ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးများရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထူးထူးဆန်းဆန်း လုပ်ဆောင်ချက်ကြောင့် အခက်တွေ့နေတဲ့ အမျိုးသား




JRose (Mckzone daily)

Reference : worldofbuzz

Unicode

ကိုယ်ဝန်ရှိခါစအမျိုးသမီးတွေဟာ တခါတရံမှာ ထူးဆန်းပြီး ချဥ်တဲ့အစားအစာတွေ စားချင်လာရုံသာမက လုပ်ဆောင်ချက်များအထိပါ တိုးလာနိုင်ကြောင်း ယခုဖော်ပြမဲ့ အမျိုးသားက သက်သေပြခဲ့ပါတယ် ။ TikTok အသုံးပြုသူ Areltangguh (@areuarel) ဟာ ကိုယ်ဝန်ရှိခါစ ဇနီးသည်နဲ့ သူရင်ဆိုင်ရတဲ့ အတွေ့အကြုံကို TikTok ဗီဒီယိုမှာ မှတ်တမ်းတင်ခဲ့ပါတယ် ။

ဗီဒီယိုထဲမှာ သူဇနီးဟာ တခြားအမျိုးသမီးတွေနဲ့မတူဘဲ သူ့လက်ချောင်းများကို ကိုက်ရတာ နှစ်သက်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ Arel က သူ့လက်ချောင်းတွေမှာ သွား အမှတ်အသားတွေ ကျန်ရစ်စေတဲ့အထိ သူ့လက်ချောင်းတွေကို အတင်းကိုက်တယ်လို့လဘ်း ထုတ်ဖော်ခဲ့ပါတယ် ။ အခြား TikTok ဗီဒီယိုတစ်ခုမှာ Arel က သူ့ဇနီးသည်က လက်ရှိမှာ ခါးနာဝေဒနာနဲ့ ရင်ဆိုင်နေရပြီး သူ့ရဲ့သားလေးက ကမ္ဘာသို့မွေးဖွားရန် နှစ်လသာကျန်ရှိကြောင်း ဖော်ပြခဲ့ပါတယ် ။

သူ့ဇနီးနဲ့ မမွေးသေးတဲ့ကလေးအတွက် ကြိုးစားသည်းခံဖို့ ရုန်းကန်နေတယ်လို့ သူက ဆက်ပြောပါတယ် ။ Arel နဲ့ သူ့ဇနီးသည်တို့ဟာ မိဘများဖြစ်ရန် အချိန်ရောက်လာပြီး ချောမွေ့စွာ မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပါတယ် ။ Arel ရဲ့ ဇနီးသည်မှာ ဒီလိုထူးဆန်းတဲ့ လက္ခဏာက ကျွန်ုပ်တို့ အံ့သြမိပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးများရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထူးထူးဆန်းဆန်း လုပ်ဆောင်ချက်ကြောင့် အခက်တွေ့နေတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*