ဒီလက်နက်စက်ကွင်းလက်စွပ်များဟာ စကြာဝဠာတစ်ခုလုံးအား သင့်လက်ချောင်းပေါ်တင်ထားသလို ဝတ်ဆင်နိုင်စေပါတယ်။ ‘ပဟေဠိလက်စွပ်’ ဟုလည်းသိကြတဲ့ ဒီ Harem လက်စွပ်များဟာ 2012 ခုနှစ်၌ လက်ဝတ်ရတနာလုပ်ငန်းတွေမှာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာခဲ့ပါသေးတယ်။ ဒီခေတ်မီလက်စွပ်တွေဟာ ခွဲထုတ်နိုင်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်တဲ့ အပြန်အလှန်ချိတ်ဆက်ထားသော စက်ကွင်းများစွာ ပါဝင်ပါတယ်။ ဒီပဟေဠိလက်စွပ်က ဘယ်နေရာကနေ စတင်ပေါ်ပေါက်လာခဲ့တာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အချို့သော သီအိုရီများက ၎င်းဟာ ဂရိနိုင်ငံမှ ဆင်းသက်လာတယ်လို့ ဆိုကြပြီး အချို့ကလည်း ရှေးတရုတ်လူမျိုးများက ၎င်းကို ဖန်တီးခဲ့ကြတယ်လို့ စောဒကတက်ခဲ့ကြပါတယ်။
.
ဒါပေမဲ့ ဘီစီ 190 ဝန်းကျင်ခန့်က ၎င်းနှစ်နိုင်ငံစလုံးဟာ ကောင်းကင်ယံရှိ အရာဝတ္ထုများကို ကိုယ်စားပြုသည့် အမြောက်လက်နက်များဖြင့် တီထွင်ထုတ်လုပ်လာကြတာကြောင့် သီအိုရီ နှစ်ခုလုံးက မှန်ကန်ဖွယ်ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဒီလက်နက်စက်ကွင်းလက်စွပ်များဟာ ကောင်းကင်လောင်ဂျီကျုနှင့် လတ္တီတွဒ်မျဉ်းများကို ကိုယ်စားပြုသည့် စက်ဝိုင်းဘောင်ဘောင်များပါဝင်ပြီး ၎င်းတို့ဟာ နေ သို့မဟုတ် ကမ္ဘာအတွက် စံပြအဖြစ် ဆောင်ရွက်သော ကောင်းကင်ကိုယ်ထည်ရဲ့ ဝင်ရိုးတစ်ခုပေါ်မှာ လှည့်ပတ်နေပါတယ်။ 17 ရာစုမှာ၊ ဒီလက်စွပ်များဟာ နက္ခတ်တာရာများကို မြေပုံဆွဲရန်နှင့် ကောင်းကင်ဘုံကို လေ့လာရန် နက္ခတ္တဗေဒပညာရှင်များအတွက် အခြေခံကိရိယာတစ်ခုဖြစ်လာပါတယ်။
.
၎င်းရဲ့အပလီကေးရှင်းကို ပိုမိုအဆင်ပြေစေရန်အတွက်၊ ဒီကိရိယာများကို နက္ခတ္တဗေဒပညာရှင်များ ဝတ်ဆင်နိုင်တဲ့အဝိုင်းများအဖြစ် အရွယ်အစားချထားခဲ့တာပါဘဲ။ လွန်ခဲ့သည့်နှစ်ပေါင်း 400 က ကျန်ရစ်ခဲ့တဲ့ ဒီလက်နက်စက်ကွင်းလက်စွပ်အချို့ကို ဗြိတိသျှပြတိုက်မှာ ပြသထားပြီး ၎င်းစုစည်းမှုမှာ စက်ဝိုင်းအရေအတွက် နှစ်ခုမှ ရှစ်ခုအထိ ပါဝင်သလို ကောင်းစွာလည်း ထိန်းသိမ်းထားပါတယ်။ အစိတ်အပိုင်းအားလုံးက အရည်အသွေးမြင့်တဲ့အလွိုင်းရွှေဖြင့် ပြုလုပ်ထားတာကြောင့် ၎င်းတို့ဟာ ၎င်းတို့ရဲ့တောက်ပမှုနှင့် ရာစုနှစ်များစွာကြာအောင် ထိန်းသိမ်းထားနိုင်စေပါတယ်။ စုဆောင်းမှုရဲ့ အစိတ်အပိုင်းအချို့ဟာ ရိုးရိုးစက်ဝိုင်းများပါရှိပြီး အချို့အပိုင်းတွေပေါ်မှာတော့ ကမ္ပည်းများနှင့် သင်္ကေတများ ပါရှိနေပါတယ်။
.
ဤရှေးဟောင်းလက်နက်စက်လုံးကွင်းလက်စွပ်များဟာ အလွန်လက်ရာမြောက်ပြီး ၎င်းတို့ကို သင့်အိမ်သို့ ယူဆောင်သွားချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ဤသမိုင်းဝင်ရှာဖွေတွေ့ရှိမှုများကို ရောင်းချရန်မဟုတ်ပါဘူး။ သို့ပေမဲ့ သတင်းကောင်းမှာ၊ လက်ဝတ်ရတနာကုမ္ပဏီတစ်ခုက ခေတ်ပြိုင်လက်နက်စက်ကွင်းများကို ရောင်းချရန် ကမ်းလှမ်းထားပါတယ်။ ၎င်း Brooklyn အခြေစိုက် လက်ဝတ်ရတနာဆိုင် Black Adept ဟာ အဝိုင်းပတ် 3-band နှင့် 4-band armillary sphere rings များကိုရောင်းချနေပြီး မျိုးကွဲနှစ်မျိုးလုံးကို ရွှေဝါရောင်၊ ရွှေဖြူနှင့် ပလက်တီနမ်ပစ္စည်းများဖြင့် ရရှိနိုင်ပါတယ်။
Mia (Mckzone daily)
Reference : awesomeinventions
Be the first to comment on "နက္ခတ္တဗေဒပညာအတွက် အသုံးပြုခဲ့တဲ့ နှစ် ၄၀၀ သက်တမ်းရှိ ခေတ်မီစက်ဝိုင်းလက်စွပ်ကွင်းများ"