မင်္ဂလာမဆောင်မီ တစ်ပတ်အလိုမှာ သတို့သမီးဖြစ်သူရဲ့ခွေးလေးဟာ ကျန်းမာရေး မကောင်းနေခဲ့ပါဘူး။ ဒါပေမယ့် ခွေးလေးဟာ မင်္ဂလာဆောင်ပြီးတဲ့အချိန်အထိ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက်မှာထာဝရ မျက်လုံးများမှိတ်သွားခဲ့ရှာပါတယ်။ ဒီခွေးလေး Charlie ရဲ့ဇာတ်လမ်းဟာ လူအများရဲ့မျက်လုံးများကို မျက်ရည်များဝဲစေခဲ့ပြီး ဒီနာမည်ကျော်သစ္စာရှိခြေလေးချောင်းတိရစ္ဆာန်လေးရဲ့အကြောင်းကို လူတိုင်းချစ်မြတ်နိုးတတ်စေရန် အွန်လိုင်းအသိုက်အဝန်းမှ အမြဲ ပြန်လည် မျှဝေပေးလျှက်ရှိပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန် Kelly O’Connell ဟာ သူမအသက် 19 နှစ်အရွယ်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စူပါမားကတ်တစ်ခုရဲ့အပြင်ဘက်မှာ စွန့်ပစ်ခံထားရတဲ့ Charlie ကို တွေ့ဆုံခဲ့ရပြီး ထိုစဉ်က Charlie ဟာ 12 ပတ်အရွယ်သာရှိပါသေးတယ်။
.
သူမဟာ ကျောင်းတက်ပြီး မိဘတွေနဲ့ အတူနေနေသေးပေမယ့်လည်း သူ့ကို အိမ်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ၎င်းတို့ဟာ မြန်မြန်ဆန်ဆန် ခင်မင်ရင်းနှီးလာခဲ့ကြပြီး လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက အတူရှိလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက Kelly ဟာ လွန်ခဲ့သောနှစ်များစွာကတည်းက ချစ်ကြိုက်လာခဲ့တဲ့ James Garvin နှင့်လက်ထပ်ခဲ့ပါတယ်။ ထိုပွဲမှာ Charlie လေးသာမဖျားနာခဲ့ရင် အရာအားလုံး ပြီးပြည့်စုံနေခဲ့ပေမဲ့ မင်္ဂလာပွဲမတိုင်မီ တစ်ပတ်အလိုမှာ Charlie ဟာ ဦးနှောက်အကျိတ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သူ့ရဲ့ကျန်းမာရေးမှာ ဆက်လက်ကျဆင်းနေခဲ့ပါတယ်။ Charlie ဟာ အလွန်အားနည်းကာ တက်ခြင်း (၅)ကြိမ်ရှိခဲ့ပြီး Kelly ကလည်း သူ အသက်မရှင်နိုင်တော့ဘူးလို့တောင် ထင်နေခဲ့ပါတယ်။
.
ဒါပေမယ့် ထူးဆန်းစွာနဲ့ Charlie ဟာ သူမမင်္ဂလာဆောင်တဲ့နေ့မှာ သူမရဲ့မင်္ဂလာပွဲအတွက် ပါရမီဖြည့်ပေးဖို့ ခွေးအသစ်လေးတစ်ကောင်အဖြစ် ပါဝင်တက်ရောက်နိုင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း Charlie ဟာ နာမကျန်းမှုကြောင့် သတို့သမီးနှင့် သတို့သား အခမ်းအနားကျင်းပသည့်နေရာကိုမသွားနိုင်ဘဲ အခန်းထဲမှာ အိပ်နေခဲ့ပါတယ်။ ထို့နောက် သတို့သမီးအရံနှင့် သတို့သမီးအစ်မတို့က Charlie လေးကို ပွဲထဲသယ်ဆောင်လာပြီးနောက် စိတ်ခံစားချက်တွေနဲ့ပြည့်သွားတဲ့ ဧည့်သည်တွေနှင့်အတူ Kelly အား မျက်ရည်ကျသွားစေခဲ့ပါတယ်။ ထိုပွဲရဲ့ မင်္ဂလာဓာတ်ပုံဆရာ Jen Dziuvenis ကလည်း ထိုအချိန်က သူမအတွက် အရမ်းစိတ်ခံစားသွားစေခဲ့ပြီး ၊ Kelly က သူမသိပ်ချစ်တဲ့ Charlie လေးကို “’Charlie ရေ၊ မင်းဒီမှာရှိနေပြီ၊ မင်းလုပ်နိုင်ခဲ့ပြီ ” လို့ပြောခဲ့တာကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။
.
Kelly လက်ထပ်ပြီး တစ်ပတ်အကြာမှာတော့ Charlie ဟာ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့ပါတယ်။ Kelly က Charlie ဟာ သူမဘဝရဲ့ ကြီးကျယ်ခမ်းနားတဲ့နေ့ကြီးအထိ အသက်ရှင်နေခဲ့တဲ့အတွက် သူမ အရမ်းပျော်ရွှင်ပြီး ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့ပြီး Kelly ဟာ သူမတို့ပေါင်းသင်းဆက်ဆံခဲ့သည့် 15 နှစ်တာကာလအတွင်း သူမအတွက် သက်သေပြပေးခဲ့တဲ့ Charlie ရဲ့ချစ်ခြင်းမေတ္တာနှင့် သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် “ ထူးကဲတဲ့အခိုက်အတန့် ” အဖြစ် ခေါ်ဝေါ်ခဲ့ပါတယ်။
Jasmine (Mckzone daily)
Reference : justbartanews
Be the first to comment on "နာမကျန်းဖြစ်နေပေမဲ့ အောင့်အီးတင်းခံထားရင်း သခင်ဖြစ်သူရဲ့မင်္ဂလာပွဲမှာ ပါဝင်ပါရမီဖြည့်ပေးခဲ့ပြီးနောက်မှာ စိတ်အေးစွာနဲ့ ကွယ်လွန်သွားခဲ့ရှာတဲ့ ခွေးလေး"