မကြာသေးမီက ဆင်တစ်အုပ်လုံးမှ စွန့်ပစ်ပြီး ကယ်ဆယ်ခံခဲ့ရတဲ့ albino ဆင်တစ်ကောင်ရဲ့ သနားဖွယ်ရာသတင်းက လူများစွာကို ထိမိစေခဲ့ပါတယ် ။ သုတေသနအချက်အလက်များအရ အဆိုပါဆင်က Khanyisa လို့ အမည်ပေးထားပြီး သူ့မှာ ရှားပါး albino ရောဂါရှိသောကြောင့် အရေပြားက လိမ္မော်ရောင်ဖျော့ဖျော့ဖြစ်ပြီး အခြားဆင်များနဲ့ မတူပါဘူး ။ ယခင်က မုဆိုးများရဲ့ ပိတ်မိမှုကြောင့် ဆင်ငယ်ဟာ လေးလသားအရွယ်မှာ တစ်အုပ်လုံး စွန့်ပစ်ခံခဲ့ရပါတယ် ။
.
နောက်ပိုင်းမှာ Kruger အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူများက ဆင်ကို ဒဏ်ရာပြင်းထန်စွာရရှိပြီး တစ်ဦးတည်း မုဆိုးရဲ့ထောင်ချောက်အတွင်း ပိတ်မိနေတာကို တွေ့ရှိခဲ့ရပါတယ် ။ ဒါကိုမြင်တော့ သနားစရာကောင်းတဲ့ ဆင်တစ်ကောင်ကို ကယ်တင်ခဲ့ပြီး Khanyisa ဆင်လေးကို ပြန်လည်ကျန်းမာလာဖို့အတွက် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးဌာနကို ခေါ်ဆောင်သွားပြီး ပြန်လည်နေရာချထားဖို့အတွက် တောင်အာဖရိကနိုင်ငံ Limpopo ပြည်နယ်ရှိ HERD ဆင်မိဘမဲ့ဂေဟာကို ပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့ပါတယ် ။
.
ရှာတွေ့ပြီးနောက် ပထမနှစ်ပတ်အတွင်း Khanyisa ရဲ့ ဒဏ်ရာများကို ဆေးဘက်ဆိုင်ရာဝန်ထမ်းများက စိတ်ပါလက်ပါ ကုသပေးခဲ့ပါတယ် ။ HERD မှ ဝန်ထမ်းတစ်ဦးက Khanyisa ဆင်လေးဟာ အဲ့ဒီနေရာကို ရောက်ရှိလာကတည်းက ရေကစားခြင်းကို နှစ်သက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ် ။ ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီးနောက်၊ albino ဆင်ဟာ အခြားဆင်မျိုးရိုးတစ်ခုရှိခဲ့ပြီး ဝိုင်းပြီး ချစ်ခင်ခဲ့ပါတယ် ။
.
လူများသာမက တိရစ္ဆာန်များမှညလည်း albinism ရောဂါ ခံရနိုင်ပါတယ် ။ Albinism က ရောင်ခြယ် melanin ရဲ့ biosynthesis ချို့ယွင်းမှုကြောင့် ဆံပင်၊ အရေပြားနဲ့ မျက်လုံးတို့မှာ ရောင်ခြယ်ပစ္စည်း ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မွေးရာပါ လက္ခဏာတစ်ခုဖြစ်ပါတယ် ။ ခရမ်းလွန်ရောင်ခြည်ကို အကာအကွယ်ပေးတဲ့ ဆိုးဆေးများ မပါဝင်သောကြောင့်၊ အများအားဖြင့်၊ Albinism ရောဂါရှိတဲ့ တိရစ္ဆာန်များက ၎င်းတို့ရဲ့ ပုံမှန်မဟုတ်သော အသွင်အပြင်ကြောင့် ၎င်းတို့ရဲ့ မိသားစုက စွန့်ပစ်ထားကြပါတယ် ။
JRose (Mckzone daily)
Reference : yan
Be the first to comment on "အရေးပြားကွဲပြားစေတဲ့ ရောဂါတစ်မျိုးကြောင့် ဆင်တစ်အုပ်လုံးမှ ထားခဲ့ခံရပြီး အံ့ဖွယ်ပြန်လည်ရှင်သန်ထမြောက်ခဲ့တဲ့ ဆင်ငယ်လေးတစ်ကောင်"