မကြာသေးမီက မော်လ်ဒိုက်ကမ်းရိုးတန်းရှိ ‘ဆည်းဆာဇုန်’ တွင် အံ့မခန်းသက်တံရောင်ငါးအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာအတွက် အသစ်အဆန်းဖြစ်စေတဲ့ ရောင်စုံမျိုးစိတ်တစ်ခုဖြစ်သည့် ပန်းရောင်နှင်းဆီရောင်ဖုံးအုပ်ထားတဲ့ ၎င်း fairy wrasse ငါးတစ်မျိုးကို သမုဒ္ဒရာမျက်နှာပြင်အောက် ၁၃၁ ပေမှ ၂၂၉ ပေ (မီတာ ၄၀ မှ ၇၀ မီတာ) ကြား အနက်၌ နေထိုင်သွားလာနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ပန်းရောင်နှင်းဆီဖြစ်သည့် Maldives အမျိုးသားပန်းကို ဂုဏ်ပြုသောအားဖြင့် ၎င်းငါးမျိုးစိတ်ကို သိပ္ပံအမည် Cirrhilabrus finifenmaa လို့ခေါ်တွင်စေခဲ့ပါတယ်။ ‘Finifenmaa’ ဟာ ဒေသဆိုင်ရာ Dhivehi ဘာသာစကားဖြင့် ‘နှင်းဆီ’ လို့ အဓိပ္ပာယ်ရပါတယ်။
.
၎င်းဟာ မော်လ်ဒိုက်အဏ္ဏဝါသုတေသနဌာနမှ လေ့လာမှုနှင့် ဇီဝဗေဒပညာရှင် Ahmed Najeeb မှ ပထမဆုံးအကြိမ်ဖော်ပြသည့် ပထမဆုံးငါးမျိုးစိတ်ဘဲဖြစ်ပါတယ်။ အဆိုပါမျိုးစိတ်များကို လွန်ခဲ့သောနှစ်ပေါင်း 30 က စတင်တွေ့ရှိခဲ့ပေမဲ့လည်း Cirrhilabrus rubrisquamis သို့မဟုတ် ကတ္တီပါနီ fairy wrasse လို့သာ ယူဆခဲ့ကြပါတယ်။ ၎င်းဟာ Chagos ကျွန်းစုရှိ Maldives ရဲ့တောင်ဘက် 621 မိုင် (1,000 ကီလိုမီတာ) အကွာရှိတွေ့ရှိခဲ့သည့် အရွယ်မရောက်သေးတဲ့ ငါးတစ်ကောင်မှ ဖော်ထုတ်ခဲ့ခြင်းကြောင့်ဘဲဖြစ်ပါတယ်။ ဒီ Wrasses ငါးများဟာ အကောင်ငယ်များမှ အရွယ်ရောက်ပြီးမှသာ တောက်ပစွာ အရောင်ပြောင်းသွားတဲ့ငါးများဖြစ်ကြောင်း ကယ်လီဖိုးနီးယား သိပ္ပံအကယ်ဒမီမှ ပြတိုက်မှူး Luiz Rocha က ပြောကြားခဲ့ပါတယ်။
.
ငါးမျိုးစိတ်များစွာရဲ့ အရွယ်မရောက်သေးတဲ့အကောင်ငယ်များမှာ အလွန်ဆင်တူပြီး အရွယ်ရောက်ပြီးမှသာ မတူညီတဲ့ထူးခြားသောဝိသေသများရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
.
ဒီငါးမျိုးစိတ်ရဲ့အရွယ်ရောက်ပြီး အထီးတို့မှာ တောက်ပတဲ့ ပန်းခရမ်းခရမ်းရောင်၊ မက်မွန်ရောင်၊ လိမ္မော်ရောင် ၊ ပန်းရောင်နှင့် ခရမ်းနက်ရောင်တို့ ပါဝင်တဲ့ ထူးခြားသောအရောင်များ ပါရှိပါတယ်။ သမုဒ္ဒရာများရဲ့ဆည်းဆာဇုန်ဟာ အနက် ၁၁၅ ပေ (၃၅ မီတာ) နှင့် ၂၃၀ ပေ ( ၇၀ မီတာ) အကြားတွင်ရှိပြီး၊ အချို့သောရေနေသက်ရှိများအတွက် အလင်းရောင်အလုံအလောက်ရှိသည့် ရေဟာ မှောင်မိုက်တဲ့တွင်းနက်ကြီးအဖြစ်သို့မကူးပြောင်းမီမှာ တည်ရှိပါတယ်။
Mia (Mckzone daily)
Reference : dailymail
Be the first to comment on "ငါးချစ်သူများအကြိုက်တွေ့စေမဲ့ ရင်သပ်ရှုမောဖွယ် သက်တံရောင် ငါးမျိုးစိတ်သစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့"