သင့်ကားကို သတ်မှတ်မျဉ်းများအတွင်းမှာ ပါကင်ထိုးခြင်းက ယာဉ်မောင်းတိုင်း သိထားသင့်သည့် အခြေခံကျွမ်းကျင်မှုတစ်ခု ဖြစ်ပေမဲ့လည်း၊ ၎င်းတို့ကား မှန်ကန်စွာ ပါကင်ထိုးထားခြင်းရှိ၊မရှိကို လုံးဝ ဂရုမစိုက်တဲ့ယာဉ်မောင်းတွေကတော့ ရှိမြဲရှိနေဆဲပါဘဲ။ ဒါဟာ တခြားကားသမားတွေအတွက် အဆင်မပြေမှုတွေ အများကြီးဖြစ်စေပြီး ဒီယာဉ်မောင်းတွေကို လမ်းပေါ်မှာ လုံးဝအရူးတွေလို ဖြစ်စေပါတယ်။ ကံကောင်းစွာပဲ၊ ၎င်းတို့ရဲ့အမှားတွေကို ပြုပြင်ပေးဖို့ ဘယ်တော့မှမမေ့တဲ့ ယာဉ်မောင်းတွေရှိနေပါသေးတယ်။ မလေးရှားယာဉ်မောင်းတစ်ဦးဟာ အဖြောင့်ပါကင်လိုင်းတွေမှာ ကန့်လန့်ဖြတ် ပါကင်ထိုးထားတဲ့ Toyota Camry ကားတစ်စီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
.
တွေ့ရှိသူအဆိုပါအမျိုးသား Sean Thomas က မလေးရှားနိုင်ငံ Petaling Jaya ရှိ Old Town ဈေးအနီးမှာ အဆိုပါကားကို မြင်တွေ့ခဲ့ရကြောင်း Facebook မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။ ထို့နောက် Thomas က အဆိုပါဖြစ်ကလပ်ဆန်လွန်းတဲ့ယာဉ်မောင်းကို ‘သင်ခန်းစာ’ သင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး “ကျနော့်အဖိုးက အသက် 79 နှစ်ရှိပြီ၊ သူဆို အခုထိ ဒီသတ်မှတ်ထားတဲ့မျဉ်းတွေကြားထဲကို ကောင်းကောင်း ကားရပ်နိုင်သေးတယ်၊ မင်းကတော့ ရှက်ပြီး လဲသေဖို့ကောင်းတယ်! ” ဆိုတဲ့မှတ်စုတစ်စောင်ကို ၎င်းရဲ့လေကာမှန်ပေါ်မှာ တင်ထားပေးခဲ့လိုက်ပါတယ်။
.
Sean Thomas က သူဟာ အရှက်အကြီးကြီးကွဲသွားနိုင်မဲ့စာတစ်ခုခုကိုရေးချင်ခဲ့ပေမဲ့ ထိုအချိန်တုန်းက သူဟာ စိတ်ကြည်လင်နေခဲ့တာကြောင့် တော်ယုံဘဲ ရေးဖို့ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသေးတယ်။ Sean Thomas သာ စိတ်မကြည်နေခဲ့ရင်တော့ သူဘာလိုတောင် ကြမ်းလိုက်မလဲဆိုတာ တွေးမိစရာပါဘဲ။
.
ဒါပေမဲ့ သူ့ရဲ့၎င်းပို့စ်ဟာ သူ့ရဲ့ထိမိလွန်းတဲ့ မှတ်ချက်အတွက် ချီးကျူးလက်ခုပ်တီးခဲ့ကြသလို အင်တာနက်သုံးစွဲသူတို့ရဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုများစွာကိုလည်း ရရှိခဲ့ပါတယ်။ စာဖတ်သူတို့ကော အရင်က အခုလို မစာနာတဲ့ ပါကင်သမားတွေကို ကြုံဖူးခဲ့လားဗျာ။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ပေးခဲ့လဲဗျာ ။
Mia (Mckzone daily)
Reference : worldofbuzz
Be the first to comment on "သတ်မှတ်ထားတဲ့မျဉ်းထဲကို ပါကင်မထိုးခဲ့တဲ့ စည်းကမ်းမဲ့ယာဉ်မောင်းအား အိမ်က ၇၉ နှစ်အရွယ်အဘိုးနဲ့နှိုင်းယှဉ်ပြီး စာတစ်စောင်ဖြင့် အပုတ်ချပေးလိုက်တဲ့ အမျိုးသားတစ်ဦး"