ဖုန်းထဲက ကွယ်လွန်သွားတဲ့ချစ်လှစွာသောသခင်ဖြစ်သူရဲ့ ဓာတ်ပုံကိုကြည့်ရင်း ဝမ်းနည်းမျက်ရည်ကျနေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

မကြာသေးမီက ကြောင်တစ်ကောင်ဟာ ကွယ်လွန်သွားတဲ့ပိုင်ရှင်ဖြစ်သူရဲ့ ရုပ်ရှင်ဟောင်းကိုကြည့်ကာ ထိုပုံကို ပွေ့ဖက်ရန် ကြိုးပမ်းနေသကဲ့သို့ ဖြည်းညှင်းစွာလှဲလျောင်းကာ ကြည့်ရှုသူများထံမှ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို လှုံ့ဆော်ပေးသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းဗီဒီယိုဟာ ချက်ချင်းကြည့်ရှုသူ သန်းနှင့်ချီရှိခဲ့ပြီး အင်တာနက်အသိုင်းအဝန်းမှ လိုက်ခ်နှင့် မျှဝေသူ သောင်းနှင့်ချီရှိခဲ့ပါတယ်။ မိုက်မဲပြီး အေးစက်တဲ့အဆိုပါကြောင်လေးရဲ့ လုပ်ရပ်ကြောင့် သန်းပေါင်းများစွာသော နှလုံးသားများ ရုတ်တရက် အရည်ပျော်သွားကြပြီး ကြောင်များဟာ လူအများယုံကြည်ထားသည့် ကြမ်းတမ်းပြီး ရန်လိုသည့်တိရစ္ဆာန်များထက် ဖော်ရွေပြီး နွေးထွေးသောတိရစ္ဆာန်များဖြစ်ကြောင်းလည်း သက်သေပြခဲ့ပါတယ်။

.

အထူးသဖြင့် ကြောင်တွေက သူတို့ကို ပြုစု ပျိုးထောင်ပေးတဲ့သူကို ချစ်ခင်မြတ်နိုးကြောင်း ဖော်ပြတဲ့အခါ နွေးထွေးပြီး နူးညံ့ပါတယ်။ ထွက်ခွါသွားတဲ့ပိုင်ရှင်ကို လွမ်းဆွတ်နေတာကြောင့် အဆိုပါကြောင်ပိုင်ရှင်ဟာ လူမှုကွန်ရက်တစ်ခုလုံးကို စိတ်လှုပ်ရှားသွားစေခဲ့ပါတယ်။

.

သို့ပေမဲ့လည်း ကြောင်ချစ်မြတ်နိုးသော ပိုင်ရှင်ရဲ့ဗီဒီယိုကြောင့် လူများစွာ ငိုကြွေးနေချိန်မှာ ၎င်းရဲ့နောက်ကွယ်က အမှန်တရားကတော့ လူတိုင်း ငိုရခက် ရယ်ရခက်သွားစေခဲ့ပါတယ်။

.

တကယ်တော့ ၎င်းဗီဲဒီယိုအျံ့နှံ့သွားပြီးနောက်မှာ ကြောင်ပိုင်ရှင်ဟာ Cumhuriyet၊ Hürriyet၊ Mynet၊ Yurt၊ CNN Türk၊ Oda TV၊ Yeni afak နှင့် အခြားသတင်းဆိုက်များစွာထံသို့ ဖုန်းစခရင်ပေါ်တွင် သေဆုံးသွားတဲ့သခင်ဖြစ်သူရဲ့ပုံကိုမြင်ရသည့်အတွက် ၊ ကြောင်လေးဟာ လွမ်းဆွတ်ငိုကြွေးနေတာမဟုတ်ခဲ့ကြောင်း ထပ်မံ အသိပေး ဖော်ပြခဲ့ရပါတယ်။

ကြောင်လေးရဲ့သခင်က အသက်ရှင်နေဆဲဖြစ်ပြီး ၎င်းဖုန်းစခရင်ပေါ်ရှိဓာတ်ပုံက လိပ်တစ်ကောင်ရဲ့ဓာတ်ပုံသာဖြစ်သလို စာမျက်နှာများတွင် ဖော်ပြထားသည့်အတိုင်း သေဆုံးသွားတဲ့ပိုင်ရှင်မဟုတ်ကြောင်း ကြောင်လေးရဲ့သခင်က ပြန်လည် ဖြေရှင်း ပြောကြားခဲ့ရပါတယ်။ ယေဘူယျအားဖြင့်၊ ဒါဟာ ချစ်လှစွာသောကြောင်အတွက် အလွန်ကြည်နူးစရာကောင်းသော အခိုက်အတန့်ဖြစ်ပေမဲ့လည်း ၎င်းမှာ ထွက်ခွါသွားတဲ့သခင်တစ်ယောက်မှ မရှိနေခဲ့ပါဘူး။

Mia (Mckzone daily)

Reference : justbartanews

Be the first to comment on "ဖုန်းထဲက ကွယ်လွန်သွားတဲ့ချစ်လှစွာသောသခင်ဖြစ်သူရဲ့ ဓာတ်ပုံကိုကြည့်ရင်း ဝမ်းနည်းမျက်ရည်ကျနေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*