ဘယ်သူကိုမှ ဂရုမစိုက်နိုင်ဘဲ မြေးဖြစ်သူရဲ့လျှပ်စစ်အရုပ်ကားဖြင့် လမ်းမကြီးပေါ်တက်မောင်းပြီး အလုပ်သွားခဲ့တဲ့ အမျိုးသားတစ်ဦး

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရှုပ်ထွေးနေတဲ့ကားလမ်းပေါ်က တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦး လျှပ်စစ်အရုပ်ကားကို မောင်းနှင်နေသည့် ရယ်မောဖွယ်ရာ ဗီဒီယိုဖိုင်ကြောင့် အင်တာနက်သုံးစွဲသူများက အံ့အားသင့်သွားခဲ့ရပါတယ်။ ၎င်း အရုပ်ကားဟာ အဆိုပါအမျိုးသားရဲ့ ၆ နှစ်အရွယ် မြေးမလေးရဲ့ အရုပ်ကားဖြစ်ကြောင်း သိရပါတယ်။ စောင့်ကြည့်ကင်မရာတွေမှာ ဖမ်းမိထားသည့်အတိုင်း အဆိုပါ Ye ဟုအမည်ရတဲ့ အမျိုးသားကို အခြားယာဉ်မောင်းများနှင့်အတူ လမ်းမကြီးပေါ်မှာ လျှပ်စစ်အရုပ်ကားကို မောင်းနှင်နေတာကို တွေ့မြင်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ Ye ဟာ သူ့ရဲ့အားလပ်ချိန်တွေကို သူ့အိမ်အနီးအနားမှာ လျှပ်စစ်အရုပ်ကားဖြင့် ဆော့ကစားရန် သူ့မြေးမလေးနှင့်အတူ လိုက်ပါလာခဲ့ပေမဲ့ ၊ ရုတ်တရက် သူ့အလုပ်မှ အရေးပေါ်ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက် ဒီရယ်စရာအဖြစ်အပျက်ကလည်း စတင်ဖြစ်ပွါးလာခဲ့ပါတယ်။

.

ထို့နောက် Ye ဟာ အချိန်ပိုအပြောင်းအရွှေ့အတွက် သူ့အလုပ်ကို ချက်ခြင်းသွားရန် လိုအပ်နေခဲ့ပုံရပါတယ်။ ဒါပေမယ့် Ye က သူ့အိမ်ကိုပြန်ပြီး ကားပြန်ယူဖို့ အချိန်သိပ်မရှိမှန်း သိလိုက်တဲ့အခါမှာ ဒီပြသာနာက စလာခဲ့ပါတယ်။ ထို့နောက် Ye ဟာ သူ့မြေးမလေးရဲ့အရုပ်ကားကိုငှားကာ သူ့အလုပ်ခွင်သို့ တလျှောက်လုံး မောင်းလာခဲ့ပါတယ်။ Ye ဟာ ၎င်းရဲ့လုပ်ငန်းခွင်သို့ ရောက်လုနီးနီးအချိန်မှာ သူ့အား အလိုအလျောက် ဂိတ်ပေါက်မှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဗီဒီယိုဖိုင်မှာမြင်ခဲ့ပေမဲ့ ၊ Ye ဟာ အဲဒီအစား အလိုအလျောက် ဂိတ်ဘေးက လူသွားလူလာ လမ်းကြောင်းမှာ မောင်းဝင်သွားခဲ့ရပါတယ်။

.

ပိုရယ်စရာကောင်းတာကတော့ Yeဟာ တစ်ခုခုပြဿာနာတက်သွားတဲ့ လျှပ်စစ်အရုပ်ကားရဲ့ အနေအထားကို လမ်းမကြီးပေါ်မှာ ခဏပြုပြင်ခဲ့ရတာပါဘဲ။ Ye ၏ အဆိုအရ ၎င်းဟာ စိတ်မြန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ဝန်ခံခဲ့ပြီး “ အဲဒီတုန်းက ကျွန်တော် ဘာမှမတွေးတောတော့ဘဲ ဆုံးဖြတ်ချက်ချခဲ့တာဆိုတော့ ကျွန်တော့်အပြုအမူရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စိတ်ထဲမှာလည်း အာရုံမစိုက်မိခဲ့ဘူး ” လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် လမ်းမပေါ်မှာ လျှပ်စစ်အရုပ်ကားကိုမောင်းနှင်ဖို့ဆုံးဖြတ်ချက်က အခြားလမ်းအသုံးပြုသူများအတွက် ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေပိုများနိုင်ကြောင်းလည်း ၎င်းက ဝန်ခံခဲ့ပါတယ်။ အခင်းဖြစ်ပွါးပြီးနောက်မှာ ရှန်ဟိုင်း၏ လမ်းစည်းကမ်း ပုဒ်မ ၇၄ ကို ချိုးဖောက်တာကြောင့် Ye မောင်းနှင်လာသည့် လျှပ်စစ်အရုပ်ကားကို Baoshan ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး ဒဏ်ငွေ ယွမ် ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၅)ကိုလည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ဘယ်သူကိုမှ ဂရုမစိုက်နိုင်ဘဲ မြေးဖြစ်သူရဲ့လျှပ်စစ်အရုပ်ကားဖြင့် လမ်းမကြီးပေါ်တက်မောင်းပြီး အလုပ်သွားခဲ့တဲ့ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*