.
.
.
.
JRose (Mckzone daily)
Reference : bestie
Unicode
ယခုဖော်ပြပေးမဲ့ အသက် ၈နှစ်ကောင်လေးဟာ ငယ်ရွယ်သေးပေမဲ့ သူ့အပေါ်ထားတဲ့ သူ့အမေရဲ့ မေတ္တာကို ဘယ်လောက်တန်ဖိုးထားရမလဲဆိုတာ သိထားပြီးသားဖြစ်ပြီး နေ့တိုင်း သူ့အမေကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ် ။ Minh Long အမည်ရှိ ဒီကလေးဟာ မိခင်ရဲ့အကြွေးကို ဆပ်ပေးရန် ဆိုင်ကယ်တက္ကစီမောင်းပြီး ပိုက်ဆံစုခဲ့ပါတယ် ။ ကောင်လေးဟာ အမေ့ကို အကြွေးကူဆပ်ဖို့ နေ့တိုင်း သူ့ပိုက်ဆံတွေကို ဝက်အရုပ်နဲ့စုဘူးလေးထဲ အမြဲထည့်ပါတယ် ။ Minh Long ရဲ့ဖခင်ကကင်မရာသမားဖြစ်ပြီး မခင်ကတော့ အိမ်ရှင်မဖြစ်ပါတယ် ။
ကောင်လေးက နာမကျန်းမှု၊ ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားရန်စသည်ဖြင့် မမျှော်လင့်ထားတဲ့ ပြဿနာရှိသူများကို ခေါ်ဆောင်ရန် ညဘက် ဗင်ကားကို နေ့စဉ် မောင်းနှင်လာခဲ့ရပါတယ် ။ တစ်မိသားစုလုံး တည်းခိုနေထိုင်ရန် ငှားရမ်းကြသောကြောင့် မိသားစုဘဝ ခက်ခဲလှပါတယ် ။
သူ့အမေကို ဂရုစိုက်ပြီး ချစ်တဲ့စိတ်နဲ့ ကလေးလေး Minh Long က သူ့မိသားစုရဲ့ ခက်ခဲတဲ့အခြေအနေကို အမြဲသိပြီး ပိုက်ဆံတွေကို ဖြုန်းမဲ့အစား ပိုက်ဆံတွေစုပြီး အမေ့ကို အကြွေးကူစပ်ပေးနေတာပါ ။ ကောင်လေး Minh Long ရဲ့ သိတက်မှုတွေက လူများစွာကို ထိမိစေခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "မိခင်ရဲ့အကြွေးတွေကို ကူဆပ်ပေးဖို့ မော်တော်ဆိုင်ကယ် တက္ကစီမောင်းပြီး ရတဲ့ပိုက်ဆံတွေကို စုဆောင်းခဲ့တဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်"