ကြောင်တစ်ကောင်ကို ပိုင်ဆိုင်ဖူးတယ်ဆိုရင်တော့ ၎င်းတို့နဲ့ပတ်သက်တဲ့ထူးခြားချက်တစ်ခုခုရှိတယ်ဆိုတာ သင် သိမှာပါ။ တူရကီနိုင်ငံမှ ချစ်စရာကောင်းတဲ့ Tombi အမည်ရှိအိုးမဲ့အိမ်မဲ့နီဝါရောင်ကြောင်တစ်ကောင်ဟာ တတိယတန်း စာသင်ခန်းတစ်ခုသို့ ဝင်ပြီး စူးစမ်းလှည့်လည်ကာ ထိုအတန်းရှိကျောင်းသူကျောင်းသားများနှင့်အတူ နေထိုင်လာရင်း ထိုစာသင်ခန်းကို ၎င်းရဲ့ထာဝရအိမ်အဖြစ် ဆုံးဖြတ်ဖန်တီးခဲ့ပါတယ်။ Özlem Pınar Ivaşcu အမည်ရှိ၎င်းတတိယတန်းအတန်းပိုင်ဆရာမတစ်ဦးက အခန်းရှိကျောင်းသူကျောင်းသားများအားလုံးက Tombi ကို မြင်မြင်ချင်း ချစ်မိသွားခဲ့သလို Tombi ကလည်း ထိုကလေးတွေကို နှစ်သက်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
.
သို့ပေမဲ့ ကျောင်းအုပ်ကြီးက Tombi မှာ ဖြစ်နိုင်ချေရှိတဲ့ကျန်းမာရေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်တယ်လို့ယူဆခဲ့တာကြောင့် Tombi အား ပိုသင့်တော်တဲ့နေရာကို ပြောင်းရွှေ့ရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ” Tombi အတွက် အိမ်တစ်လုံးကို ကျွန်မတို့ရှာတွေ့ခဲ့တယ်၊ သူ အဲဒီမှာ သုံးရက်နေခဲ့ပေမယ့် သူ မပျော်ရွှင်ခဲ့သလို သူ အစာလည်း သိပ်မစားတော့ဘူး၊ ဒါ့ကြောင့် သူ့ကို ကျွန်မ အိမ်ခေါ်ပြန်ခဲ့ပေမယ့်လည်း သူ မပျော်ရွှင်ခဲ့ပြန်ဘူး၊ အဲ့ကိစ္စကြောင့် စာသင်ခန်းထဲက ကလေးတွေကလည်း အသည်းကွဲစိတ်မကောင်းဖြစ်ခဲ့ကြတယ်၊ Tombi က အဲ့စာသင်ခန်းထဲမှာ အမြဲ ငြိမ်သက်စွာ ရှိနေတတ်ပြီး ယခင်က စာအာရုံစိုက်ဖို့ ရုန်းကန်နေရတဲ့ကျောင်းသားအချို့ကိုလည်း ကူညီပေးခဲ့တယ်၊ ဒါမဲ့ ကလေးတွေကလည်း Tombi ထံ သူ့ကိုလွမ်းကြောင်း စာတွေနဲ့ ဓာတ်ပုံတွေ ပေးပို့ခဲ့ကြတယ် ” လို့ Özlem က ပြောကြားခဲ့ပါတယ်။
.
“ ကျွန်မတို့အတန်းထဲကို Tombi စစဝင်လာတုန်းက ကလေးတွေရဲ့အမူအကျင့်တွေ ပြောင်းလဲသွားတာကို ကျွန်မ သတိထားမိခဲ့တယ်၊ Tombi ရှိတော့ ကလေးတွေက ပိုသတိထားပြီး စာသင်ခန်းထဲမှာ ပြေးလွှားကြတာကိုရပ်တန့်လိုက်ကြသလို နောက်နေ့ မနက် ကျောင်းပြန်တက်ဖို့မစောင့်နိုင်တော့ဘူးဆိုတဲ့သူတို့စရဲ့ကားသံတွေကိုလည်း ကြားလာရတယ် “ လို့လည်း ဆရာမက ဆိုခဲ့ပါတယ်။
.
.
Özlem က သဘောထားကြီးစေ့စပ်တဲ့ဆရာမတစ်ဦးဖြစ်တာကြောင့် Tombi လေးအား စာသင်ခန်းရှိကလေးများနှင့်ပြန်ဆုံနိုင်စေရန် သူမရဲ့တာဝန်ကိုလုပ်ဆောင်ဖို့ဆုံးဖြတ်ကာ Tombi ရဲ့ဇာတ်လမ်းကို သူမရဲ့ဆိုရှယ်မီဒီယာပေါ်မှာမျှဝေခဲ့ပြီး မကြာမီ ဒေသတွင်း သတင်းဌာနတစ်ခုသို့ ၎င်းသတင်းရောက်ရှိသွားခဲ့ပါတယ်။ Tombi အကြောင်း လူပြောများလာခဲ့ပြီးနောက်မှာတော့ ကျောင်းအုပ်ကြီးကလည်း Tombi ကို သူပိုင်တဲ့စာသင်ခန်းဆီသို့ ပြန်ခွင့်ပြုပေးခဲ့ပါတယ်။ ထိုအချိန်မှာ စာသင်ခန်းရှိ ကလေးများကလည်း Tombi လေးကိုပြန်မြင်တွေ့ရလို့ အရမ်းပျော်ရွှင်ခဲ့ကြပြီး Tombi လေးလည်း ထိုကလေးများနဲ့ တစ်ဖန် အတူပြန်နေရတော့ မျက်နှာ ရွှင်လန်းပြီး ပျော်ရွှင်နေခဲ့ပါတယ်။
Mia (Mckzone daily)
Reference : pupperish
Be the first to comment on "စာသင်ခန်းတစ်ခုထဲသို့ ဝင်ရောက်စူးစမ်းကာ ၎င်းကို သူ့ရဲ့ထာဝရနေအိမ်အဖြစ် ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တဲ့ အိုးမဲ့အိမ်မဲ့ကြောင်တစ်ကောင်"