Amy Owensby အမည်ရှိမိခင်တစ်ဦးဟာ ကျွန်တော်တို့ရဲ့ဂရုပြုသင့်တဲ့ ကလေးငယ်များကို မလှုပ်ခါသင့်တဲ့အကြောင်းအား တခြားသူများကို သတိပေးဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်က သူမရဲ့ဇာတ်လမ်းကို ဝေမျှခဲ့ပါတယ်။ သူမရဲ့ဇာတ်လမ်းက 2012 ခုနှစ်မှာ စတင်ခဲ့တာပါ။ Amy နှင့် James Davis Jr. အမည်ရှိသူမရဲ့ခင်ပွန်းတို့ဟာ ထိုနှစ်မှာဘဲ ကွာရှင်းခဲ့ကြပြီး ၎င်းတို့ရဲ့ ၈ လသားအရွယ် Cheyenne အမည်ရှိသမီးလေးကတော့ Amy ရဲ့အုပ်ထိန်းမှုအောက်သို့ရောက်သွားခဲ့ပါတယ်။ ထိုအချိန်မှာ James က Cheyenne ဆီသို့ တစ်ပတ်လျှင် တစ်ကြိမ် လာရောက်လည်ပတ်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးတဲ့နေ့တစ်နေ့မှာ ထုံးစံအတိုင်း Amy က ပုံမှန်စနေနေ့မှာ James အား Cheyenne ကို ခေါ်သွားခွင့်ပြုခဲ့ပေမဲ့ နောက်တစ်နာရီခွဲအကြာမှာတော့ ၊ Amy က ရုတ်တရက် James ထံမှ Cheyenne အသက်ရှူမဝတော့ဘူးဆိုတဲ့ဖုန်းအဝင် call ကို လက်ခံရရှိခဲ့ပါတယ်။
.
ထို့နောက် Cheyenne အား ရဟတ်ယာဉ်ဖြင့် Greenville Memorial ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။ “ အဲရဟတ်ယာဉ်ထဲပါလာတဲ့ အသက်မဲ့နေတဲ့ Cheyenne ရဲ့ရုပ်ကို အခုထိ ကျွန်မရဲ့ခေါင်းထဲကနေ ထုတ်မရသေးဘူး” လို့ Amy က ပြန်ပြောပြခဲ့ပါတယ်။ Cheyenne ဟာ ဦးခေါင်းခွံကျိုးကြေသွားခြင်းကြောင့် ဦးနှောက်ရောင်ရမ်းပြီး သွေးများထွက်ကာ သတိလစ်သွားခဲ့ပါတယ်။ အစပိုင်းမှာ James က ဖြစ်ပျက်ခဲ့တာတွေအတွက် သူ့မှာတာဝန်ရှိကြောင်း ဝန်ခံခြင်းမရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ James က ထို့နေ့မှာ Cheyenne အငိုမရပ်တော့ သူ Cheyenne ကို ဒေါသကြီးစွာဖြင့် လှုပ်ရမ်းမိသွားခဲ့ကြောင်းဆိုကာ ၎င်းရဲ့အပြစ်ကို ဝန်ခံလာခဲ့ပါတယ်။
.
သူ့ရဲ့အရှိန်ပြင်းပြင်းလှုပ်ခါမှုကြောင့် သမီးဖြစ်သူ Cheyenne က ပြင်းထန်တဲ့ဦးနှောက်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ၂၀၁၃ ခုနှစ်မှာ James ဟာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထိုအခင်းဖြစ်ပွါးပြီးချင်း ICU သို့တန်းပို့ခံခဲ့ရတာကြောင့် Amy ဟာ တစ်ပတ်အကြာမှ Cheyenne ကို ပြန်ပွေ့ချီထားခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ Cheyenne က ခွဲစိတ်မှုများနှင့် ကုထုံးများစွာကို နှစ်ပေါင်းများစွာကြာအောင် လုပ်ဆောင်ခဲ့ရပါတယ်။ ကံမကောင်းစွာပဲ Cheyenne ရဲ့ဦးနှောက်ဒဏ်ရာက အရမ်းပြင်းထန်ခဲ့တာကြောင့် ဆရာဝန်က Cheyenne ရဲ့ဦးနှောက်တစ်ဝက်ကို ဖယ်ရှားခဲ့ရတာကြောင့်လည်း Cheyenne ရဲ့ခန္ဓာကိုယ် ညာဘက်ခြမ်းက လေဖြတ်သွားခဲ့ပါတယ်။
ထိုကြောက်စရာကောင်းတဲ့အဖြစ်အပျက်အပြီး ၂ နှစ်အကြာအထိ Cheyenne ဟာ လမ်းမလျှောက်နိုင်သေးပါဘူး။ Cheyenne မှာ ဟန်ချက်မညီခြင်းပြဿနာကိုခံစားနေရသည့်အတွက် ခြေထောက်တစ်ဖက်နဲ့သာ သွားလာခဲ့ရပါတယ်။ ” ကျွန်မ Cheyenne အတွက် နေ့စဉ် ရုန်းကန်နေရတယ်၊ Cheyenne က သူ့အရုပ်နဲ့ သူ့ခွက်ကိုတောင် တစ်ခါတည်း အကုန်မကိုင်နိုင်သေးဘူး ” လို့ Amy က ရေးသားခဲ့ပါတယ်။ ဘယ်လိုတွေဘဲဖြစ်နေပါစေ Cheyenne လေးဟာ သန်မာတဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး သူမမျက်နှာက အပြုံးတစ်ခုနဲ့ အရာအားလုံးကို ကိုင်တွယ်စေခဲ့ပါတယ်။
.
လက်ရှိမှာ Cheyenne ဟာ ကျောင်းပြန်တက်ဖို့ စိတ်အားထက်သန်နေတဲ့ ချစ်စရာကောင်းတဲ့ ၁၀ နှစ်ကျော်အရွယ် ကလေးမလေးအဖြစ် ကြီးပြင်းလာခဲ့ပါပြီ။ Cheyenne လေး အခက်အခဲများကြားမှ ပြန်လည်ကောင်းမွန်လာပြီးနောက်မှာ Amy က သူမရဲ့ဇာတ်လမ်းကို လူသိရှင်ကြားမျှဝေရန်နှင့် ” ကလေးတွေကို ဘယ်တော့မှ မလှုပ်ရမ်းပါနဲ့ ” ဆိုတဲ့ အရေးကြီးတဲ့သတိပေးချက်တစ်ခုထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့တာဘဲဖြစ်တဲ့အပြင် “ ဒါ့ကြောင့် သင့်ကလေး အော်ဟစ်ပြီး ငိုနေတဲ့အခါ သူတို့လေးတွေကို ကောင်းစွာ ချော့မော့ဖို့ သတိရပါ ၊ ဒါမှမဟုတ် သူတို့ကိုချထားလိုက်ပြီး ဝေးရာကို ခဏ ထွက်သွားလိုက်ပါ ” လို့ လည်း သူမက အလေးပေးရေးသားထားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "ကလေးငယ်တွေကို မလှုပ်ခါသင့်တဲ့အကြောင်းကို တခြားသူများအား သတိပေးဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်က သူမရဲ့ဇာတ်လမ်းကို မျှဝေခဲ့တဲ့ မိခင်တစ်ဦး"