မွေးဖွားလာတဲ့ ဘဝရဲ့အစမှာကတည်းကပင် ခက်ခဲကြမ်းတမ်းတဲ့ အဓမ္မအလုပ်ကိုစေခိုင်းခံလာခဲ့ရတဲ့ Monkgol အမည်ရှိဆင်တစ်ကောင်ဟာ ဘေးမဲ့သတ္တဝါအဖြစ် ကယ်တင်ခြင်းမခံရခင်မှာ ယခင်က သစ်ခုတ်ကိရိယာတစ်ခုအဖြစ် အတင်းအကြပ်ခိုင်းစေခံခဲ့ရတဲ့ ဆင်တစ်ကောင်ဘဲဖြစ်ပါတယ်။ Monkgol က အလွန်ရက်စက်ကြမ်းကြုတ်တဲ့နေ့ရက်များစွာကို မြင်တွေ့ကြုံဆုံလာခဲ့ရသည့် အသက်အရွယ်ကြီးရင့်တဲ့ ဆင်ကြီးတစ်ကောင်ဖြစ်ပေမဲ့လည်း ကြင်နာသူစန္ဒယားပညာရှင်တစ်ဦးက စန္ဒယားတီး ဖျောဖြေတဲ့အခါ သံစဉ်များဖြင့် ၎င်းရဲ့ငြိမ်သက်မှုကို တွေ့ရှိခဲ့ရပါတယ်။ Paul Barton အမည်ရှိစန္ဒယားအနုပညာရှင်အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံရှိ မြစ်တစ်စင်းရဲ့ကမ်းနံဘေးမှာ စန္ဒယားတီးလေ့ရှိသူတစ်ဦးဖြစ်ပြီး ၊ ရံဖန်ရံခါမှာ သူ့ရဲ့စန္ဒယားဘေးမှာ စိတ်ရှည်စွာ အားပေးဖို့ စောင့်ဆိုင်းနေတဲ့ အမာခံပရိသတ်ဖြစ်တဲ့ Monkgol ရောက်လာတဲ့အချိန်တိုင်း Paul က သူ့ရဲ့စန္ဒယားကိုစတင်ပြီး တီးခတ်လေ့ရှိပါတယ်။
.
Monkgol က လည်း Mr. Paul ရဲ့စန္ဒယားသံကိုမတ်တပ်ရပ်ပြီး ငြိမ်သက်စွာ နားထောင်နေတတ်သလို Mr. Paul ရဲ့စန္ဒယားသံ တိတ်ဆိတ်သွားတဲ့အချိန်မှာဆိုရင်တော့ Monkgol က ရေသောက်ရင်း ၎င်းရဲ့နှာမောင်းကို မြစ်ရေထဲလွှဲပြီး တစ်ကောင်တည်း ဆော့ကစားနေတတ်ပါတယ်။ သူ့ဘဝက ဆင်းရဲဒုက္ခကြုံခဲ့ရပေမဲ့လည်း ၊ Monkgol ဟာ ဂီတနှင့် သူ့အတွက် တီးမှုတ်ပေးတဲ့လူသားသူငယ်ချင်းတို့အပေါ် လေးမြတ်မှုရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ တိရိစ္ဆာန်တစ်ကောင်ပါဘဲ။
.
တိရိစ္ဆာန်တစ်ကောင်အပေါ် တေးဂီတနှင့် ကြင်နာမှုရဲ့သက်ရောက်မှုကလည်း မယုံနိုင်လောက်အောင်ပါဘဲ။ Mr. Paul အတွက် Monkgol က သူစန္ဒယားတီးဖော်ဖြေပေးခဲ့တဲ့ တစ်ကောင်တည်းသော ကယ်ဆယ်ရေးဆင် မဟုတ်ပါဘူး။
Mr. Paul ဟာ ဤကဲ့သို့သော ငြိမ်သက်ခြင်းအခိုက်အတန့်တွေကို ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေနဲ့ဖြတ်သန်းခဲ့ဖူးတဲ့ တိရိစ္ဆာန်များထံ ယူဆောင်သွားပေးဖို့အတွက် အချိန်များစွာဖြုန်းနေခဲ့သူတစ်ဦးဘဲဖြစ်ပါတယ်။
Mia (Mckzone daily)
Reference : fascinating
Be the first to comment on "ကြမ်းတမ်းတဲ့အချိန်ကာလကို ဖြတ်သန်းလာခဲ့ရတဲ့ ကယ်ဆယ်ခြင်းခံ ဆင်အိုကြီးအတွက် စိတ်အေးချမ်းစေတဲ့တေးဂီတဖြင့် နှစ်သိမ့်ပေးခဲ့တဲ့ စန္ဒယားပညာရှင်(ရုပ်သံ)"