မွေးရာပါ ချွတ်ယွင်းချက်ရှိပေမဲ့ ဝမ်းနဲ့လွယ်ထားတဲ့ ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေတဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦး




.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

သားသမီးအပေါ်ထားတဲ့ မိဘတို့ရဲ့ မေတ္တာတရားက ကမ္ဘာမှာ တုနှိုင်းလို့မရတဲ့ အချစ်ပါ ။ မိဘတို့က မပြီးပြည့်စုံနိုင်ပေမယ့် သားသမီးတွေကိုတော့ အကောင်းဆုံးတွေ အမြဲပေးပါတယ် ။ မကြာသေးမီးက ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ယခုနေထိုင်နေတဲ့ Sarah အမည်ရှိ မိန်းကလေးက လက်နှစ်ဖက်လုံးမရှိတဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦးဖြစ်ပါတယ် ။ သူမဟာ မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့်မဟုတ်ဘဲ ဒီအမျိုးသမီးဟာ မွေးကတည်းက ချို့ယွင်းချက်အနေနဲ့ မွေးလာခဲ့တာပါ ။

ဒါပေမဲ့လည်း ကံကြမ္မာကို စွန့်လွှတ်ရန် သို့မဟုတ် အရှုံးပေးရန် ရွေးချယ်မဲ့အစား သူမက သူ့ကိုယ်သူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် နည်းလမ်းကို အမြဲရှာဖွေနေပါတယ် ။ Sarah ဟာ ချက်ပြုတ်ခြင်း နဲ့ မိတ်ကပ် သင်ခန်းစာများဖြင့် စတင်ခဲ့ပြီး ယခုအခါမှာ သူမက အသက် ၄၀ အရွယ်ရှိပြီး ကြင်ဖော်မဲ့မိခင်တစ်ဦးအဖြစ် ကောင်းစွာ ထမ်းဆောင် နေပြီ ဖြစ်ပါတယ် ။ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များရှိသော်လည်း ခြေထောက်များရဲ့ အကူအညီဖြင့် ကလေးများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ဆဲဖြစ်ပါတယ် ။

သာမန်လူများအတွက် ကလေးထိန်းဖို့ ခက်ခဲပေမဲ့ ဒီလို ကိုယ်လက်အင်္ဂါမပြည့်စုံလူတွေအတွက်ဆိုရင် ဘယ်လောက်တောင်ခက်မယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ် ။ ဒါကြောင့် မင်းမှာ ယုံကြည်မှုနဲ့ အချစ်တွေ လုံလုံလောက်လောက် ရှိနေသရွေ့ ဘယ်အရာမှ မဖြစ်နိုင်ဘူးလို့ မမြင်လိုက်ပါနဲ့ ။

JRose (Mckzone daily)

Be the first to comment on "မွေးရာပါ ချွတ်ယွင်းချက်ရှိပေမဲ့ ဝမ်းနဲ့လွယ်ထားတဲ့ ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေတဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦး"

Leave a comment

Your email address will not be published.


*