ္းပုဇြန္က အလြန္ရွားပါးရျခင္း အေၾကာင္းရင္းမွာ ၎ရဲ႕အေရာင္မွာ အလြန္ထင္ရွားၿပီး ဖုံးကြယ္ရန္ ခက္ခဲေသာေၾကာင့္ျဖစ္ၿပီး အျခားေသာ သားရဲမ်ားကို ရွာေဖြေတြ႕ရွိႏိုင္ျခင္းေၾကာင့္ ျဖစ္ပါတယ္ ။

JRose (Mckzone daily)

Reference : yan

Unicode

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးရှိ ပင်လယ်စာစူပါမားကတ်တစ်ခုမှ ကနေဒါနိုင်ငံကနေ ပုစွန် ၂ တန်ကျော်ကို တင်သွင်းခဲ့ကြောင်း Dan Viet သတင်းစာက ဖော်ပြခဲ့ပါတယ် ။ ယခုမှာ အလွန်ထူးခြားတဲ့ အပြာရောင်ပုဇွန်တစ်ကောင်ပါရှိခဲ့ပါတယ် ။ စူပါမားကတ်ရဲ့ ကိုယ်စားလှယ်ဖြစ်သူ Kieu Tuan Vu က ပုစွန်ဟာ အလေးချိန် 4 ကီလိုဂရမ်နီးပါးရှိပြီး အရှည် 48 စင်တီမီတာရှိကြောင်း ပြောကြားခဲ့ပါတယ် ။

“ကျွန်တော်သိသလောက်တော့ ပုဇွန်အကောင်ရေ သန်း ၂၀၀ မှာ ဒီးတစ်ကောင်ဘဲ ကျောက်စိမ်းစိမ်းရောင်ရှိပြီး ဒီအရောင်ရှိတဲ့ ပုစွန်မျိုးကတော့ ဗီယက်နမ်မှာ ပထမဆုံး မြင်ဖူးတာပါ။ အရမ်းကံကောင်းတဲ့သူတွေက ဒီပုဇွန်ကို ပိုင်ဆိုင်ခွင့်ရမှာပါ” လို့ Vu က ဆိုပါတယ် ။ အဖိုးတန်ပုဇွန်တစ်ကောင်ရှိခဲ့တဲ့နေ့မှစပြီး စူပါမားကတ်က ရုတ်တရက် ဖောက်သည်များ စည်ကားလာပါတယ် ။ ဖောက်သည်များစွာက အထူးတိရစ္ဆာန်ကို ၎င်းတို့ရဲ့မျက်စိဖြင့် မြင်လာကြတာပါ ။

တချို့က အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ပုဇွန်ပြာကို ပြန်ဝယ်ဖို့ VND သန်း 50 ကမ်းလှမ်းခဲ့ပေမဲ့ ဆိုင်ရှင်ကတော့ လုံးဝ မရောင်းခဲ့ပါဘူး ။ ဒီပုစွန်အကြောင်းပြောရရင် အတွေ့အကြုံရှိ တံငါသည်များရဲ့ အဆိုအရ ကျောက်စိမ်းပုဇွန်က အလွန်ရှားပါးရခြင်း အကြောင်းရင်းမှာ ၎င်းရဲ့အရောင်မှာ အလွန်ထင်ရှားပြီး ဖုံးကွယ်ရန် ခက်ခဲသောကြောင့်ဖြစ်ပြီး အခြားသော သားရဲများကို ရှာဖွေတွေ့ရှိနိုင်ခြင်းကြောင့် ဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကမာၻေပၚမွာ အလြန္ရွားပါးတဲ့ အျပာေရာင္ပုဇြန္‌တစ္ေကာင္ကို ေတြ႕ရွိခဲ့တဲ့ ပင္လယ္စာ supermarket ဝန္ထမ္းမ်ား"

Leave a comment

Your email address will not be published.


*