လေယာဉ်တစ်ခုလုံးကို တစ်ယောက်တည်းစီးရတဲ့အပြင် အံ့အားသင့်ဖွယ်ရာ လေယာဉ်မှူးခန်းမှာ ထိုင်ရန် ဖိတ်ကြားခံခဲ့ရတဲ့ မိန်းကလေးတစ်ဦး



JRose (Mckzone daily)

Reference : khaosod

Unicode

လေယာဉ်ပေါ်ရှိ တစ်ဦးတည်းသော ခရီးသည်ဖြစ်ကြောင်းသိပြီးနောက် ခရီးသည်အမျိုးသမီးတစ်ဦးက အံ့သြသွားကြောင်းကို The Sun မှာ ဖော်ပြခဲ့ပါတယ် ။ ထို့အပြင် သူမက အထူးအတွေ့အကြုံသစ်ဖြင့် ပထမတန်းမှာ ထိုင်ရခြင်းက သူမအတွက် ပိုကံကောင်းပါတယ် ။ အသက် 21 နှစ်အရွယ် ဓာတ်ပုံဆရာ Aurora Torres က Roos မှ ခရီးထွက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ နော်ဝေးမှာ Widerøe လေကြောင်းလိုင်းဖြင့် ဒီမိနစ် 50 ကြာလေယာဥ်ပေါ်မှာ သူမဟာ တစ်ခုတည်းသော ခရီးသည်ဆိုတာ သူမ မသိခဲ့ပါဘူး ။ ဗီဒီယိုဖိုင်မှာ Aurora က နားကြပ်တပ်ထားပြီး လေယာဉ်ရှေ့မှာ ထိုင်နေတာကို မြင်တွေ့ရပါတယ် ။

ဒီအဖြစ်ကို မျှဝေပြီးနောက် အင်တာနက်အသုံးပြုသူတွေက သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ် ။ ခရီးသည်တစ်ဦးတည်းသာရှိရင် လေကြောင်းလိုင်းမှ ပျံသန်းမှုကို ဖျက်သိမ်းတယ်လို့ ထင်ထားသောကြောင့်ဖြစ်ပါတယ် ။ “ခရီးသည်တစ်ယောက်နဲ့ ပျံသန်းနေကြတာလား။ ခရီးစဉ်ကို ဖျက်သိမ်းရမယ်လို့ ထင်ပါတယ်” “အံ့မခန်း၊ အတွေ့အကြုံကောင်းတွေ ရခဲ့လို့ ဝမ်းသာပါတယ်” စတဲ့ မှတ်ချက်တွေပေးကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လေယာဉ်တစ်ခုလုံးကို တစ်ယောက်တည်းစီးရတဲ့အပြင် အံ့အားသင့်ဖွယ်ရာ လေယာဉ်မှူးခန်းမှာ ထိုင်ရန် ဖိတ်ကြားခံခဲ့ရတဲ့ မိန်းကလေးတစ်ဦး"

Leave a comment

Your email address will not be published.


*