ကိုယ်အလေးချိန် ၂၂၀ ကီလိုဂရမ်ကနေ 78 ကီလိုဂရမ်အထိ လျှော့ချနိုင်ပြီးနောက် ကိုယ်တွင်းအင်္ဂါချို့ယွင်းမှုကြောင့် ဆေးရုံတက်နေရတဲ့ မိန်းကလေး




JRose (Mckzone daily)

Reference : goodtimes

Unicode

ကိုယ်အလေးချိန်ကျဖို့ဆိုတာ လူတိုင်းအတွက် ရုန်းကန်နေရမှာ သေချာပါတယ် ။ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီးနောက် ကိုယ်အလေးချိန် လျှော့ချနိုင်ခဲ့ပါတယ် ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုအလေ့အထတွေကို အားကိုးပြီး လှပပြီး အံဝင်ခွင်ကျဖြစ်ဖို့ သူမ ဆုံးဖြတ်ထားပါတယ် ။

ကိုယ်အလေးချိန် ၂၂၀ ကီလိုဂရမ်ကနေ ၇၈ ကီလိုဂရမ်ထိ လျှော့ချနိုင်ခဲ့ပြီး သူမအမြဲတမ်း အိပ်မက်မက်ခဲ့တဲ့ လှပတဲ့ ဇနီးချောလေးဖြစ်လာပြီး သူမရဲ့ ဓာတ်ပုံတွေဟာ အင်တာနက်မှာ ရေပန်းစားလာခဲ့ပါတယ် ။ မကြာသေးမီကမှ သူမရဲ့ခင်ပွန်းက ဇနီးဖြစ်သူဟာ ICU မှာ သတိမေ့မြောနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြသထားတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပြီး ပရိသတ်သန်းပေါင်းများစွာကို ထိတ်လန့်စေခဲ့ပါတယ် ။ ၎င်းက အဆိုပါမိန်းကလေးဟာ ကိုယ်တွင်းအင်္ဂါချို့ယွင်းမှုကို ကြုံတွေ့နေရတာပါ ။

ဆရာဝန်တွေက ခင်ပွန်းဖြစ်သူသာ သူမကို ချက်ချင်းဆေးမပို့ဘူးဆိုရင် သူ့အသက်ကို ဆုံးရှုံးသွားနိုင်တယ်လို့ ဆိုပါတယ် ။ အစီရင်ခံစာများနဲ့ သုတေသနပြုချက်များအရ လျင်မြန်စွာ ကိုယ်အလေးချိန်ကျခြင်းဟာ ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုကို ဖြစ်စေတယ်လို့ ဆိုပေမဲ့ ဒီမိန်းကလေးရဲ့ အခြေအနေကတော့ ဘာကြောင့်ဆိုတာ ရှင်းရှင်းလင်းမသိရသေးပါဘူး ။

JRose (Mckzone daily)

Be the first to comment on "ကိုယ်အလေးချိန် ၂၂၀ ကီလိုဂရမ်ကနေ 78 ကီလိုဂရမ်အထိ လျှော့ချနိုင်ပြီးနောက် ကိုယ်တွင်းအင်္ဂါချို့ယွင်းမှုကြောင့် ဆေးရုံတက်နေရတဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*